ပေါ်တူဂီလက်ရွေးစင်အသင်းသည် ယူအီး အက်ဖ်အေ နေးရှင်းလိဂ်ဗိုလ်လုပွဲတွင် နယ်သာ လန်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး နောက် ချန်ပီယံဆုပိုင်ဆိုင်ခဲ့သည်။
ပေါ်တူဂီ နှင့် နယ်သာလန်တို့၏နေးရှင်းလိဂ်ဗိုလ်လုပွဲကို ပေါ်တိုကွင်းတွင် ကစားခဲ့ခြင်းဖြစ်ပြီး ပေါ်တူဂီ မှာ အိမ်ကွင်းပရိသတ်ရှေ့မှောက် အောင်ပွဲခံ နိုင်ခဲ့သည်။
နှစ်သင်းစလုံး၌ အဓိကကစားသမား များ ပါဝင်လာခဲ့ပြီး ပေါ်တူဂီမှာ နယ်သာလန် ထက် ဂိုးသွင်းခွင့်ပိုရခဲ့သည်။ နယ်သာလန်မှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရခဲ့သော်လည်း တိုက်စစ်အားနည်းခဲ့သည်။ ပေါ်တူဂီအသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတောင်ပံ ကစားသမား ဂူဒက်စ်က ပွဲချိန်မိနစ် ၆ဝ တွင် သွင်းယူပေးခဲ့သည်။
နယ်သာလန်သည် ချေပ ဂိုးပြန်လည်သွင်းယူနိုင်ရန် ကြိုးစားခဲ့သော် လည်း အရာမထင်ခဲ့၍ ချန်ပီယံဆုနှင့်လွဲခဲ့ရ သည်။
စီရိုနယ်ဒိုသည် ဗိုလ်လုပွဲတွင် ဂိုးမသွင်းနိုင် ခဲ့သော်လည်း ချန်ပီယံဆုဖလားပိုင်ဆိုင်ခဲ့၍ ပျော်ရွှင်မိကြောင်း ပွဲအပြီး၌ဖွင့်ဟခဲ့သည်။
အသက် (၃၄) နှစ်အရွယ် တိုက်စစ်မှူးစီရို နယ်ဒိုက ''အခုလိုမျိုး ချန်ပီယံဖြစ်လာခဲ့လို့ ကျွန်တော်ဝမ်းသာပါတယ်။ ပေါ်တူဂီသားတွေ အတွက်ရော နိုင်ငံအသင်းအတွက်ပါ ချန်ပီယံ ဆုရခဲ့တာက အင်မတန်အရေးပါခဲ့ပါတယ်။ ကျွန်တော်တို့အသင်းဟာ ၂ဝ၁၆ ခုနှစ် ယူရို ချန်ပီယံဆုရရှိခဲ့ပြီးနောက်ပိုင်း သမိုင်းကြောင်း ပြောင်းလဲနိုင်ခဲ့တယ်။ အခုလည်း နေးရှင်းလိဂ် ချန်ပီယံဖြစ်လာခဲ့ပါတယ်။ လက်ရှိလက်ရွေး စင်အသင်းဟာ ဒီထက်ပိုကောင်းလာဦးမှာဖြစ် သလို လူငယ်ကစားသမားတွေကလည်း အခွင့် အရေးတွေ ပိုရမှာပါ''ဟု ပြောဆိုခဲ့သည်။
နေးရှင်းလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးကစား သမားဆုကို ပေါ်တူဂီကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားဆွတ်ခူးခဲ့ပြီး လူငယ်အကောင်းဆုံး ကစားသမားဆုကို နယ်သာလန်ကွင်းလယ်လူ ဒီဂျောင်ဆွတ်ခူးခဲ့သည်။
မန်စီးတီးကွင်းလယ် လူ ဆေးလ်ဗားက အသင်းကိုကူညီခွင့်ရ၍ ပျော်ရွှင်မိကြောင်း ပြောဆိုခဲ့သည်။ ဆေးလ် ဗားသည် မန်စီးတီးအသင်းနှင့်ဆုဖလားများလည်းပိုင်ဆိုင်ခဲ့သည်။















