၂ဝ၁၈-၁၉ ချန်ပီယံလိဂ်ပြိုင်ပွဲ အကောင်း ဆုံးသွင်းဂိုးအဖြစ် မန်ယူအသင်းဘက်သို့ သွင်းယူခဲ့သော စီရိုနယ်ဒို၏ဂိုးကို သတ်မှတ်ခဲ့ ကြောင်း အင်္ဂလန်သတင်းများက ကနဦးဖော် ပြခဲ့သော်လည်း အမှန်တကယ် မက်ဆီ၏ဂိုးသာ သတ်မှတ်ခံခဲ့ရသည်။
ယူအီးအက်ဖ်အေက ဖွဲ့စည်းထားသော နည်းပညာဆိုင်ရာအကဲဖြတ် အဖွဲ့သည် ယခုနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ အကောင်းဆုံးသွင်းဂိုး ၁ဝ ဂိုးကို နံပါတ် ၁ မှ နံပါတ် ၁ဝ အထိ အစဉ်လိုက်ဖော်ပြခဲ့ရာ မန်ယူအသင်းဘက်သို့ သွင်းယူခဲ့သော စီရို နယ်ဒို၏ဂိုးမှာ နံပါတ် ၁ ဖြစ်ခဲ့သည်။
သို့သော် မန်ယူအသင်းဘက်သို့သွင်းယူခဲ့သော စီရို နယ်ဒို၏သွင်းဂိုးမှာ ယခုနှစ်ပြိုင်ပွဲ၏ အကောင်း ဆုံးဂိုးမဟုတ်ဘဲ ပရိသတ်များ၏ မဲဆန္ဒအရ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ၏ဂိုးသာ မဲအ များဆုံးဖြင့် ရွေးချယ်ခံခဲ့ရသည်။<
စီရိုနယ်ဒိုသည် ၂ဝ၁၇-၁၈ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ဂျူဗင်တပ်စ်အသင်းဘက်သို့ ဘိုင် စကယ်ကန်ချက်ဖြင့် ဂိုးသွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရ သည်။
စီရိုနယ်ဒိုသည် ယခုနှစ်မူ ပြိုင်ဘက် ကောင်းမက်ဆီကို ယှဉ်နိုင်ခဲ့ခြင်းမရှိပေ။ ဘာစီ လိုနာတိုက်စစ်မှူးမက်ဆီသည် ချန်ပီယံလိဂ် အကောင်းဆုံးဆုအတွက် စီရိုနယ်ဒို၊ ရာကီ တစ်၊ ဒမ်ဘီလီ၊ ကော်တင်ဟိုနှင့် ဆွာရက်ဇ် တို့ကို ကျော်ဖြတ်ခဲ့ရသည်။
မက်ဆီသည် ယခုနှစ်ချန်ပီယံလိဂ်ဆီမီး ဖိုင်နယ်ပထမအကျော့တွင် လီဗာပူးအသင်း ဘက်သို့ ဖရီးကစ်မှတစ်ဆင့် လှလှပပဂိုးသွင်း ယူပေးခဲ့သည်။
မက်ဆီသည် ဘယ်ခြေဖြင့် ဂိုး၏ညာဘက်အပေါ်ထောင့်သို့ ကန်သွင်းခဲ့ ခြင်းဖြစ်ပြီး ပရိသတ်များက မက်ဆီ၏ဂိုးကို မဲအများဆုံး ပေးခဲ့သည်။ ယူအီးအက်ဖ်အေ ဝက်ဆိုက်တွင် ယခုနှစ်ချန်ပီယံလိဂ် အကောင်းဆုံးဂိုးဆုကို မက်ဆီရရှိခဲ့ကြောင်း ဖော်ပြထား ပြီး မက်ဆီဂိုးသွင်းခဲ့သည့် ဗီဒီယိုဖိုင်ကိုလည်း ပို့စ်တင်ထားသည်။
မက်ဆီသည် ယခုနှစ်ဘော လုံးရာသီတွင် ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး ကစားသမားလည်းဖြစ်ပြီး ၁၂ ဂိုးသွင်းခဲ့သည်။ ယင်းသည်ယခုနှစ်၌ ပွဲ ၅ဝ ကစားခဲ့ရာ ၅၁ ဂိုးသွင်းယူခဲ့သည်။















