ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရိုနယ်ဒိုက ၂ဝ၁၉ ဘော်လွန်းဒီအော်ဆု အငြင်းအခုံကိစ္စ နှင့်ပတ်သက်၍ ဝင်ပါခြင်းမရှိဘဲ စကားလွှဲခဲ့ သည်။
ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုနှင့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီတို့သည် ဘော်လွန်းဒီအော်ဆုကို အကြိမ်ကြိမ် ပိုင်ဆိုင်ခဲ့ကြပြီး ယမန်နှစ်ကမူ ခရိုအေးရှား ကွင်းလယ်လူ မိုဒရစ်ဆွတ်ခူးခဲ့သည်။
၂ဝ၁၉ ဘော်လွန်းဒီအော်ဆု မည်သူရ၊ မရ ဆိုသည်မှာ ပရိသတ်များအကြား အငြင်းအခုံဖြစ်နေပြီး လက်ရှိအချိန်၌ မက်ဆီနှင့် လီဗာပူးအဓိက နောက်ခံလူ ဗန်ဒစ်တို့ ဆုရရန် အပြိုင်ရေပန်း စားနေသည်။ စီရိုနယ်ဒိုသည် ဂျူဗင်တပ်စ် အသင်းနှင့် စကူဒက်တိုချန်ပီယံဆုပိုင်ဆိုင် ခဲ့ပြီး စီးရီးအေအကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသည်။
ယင်းသည် ၂ဝ၁၈–၁၉ ဘောလုံးရာသီတွင် ၂၈ ဂိုးသာ သွင်းယူနိုင်ခဲ့၍ ဆယ်စုနှစ်တစ်ခုအတွင်း ဂိုးအနည်းဆုံးဖြစ်ခဲ့သည်။ သို့သော် စီရိုနယ်ဒို သည် ပေါ်တူဂီအသင်းအား နေးရှင်းလိဂ်ချန်ပီယံ ဆုဆွတ်ခူးရရှိရန် စွမ်းဆောင်ပေးခဲ့သည်။
မက်ဆီ သည် ယခုနှစ်၌ ၅၁ ဂိုးသွင်းယူခဲ့ပြီး ဥရောပ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို ခြောက်ကြိမ် မြောက် ပိုင်ဆိုင်ခဲ့သည်။
အကယ်၍ မက်ဆီသည် ကိုပါအမေရိက ချန်ပီယံဆုရခဲ့ပါက ဘော်လွန်းဒီအော်ဆု ဆွတ်ခူးရန် အလေးသာနေသည်။ နယ်သာလန် နောက်ခံလူ ဗန်ဒစ်မှာလည်း လီဗာပူးအတွက် ခြေစွမ်းပြခဲ့၍ ဘော်လွန်းဒီအော်ဆုနှင့် ထိုက် တန်ကြောင်း ပရိသတ်များက ယုံကြည်နေ သည်။
နေးရှင်းလိဂ်ရခဲ့၍ ခြောက်ကြိမ်မြောက် ဘော်လွန်းဒီအော်ဆုကို ပိုင်ဆိုင်ရန် အခြေ အနေရှိ၊ မရှိ မေးခွန်းကို စီရိုနယ်ဒိုက ''နိုးပါ။ ဘော်လွန်းဒီအော်ဆုအကြောင်းကို ကျွန်တော် ဘာမှပြောမှာမဟုတ်ဘူး''ဟု ဖြေကြားခဲ့သည်။
စီရိုနယ်ဒိုက လာမည့်ယူရို ၂ဝ၂ဝ ချန်ပီ ယံဆုဖလားကိုလည်း သိမ်းပိုက်နိုင်ရန် ပစ်မှတ် ထားနေကြောင်း အသိပေးခဲ့သည်။ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူး စီရိုနယ်ဒိုသည် ပေါ်တူဂီအသင်းအတွက် ၁၅၈ ပွဲကစားခဲ့ရာ ၈၈ ဂိုးဖြင့် နိုင်ငံတကာ ဘောလုံးသမိုင်း၌ ဥရောပဂိုးသွင်းအများဆုံးဖြစ်သည်။















