တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ပါတီများဘက်မှလည်း သန့်သန့်ရှင်းရှင်း  ယှဉ်ပြိုင်ရန်လိုအပ်

တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ပါတီများဘက်မှလည်း သန့်သန့်ရှင်းရှင်း  ယှဉ်ပြိုင်ရန်လိုအပ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်လွတ်လပ်ပြီးမျှတသော ရွေးကောက်ပွဲ  ကျင်းပရန်စီစဉ်နေသကဲ့သို့ ပါတီများဘက်မှလည်း သန့်သန့်ရှင်းရှင်းဝင်ပြိုင်ရန်လိုအပ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောသည်။

"သူတို့ကလည်းသန့်သန့်ရှင်းရှင်းနဲ့ဝင်ပြိုင်မှသာလျှင် လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်မယ်ပါတီတွေကိ်ုယ်တိုင်က ဥပဒေနဲ့အညီ ပြဌာန်းချက်တွေနဲ့အညီသန့်သန့်ရှင်း ရှင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှသာလျှင် ၂၀၂၀ ရွေးကောက်ပွဲဟာအောင်မြင်မှာပေါ့ "ဟုဦးမြင့်နိုင်ကပြောသည်။

ရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲဖြစ်ရန်သန္ဒီဌာန်ချထားပြီးဖြစ်ကြောင်း၄င်းကပြောသည်။

ပါတီများအနေဖြင့် ရွေးကောက်ပွဲကော်မရှင်အား ဝေဖန်မှုများလုပ်ခွင့်ရှိသော်လည်း အချက်အလက်ခိုင်ခိုင်မာမာနှင့် ဝေဖန်အကြံပြရန်လိုအပ်ကြောင်း ဦးမြင့်နိုင်ကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်ယခုအချိန်တွင် ၂၀၂၀ရွေးကောက်ပွဲအတွက်မဲစာရင်းပြုစုခြင်းများကိုဆောင်ရွက်ရန် လုပ်းငန်းလမ်းညွှန်ရေးဆွဲပြီး ဖြစ်ကာ ဇူလိုင်လမှစတင်၍မဲစာရင်းကောက်ယူနိုင်ရေးဆောင်ရွက်မည်ဖြစ်သည်။

ပြီးခဲ့သောရက်ပိုင်းအတွင်းကပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ နှင့်မိတ်ဖက်ပါတီတချို့တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကိုဝေဖန်မှုတချို့ရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး