ကျောက်တော်မြို့နယ်တွင် AA အဖွဲ့က သစ်တောဝန်ထမ်းတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်

ကျောက်တော်မြို့နယ်တွင် AA အဖွဲ့က သစ်တောဝန်ထမ်းတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်

AA အဖွဲ့က သစ်တောဝန်ထမ်းတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်မှု ကျောက်တော်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ဇွန်၁၁ရက်၌ သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ် ဦးလှသာထွန်း (စိစစ်ဆဲ)နှင့် ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာနေ တောခေါင်း ဦးစိန်ထွန်း(၅၄)နှစ် ပါ ငါးဦးသည် ဇွန် ၁ ရက် ညနေ ၄ နာရီခွဲတွင် ရန်းချောင်းဘိနယ်စခန်းအနီးရှိ ယာယီပျိုးဥယျာဉ်၌ ရေလောင်းပေါင်းသင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည်။

ထိုသို့ လုပ်ငန်းဆောင်ရွက်ပြီး ကျောက်တော်မြို့သို့ပြန်လာရာ ကျောက်တော်-ပလက်ဝကားလမ်း မိုင်တိုင်(၇ KM)အနီး ပါပီမတောင်ပေါ်၌ အရပ်ဝတ်ဖြင့် လက်နက်များ ကိုင်ဆောင်ထားသည့် AA အဖွဲ့ (၁၂ ဦးခန့်၊စိစစ်ဆဲ)က ၎င်းတို့ ငါးဦးအား အမည်/အလုပ်အကိုင်/နေရပ်/ဇနီးအမည်များ မေးမြန်းခဲ့သည်။

ထို့နောက် ဦးစိန်ထွန်းအား ဖမ်းဆီးခေါ်ဆောင်ထားပြီး တောအုပ် ဦးလှသာထွန်းပါလေးဦးအား လွှတ်ပေးခဲ့သည်။ တောခေါင်း ဦးစိန်ထွန်းသည် ဇွန် ၁၀ ရက်အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်တန်းခဲ့သည်။

တိုင်တန်းချက်အရ ကျောက်တော်မြို့မရဲစခန်းက AA အဖွဲ့အား(ပ)၅၈/၂၀၁၉၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ခ)ဖြင့် အမှုဖွင့် ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး