ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီ ကစားသမားဘဝ ရာပြည့်ဂိုးသွင်း

ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီ ကစားသမားဘဝ ရာပြည့်ဂိုးသွင်း

ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီသည် ဇွန် ၁၁ ရက်က ကစားခဲ့သော အန်ဒိုရာနှင့် ယူရို ၂ဝ၂ဝ ခြေစစ်ပွဲတွင် အသင်းအတွက် အဖွင့်ဂိုးသွင်းပေးနိုင်ခဲ့၍ ၎င်း၏ကစားသမားဘဝ ရာပြည့်ဂိုး သွင်းယူနိုင်ခဲ့သည်။

ပြင်သစ် အသင်းသည် အန်ဒိုရာနှင့်ပွဲမကစားမီ တူရကီ အား ရှုံးနိမ့်ခဲ့၍ အန်ဒိုရာကွင်းတွင် အာရုံစူး စိုက်မှုအပြည့်ဖြင့် ကစားခဲ့သည်။

ပြင်သစ် အသင်းအတွက် အဖွင့်ဂိုးကို အမ်ဘတ်ပီက ပွဲချိန် ၁၁ မိနစ်တွင် ဂရစ်ဇ်မန်း၏ဖန်တီးမှု မှတစ်ဆင့် သွင်းယူနိုင်ခဲ့သည်။ ပြင်သစ်အသင်း အတွက် ကျန်ဂိုးများကို ဘင်ယက်ဒါ၊ သော် ဗင်နှင့် ဇူးမားတို့က သွင်းယူပေးခဲ့၍ ၄ ဂိုး ပြတ်အနိုင်ရခဲ့သည်။

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီသည် ကလပ်အသင်းအတွက် ၈၇ ဂိုး သွင်းယူနိုင်ခဲ့ ပြီး နိုင်ငံအသင်းအတွက် ၁၃ ဂိုးသွင်းယူခဲ့ သည်။

အသက် ၂ဝ အရွယ်တိုက်စစ်မှူး အမ် ဘတ်ပီသည် ၂ဝ၁၈ - ၁၉ ဘောလုံးရာသီတွင် ပီအက်စ်ဂျီအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး လိဂ် ၃၃ ဂိုးသွင်းယူနိုင်ခဲ့သည်။ ၎င်းသည် ပြင်သစ်လီဂူးတစ်နှစ်တာအကောင်း ဆုံးကစားသမားဆုနှင့် လူငယ်အကောင်း ဆုံးကစားသမားဆုတို့ကိုလည်း ပိုင်ဆိုင်ခဲ့ သည်။

အမ်ဘတ်ပီသည် ၂ဝ၁၈ ကမ္ဘာ့ဖလား ချန်ပီယံဆုရရှိခဲ့စဉ်ကလည်း ခြေစွမ်းပြခဲ့ပြီး ၄ ဂိုးသွင်းယူပေးခဲ့သည်။ အမ်ဘတ်ပီသည် နွေရာသီဈေးကွက်၌ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်နေသည်။

အန်ဒိုရာနှင့်ပွဲအပြီး တိုက်စစ်မှူး အမ်ဘတ်ပီ က လက်ရှိအချိန်၌ ရီးရဲလ်မက်ဒရစ်အသင်း အကြောင်းပြောဆိုရန် အချိန်မဟုတ်ကြောင်း အသိပေးပြောဆိုခဲ့သည်။ 

 

 



ဖတ်ရှုမှုအများဆုံး