လေ့ကျင့်ခန်းမလုပ်ခင်ဘာတွေစားပေးသင့်လဲ။  ဘယ်အချိန်မှာစားရမလဲ။ ။

လေ့ကျင့်ခန်းမလုပ်ခင်ဘာတွေစားပေးသင့်လဲ။  ဘယ်အချိန်မှာစားရမလဲ။ ။

Gym သွားကြတဲ့သူတိုင်းသိချင်နေတဲ့ မေးခွန်းလေးပါ။ လေ့ကျင့်ခန်း မလုပ်ခင် ဘာတွေစားပေးရင် ကိုယ်လုပ်တဲ့လေ့ကျင့်ခန်းကိုပိုပြီးအကျိုးသက်ရောက်စေမလဲနဲ့ ဘယ်အချိန်တွေမှာစားပေးဖို့ လိုတယ်ဆိုတဲ့  အကြောင်းလေးတွေပေါ့။ Gym သွားတယ်ဆိုတည်းကိုကအပြောင်းအလဲဖြစ်ချင်လို့ပဲလေ။ ဝနေတဲ့သူပိန်သွားဖို့ ပိန်နေတဲ့သူဝိတ်တက်လာဖို့ ရည်ရွယ်ချက်တွေနဲ့သွားကြတာမလား။

ကိုယ်ခန္ဓာတစ်ခုလှပဖွံ့ဖြိုးဖို့ကလည်းလေ့ကျင့်ခန်းတစ်ခုတည်းနဲ့မရဘူးလေ။ ကိုယ်ခန္ဓာတစ်ခုပိန်ခြင်းဝခြင်းကိုအဓိက ၈၀ ရာခိုင်နှုန်းတာဝန်ယူထားတဲ့ အစားကအရေးအကြီးဆုံးဆိုတော့ ကိုယ်လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေ စားပေးရမလဲဆိုတာသိထားမှ ကိုယ်သွားချင်တဲ ့ပန်းတိုင်ကို မြန်မြန်ရောက်မှာပေါ့။ ဒီတော့ ဘာတွေ စားပေးရမလဲ။ ဘယ်အချိန်မှာစားပေးရမလဲ ။ ။

လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေ စားပေးသင့်သလဲ ။ ။

လေ့ကျင့်ခန်း  မလုပ်ခင် စားပေးတဲ့ အစားအစာတွေကကိုယ်ဘယ်လမ်းကြောင်းကိုသွားတာလဲအပေါ်မူတည်ပြီးကွဲပြားသွားပါတယ်။ ဒီတော့ ဆက်ကြည့်ရအောင် ။ ။

( ၁ ) ကိတ်ချင်တဲ့သူတွေအတွက် ။

ပိန်နေလို့ ကိတ်ချင်နေတဲ့သူတွေအတွက် အဓိကဖြစ်သင့်တဲ့ ကိုယ်ခန္ဓာကတော့ အဆီပိုမရှိ ကြွက်သားတွေနဲ့  ကျစ်လစ်တဲ့ကိုယ်ခန္ဓာတစ်ခုပါ။ ဖြစ်ချင်နေတဲ့ အဆီပိုမရှိတဲ့ ကြွက်သားတွေနဲ့ ကိုယ်ခန္ဓာကိုပိုင်ဆိုင်နိုင်မယ့်အပြင် လေ့ကျင့်ခန်းလုပ်နေတဲ့ တောက်လျှောက်ကိုအားလည်းရှိစေမယ့် လေ့ကျင်ခန်းမလုပ်ခင် စားသင့်တဲ့ အစားအစာတွေကတော့
•    ကြက်ဥအကာစားပါ – ကြက်ဥပြုတ်ထဲကအကာကိုပဲစားတာ၊ ကာကျက်လေးသောက်တာမျိုးတွေလုပ်ပေးပါ။ အနှစ်ကိုတော့ ရှောင်ပါ။ ကြက်ဥအနှစ်မှာအဆီပါဝင်မှုများတဲ့အတွက် ကိုယ်အလေးချိန်တက်လာစေသလို သွေးတွင်းအဆီများခြင်းကိုလည်းဖြစ်စေတတ်လို့ပါ။

