နေရှင်နယ်လိဂ် ယူ-–၁၉ ပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် ဇွန် ၇ ရက်က M-3 အားကစားကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ဟံသာဝတီယူနိုက်တက်နှင့် စစ်ကိုင်းယူနိုက်တက်ပွဲစဉ်တွင် ကိုယ်ထိလက်ရောက် အပြန်အလှန် ကျူးလွန်ခဲ့သည့် ကစားသမားနှစ်ဦးကို စည်းကမ်းထိန်းသိမ်းရေးမှ ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ကစားခွင့်မပြု
အဆိုပါ ပွဲစဉ် ၂၉ မိနစ်တွင် ဟံသာဝတီယူနိုက်တက်မှ ဝင်းကိုကို နှင့် စစ်ကိုင်းယူနိုက်တက်မှ မိုးမြင့်မောင်တို့ ကိုယ်ထိလက်ရောက် အပြန်အလှန်ကျူးလွန်ခဲ့ကြသည်။ ထို့ကြောင့် ယင်းဖြစ်စဉ်နှင့် ပတ် သက်၍ စည်း/ထိန်းမှ ဝင်းကိုကိုအား အနီးစပ်ဆုံးနှစ်ပွဲ ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးကျပ်နှစ်သိန်းပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ သည်။ ထို့အတူ မိုးမြင့်မောင်ကိုလည်း အနီးစပ်ဆုံးနှစ်ပွဲ ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးကျပ်နှစ်သိန်းပေးဆောင်ရန် အသီးသီးပြစ်ဒဏ် ချမှတ်ခဲ့သည်။














