ချန်ပီယံလိဂ်ရခဲ့သည့်ကလော့ပ်အား ဂွာဒီယိုလာဖုန်းဆက်ချီးကျူး

ချန်ပီယံလိဂ်ရခဲ့သည့်ကလော့ပ်အား ဂွာဒီယိုလာဖုန်းဆက်ချီးကျူး

၂၀၁၈ - ၁၉ ဥရောပချန်ပီယံလိဂ်ဗိုလ်လု ပွဲကို ဇွန် ၁ ရက်က စပိန်နိုင်ငံမက်ဒရစ်မြို့ တွင် ကစားခဲ့ရာ လီဗာပူးက ပြိုင်ဘက်စပါး ကို ဆာလက်ချ်၊ အိုရီဂီတို့၏ဂိုးများဖြင့် ၂ ဂိုး ပြတ်အနိုင်ရကာ အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဖလား ခြောက်ကြိမ်မြောက်ပိုင် ဆိုင်ခဲ့သည်။

လီဗာပူးသည် ယမန်နှစ်ဗိုလ်လု ပွဲတွင် ရီးရဲလ်မက်ဒရစ်ကို အရှုံးပေးခဲ့ရသော် လည်း ယခုနှစ်တွင် အမှားမခံဘဲ ကစားခဲ့ပြီး ၂ ဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဘောလုံး အသိုင်းအဝိုင်းက ချန်ပီယံလိဂ်ဖလားပြန်လည် ရရှိခဲ့သော လီဗာပူးအသင်းကို ဝိုင်းဝန်းချီးကျူး ခဲ့ကြသည်။ လီဗာပူးနည်းပြ ကလော့ပ်သည် ဗိုလ်လုပွဲများ၌ ရလဒ်ကောင်းလေ့မရှိသော် လည်း ယခုနှစ်တွင် ကျိန်စာချေဖျက်ခဲ့သည်။

ချန်ပီယံလိဂ်ဆုဖလားပိုင်ဆိုင်ခဲ့သော နည်းပြကလော့ပ်အား ပြိုင်ဘက်နည်းပြဂွာဒီယို လာက ဖုန်းဆက်၍ချီးကျူးခဲ့သည်။ နာမည် ကြီးနည်းပြ ဂွာဒီယိုလာသည် ချန်ပီယံလိဂ်ဆု ဖလားလိုချင်ခဲ့သော်လည်း ယခုနှစ်တွင် ပရီး မီးယားလိဂ်ချန်ပီယံလိဂ်ဆုဖလားသာ ပိုင်ဆိုင်  ခဲ့သည်။

နည်းပြကလော့ပ်နှင့် လီဗာပူးကစား သမားများသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်း၌ အောင်ပွဲ ခံနေသည့်အချိန် ဂွာဒီယိုလာက ဖုန်းဆက်၍ ချီးကျူးခဲ့ခြင်းဖြစ်သည်။

နည်းပြကလော့ပ်က "ဂွာဒီယိုလာနဲ့ကျွန်တော် ဖုန်းပြောဖြစ်တယ်။ သူကကျွန်တော့်ကို ချီးကျူးခဲ့ပါတယ်။ ကျွန် တော်တို့အသင်းရဲ့ ကြံ့ခိုင်ရေးမှူးနိုဘက်စ်ဟာ ရာသီအစတုန်းက မန်စီးတီးအသင်းမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့သူပါ။ နိုဘက်စ်ဟာ ချန်ပီယံ လိဂ်ဖလား လိုချင်ခဲ့သူပါ။ ဟာသအဖြစ် ပြော တာပါ။ အောင်မြင်မှုတွေကို ဆက်ထိန်းချင် ပါတယ်။ ပရီးမီးယားလိဂ်မှာ ၉၇ မှတ်ရခဲ့တယ်။ ချန်ပီယံလိဂ်ဖလား ပြန်ရခဲ့တယ်။ ကျွန်တော် တို့အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်"ဟု ပြော ဆိုသည်။

လီဗာပူး တာဝန်ရှိသူများသည် နည်းပြ ကလော့ပ်နှင့် စာချုပ်သက်တမ်းတိုးရန် အလိုရှိ နေကြောင်း ဘီဘီစီကဖော်ပြခဲ့သည်။ ဂျာမန် နည်းပြကလော့ပ်သည် ၂၀၁၅ ခုနှစ်က ဒေါ့မွန်မှ လီဗာပူးသို့ ပြောင်းရွှေ့ခဲ့သည်။



ဖတ်ရှုမှုအများဆုံး