•    Whey protein သောက်ပေးလို့လည်းရပါတယ်။

•    အသီးတွေထဲမှာဆို – လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ပန်သီးတို့စားပေးပါ။

•    ထမင်းစားချင်တယ်ဆိုရင် ဆန်လုံးညို ( ဒါမှဟုတ်) ထမင်းဖြူ နည်းနည်းလေးစားပါ။ အုတ်ဂျုံစားပေးလည်းရပါတယ်။

•    အသားဆိုရင်တော ့အဆီမများတဲ့အသားဖြစ်တဲ့ ကြက်သားပြုတ်လေးကအသင့်တော်ဆုံးပါ။

( ၂ ) ဝိတ်ကျချင်တဲ့သူတွေအတွက်

ဝိတ်ကျချင်တဲ့သူတွေကျတော့ နည်းနည်းပိုဂရုစိ်ုက်ဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်းအားမရှိမှာစိုးတာကြောင့် အစားလေးစားထားချင်တယ်။ စားတဲ့အစားတွေ ကယ်လိုရီမများဖို့ကလည်းအရေးကြီးသေးတယ်။ ဒီတော့ ဘာတွေစားကြမလဲ ။ ။

•    ငှက်ပျောသီးစားပါ။ ကယ်လိုရီအများကြီးမတက်စေဘဲအားရှိစေတဲ့အတွက် စားပေးသင့်တဲ့ ထိပ်ဆုံးအစားအစာတစ်ခုပါ။

•    ပန်းသီးကလည်းကယ်လိုရီအများကြီးမပါဘဲအားရှိစေလို့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။

•    ဘီစကစ်ထဲမှာဆိုခရင်မ်မပါတဲ့ cracker စားပေးလို့ရပါတယ်။

•    ထမင်းဆိုရင် ပန်းကန်လုံးတစ်ဝက်စားပေးလို့ရပါတယ်။

•    အုတ်ဂျုံပန်းကန်လုံးတစ်ဝက်ကလည်းဝိတ်ချနေတဲ့သူတွေအတွက် သင့်တော်တဲ့ အစားအစာတစ်ခုပါ။

စားရမယ့် အစားစာတွေ သိပြီးပြီဆိုတော့  ဘယ်အချိန်မှာစားထားရမှာလဲ ။ ။
လေ့ကျင့်ခန်းမလုပ်ခင် ၁ နာရီ( ဒါမှမဟုတ်) နာရီဝက်လောက် အစာစားပေးတာကအသင့်တော်ဆုံးပါ။ ဒါမှ အစာအိမ်အတွက် အစာခြေဖို့ ၊စားလိုက်တဲ့ အစားအစာတွေကလောင်စာအဖြစ်ပြောင်းလဲသွားဖို့ အချိန်ရမှာ ဖြစ်ပါတယ်။

တစ်ခုမှတ်ထားရမှာကပိန်ချင်လို့ဆိုပြီးဘာမှ မစားထားဘဲလေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေအတွက် လောင်စာမရှိသလိုဖြစ်သွားတတ်ပြီးကိတ်ချင်လို့ဆိုပြီး  အများကြီးစားရင်လည်းရသင့်တဲ့ ရလဒ်အတိုင်းမထွက်တာကများပါတယ်။ ဒါ့ကြောင့် အစားမစားတာကလည်းမကောင်းသလိုအများကြီးစားပြန်ရင်လည်းမသင့်တော်ပါဘူး။ ချိန်ဆပြီးအချိန်ကိုက်စားတတ်ဖို့ကအရေးအကြီးဆုံးပါ ။ ။

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများမပြုလုပ်ပါ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021