နွားနို့မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ

နွားနို့မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ

ကျန်းမာတယ်ဆိုပြီး တစ်နေ့ကိုတစ်ခွက်လောက်ပုံမှန်သောက်ဖြစ်နေတဲ့ နွားနို့ကို သောက်နေပေမယ့် ဒါတွေရောသိပြီးရဲ့လား Hello ဆရာဝန်ပရိသတ်ကြီးရေ…… ကြိုက်လို့ပဲသောက်သောက်၊ ကျန်းမာအောင်ဆိုပြီးပဲသောက်သောက် နွားနို့သောက်မယ်ဆိုရင် ဒီအချက်လေးတွေတော့ သိထားပေးပါ။

နွားနို့တစ်ခွက်မှာပါတဲ့ အာဟာရတွေကဘာတွေများလဲ
နွားနို့တစ်ခွက်သောက်လိုက်တိုင်းအခုပြောတဲ့ အာဟာရဓာတ်တွေကိုအပြည့်အဝရရှိနေမှာပါ။

•    အဆီဓာတ်
•    ကယ်လ်လိုရီ
•    ကာဗိုဟိုက်ဒရိတ်
•    ပရိုတင်း
•    ကယ်လ်ဆီယမ်
•    ဗီတာမင် ဒီ
•    ဖော့စဖောရပ်စ်
•    ရေဓာတ်
•    မဂ္ဂနီဆီယမ်
•    ပိုတက်ဆီယမ်
•    ဗီတာမင် အေ
•    ဗီတာမင် B2
•    နီကာဆင်တို့ပါဝင်နေပါတယ်။

နွားနို့ကြိုက်သူတိုင်းသိထားသင့်တဲ့ အချက်တွေကဘာတွေများလဲ
နွားနို့ကိုဘယ်အချိန်သောက်တာအကောင်းဆုံးလဲ
မနက်လား၊ နေ့လယ်လား။ ညနေလားဒါမှမဟုတ် ညအိပ်ခါနီးလား။ မနက်ခင်းအစောပိုင်းကလွဲရင် ကျန်တဲ့အချိန်တိုင်းမှာ နွားနို့သောက်လို့ရပါတယ်။
မနက်ခင်းသောက်ရင် ….. အစာကြေခဲပြီး အစာခြေစနစ်ကိုဝန်ပိစေနိုင်ပါတယ်။

နေ့လယ်ခင်းသောက်ရင် ……. ဆီးလမ်းကြောင်းကျောက်တည်တာကိုသက်သာစေပြီးအင်အားပြည့်စေပါတယ်။
ညနေခင်းသောက်ရင်……..မျက်လုံးကျန်းမာစေနိုင်တယ်။
ညအိပ်ခါနီးသောက်ရင်….. ပင်ပန်းတာကိုသက်သာစေတယ်။ ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်။

နွားနို့ကလူတိုင်းနဲ့တည့်လားနွားနို့က ကျန်းမာရေးအတွက်ကောင်းကျိုးများပေမယ့် လူတိုင်းနဲ့မတည့်ပါဘူး။ နို့သကြားဓာတ်မစုပ်ယူနိုင်သူတွေက နွားနို့မသောက်သင့်ပါဘူး။တစ်နေ့ကို နွားနို့တစ်ခွက်ပဲသောက်သင့်တယ်
အသက် ၈ နှစ်အထက်ကလေးတွေကနေစလို့  လူကြီးတွေဟာတစ်နေ့ကို နွားနို့ ၂ ခွက်သောက်သုံးလို့ရသလိုအခြားနို့ထွက်ပစ္စည်းတွေလည်းစားသုံးလို့ရပါတယ်။နွားနို့တိုင်းက ဘေးကင်းတယ်နွားနို့က အာဟာရပြည့်ဝတဲ့အစားအစာတစ်ခုမှန်ပေမယ့် ပြင်ဆင်ထုတ်ပိုးချိန်မှာ ရောဂါပိုးတွေကပ်ညှိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် နွားနို့တိုင်း ဘေးကင်းတယ်၊လို့ မဆိုသာပါဘူး။ နွားနို့သောက်တဲ့အခါ သေချာပိုးသတ်ထားတဲ့ နွားနို့ကို ရွေးချယ်ဖို့လိုပါမယ်။

ကလေးကိုဘယ်အချိန်မှာ နွားနို့တိုက်လို့ရလဲတစ်နှစ်အောက်ကလေးတွေကို နွားနို့မတိုက်သင့်ပေမယ့် တစ်နှစ်ပြည့်ပြီးရင်တော့ နွားနို့တိုက်လို့ရပါပြီ။ တစ်နှစ်ပြည့်ပြီးတဲ့ကလေးတစ်ယောက်ကတစ်နေ့ကို နွားနို့ ၄ ခွက်အထိသောက်လို့ရပါတယ်။နို့ကိုအစိမ်းသောက်လို့လည်းရတယ်နွားနို့ကို သေချာကျက်အောင်ကျိုပြီးသောက်တာက ဘေးအကင်းဆုံးပါ။ ဒါမှ အာဟာရပြည့်ဝပြီး ရောဂါပိုးကင်းတဲ့ နွားနို့တစ်ခွက်ဖြစ်လာမှာပါ။

နွားနို့ဝယ်ရင်သတိထားရမယ့်အရာတွေကထုပ်ပိုးမှုကို သေချာကြည့်ပါ
ထုပ်ပိုးမှုက ဘေးကင်းစိတ်ချရရဲ့လားဆိုတာကို သေချာကြည့်ဖို့လိုပါမယ်။ ထုပ်ပိုးမှုက ပွင့်နေတာ၊ ပေါက်ပြဲနေတာမျိုးဆိုရင် ရောဂါပိုးတွေဝင်နေနိုင်တာကြောင့် မသောက်သင့်ပါဘူး။ကုန်ဆုံးရက်ကိုစစ်ဆေးပါကုန်ဆုံးရက်ကို သေချာစစ်ဆေးပြီးမှဝယ်ယူပါ။ ကုန်ဆုံးရက်အရမ်းနီးနေတာမျိုးကို ဖြစ်နိုင်ရင်မဝယ်ပါနဲ့။ပိုးသတ်ထားလားသေချာစစ်ပါနွာနို့ဝယ်တဲ့အခါ ရောဂါပိုးတွေပါ အဆစ်ပါမလာစေဖို့ သေချာပိုးသတ်ထားတယ်ဆိုတဲ့ နွားနို့မျိုးကိုရွေးချယ်ပါ။သေချာသိမ်းဆည်းပါနွားနို့ကိုတစ်ခါတည်းနဲ့ ကုန်အောင်မသောက်ဖြစ်ဘူးဆိုရင် ဗူးမှာရေးထားတဲ့ သိမ်းဆည်းနည်းကို သေချာဖတ်ပြီးသိမ်းဆည်းပါ။

 ရေခဲသေတ္တာထဲထည့်ရမှာကိုအခန်းအပူချိန်မှာထားရင် အာဟာရပျက်ပြီး ခန္ဓာကိုယ်ကိုဆိုကျိုးဖြစ်လာစေနိုင်ပါတယ်။ဒီအချက်တွေကိုဂရုစိုက်လို့ နွားနို့သောက်တဲ့အခါ ကျန်းမာပြီးအာဟာရပြည့်အောင်ဂရုစိုက်လိုက်ပါ Hello ဆရာဝန်ပရိသတ်ကြီးရေ……………….

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021