နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ချက်သမ္မတနိုင်ငံဝန်ကြီးချုပ် စီးပွားရေးပူးပေါင်းမှုမြှင့်တင်ရေး ဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ချက်သမ္မတနိုင်ငံဝန်ကြီးချုပ် စီးပွားရေးပူးပေါင်းမှုမြှင့်တင်ရေး ဆွေးနွေး

ချက်သမ္မတနိုင်ငံ Prague မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာအန်ဒရီးဘားဘီစ်တို့သည် ဇွန် ၃ ရက်က တွေ့ဆုံ ခဲ့ပြီး နှစ်နိုင်ငံစီးပွားရေးပူးပေါင်းမှုမြှင့်တင်ရေးဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နှစ်နိုင်ငံဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်နှင့် ချက်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာအန်ဒရီးဘားဘီစ်တို့သည် ဝန်ကြီး ချုပ်ရုံးဧည့်ခန်းမတွင် သီးသန့်တွေ့ဆုံခဲ့သည်။ (ယာပုံ) ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့သည် မြန်မာ--ချက် နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဖိတ်ကြားခဲ့

ထိုဆွေးနွေးပွဲတွင် မြန်မာ--ချက်နှစ်နိုင်ငံအကြား သမိုင်းကြောင်း အစဉ်အလာအရ တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ကို အရှိန်အဟုန်မြှင့်တင်သွားရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြားကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုအပါအဝင် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ အကြား တိုက်ရိုက်လေကြောင်းပျံသန်းပြေးဆွဲနိုင်မည့် အလားအလာ များရှာဖွေရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်ရေး၊ ပညာ ရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များအကြား အပြန်အလှန်လည်ပတ်မှု မြှင့်တင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ချက်သမ္မတနိုင်ငံ ဝန်ကြီး ချုပ်အား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်လည်း ဖိတ်ကြား ခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး