အမေရိကန်နာမည်ကြီး စီးပွားရေးမဂ္ဂဇင်း တစ်စောင်ဖြစ်သည့် Forbes က ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမား အယောက် ၁ဝဝ စာရင်းကို ထုတ်ပြန်ခဲ့ရာ အာဂျင်တီးနားနှင့် ဘာစီလိုနာ တိုက်စစ်မှူးမက်ဆီမှာ နံပါတ် ၁ နေရာမှ ဦး ဆောင်နိုင်ခဲ့သည်။
Forbes ထုတ်ပြန်ခဲ့ သော ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစား သမား ထိပ်ဆုံး ၁ဝ ဦးစာရင်းတွင် ဘောလုံး နယ်ပယ်မှ သုံးဦးပါဝင်ခဲ့ပြီး မက်ဆီနှင့်အတူ ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရိုနယ်ဒိုနှင့် ပီအက်စ် ဂျီတိုက်စစ်မှူး နေမာတို့ ပါဝင်လာခဲ့သည်။
အသက် ၃၁ နှစ်အရွယ် ဘာစီလိုနာတိုက်စစ် မှူး မက်ဆီသည် တစ်နှစ်တာအတွင်း လုပ်ခ လစာနှင့် အပိုဆုကြေးငွေ စုစုပေါင်း ပေါင် ၇၂ သန်းရရှိခဲ့ပြီး စပွန်ဆာကြေးနှင့် အခြား ဝင်ငွေများမှာ ပေါင် ၂၈ သန်းရရှိခဲ့၍ စုစု ပေါင်း ပေါင်သန်း ၁ဝဝ ဖြင့် ဝင်ငွေအကောင်း ဆုံးဖြစ်ခဲ့သည်။
ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ် ဒိုမှာ ဝင်ငွေအကောင်းဆုံး အားကစားသမား စာရင်း အဆင့် ၂ တွင်ရပ်တည်ခဲ့ပြီး ၎င်း၏ ဝင်ငွေမှာ ပေါင် ၈၆ သန်းရှိခဲ့သည်။ ဘရာဇီး တိုက်စစ်မှူး နေမာမှာ တစ်နှစ်တာအတွင်း ပေါင် ၈၃ သန်းရရှိခဲ့ပြီး တတိယနေရာတွင် ရပ်တည်ခဲ့သည်။
ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ထိပ်ဆုံးကစားသမား ၁ဝ ဦး စာရင်းတွင် လက်ဝှေ့၊ တင်းနစ်၊ အမေရိကန် ဖွတ်ဘောနှင့် ဘတ်စကက်ဘောနယ်ပယ်မှ ကစားသမား များလည်း ပါဝင်ခဲ့သည်။
မန်ယူကွင်းလယ်လူ ပေါ့ဘာမှာ ဝင်ငွေ အကောင်းဆုံးစာရင်း၌ အဆင့် ၄၄ နေရာတွင် ရပ်တည်ခဲ့ပြီး ၎င်း၏ဝင်ငွေမှာ ပေါင် ၂၆ သန်းရှိသည်။
ပေါ့ဘာသည် ဝင်ငွေအကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမားတစ်ဦးအဖြစ် လည်း ရပ်တည်ခဲ့သည်။
Forbes သည် အား ကစားသမားများ၏ ၂ဝ၁၈ ဇွန် ၁ မှ ၂ဝ၁၉ ဇွန် ၁ ရက်အထိ ရရှိခဲ့သော ဆုကြေးငွေ လစာနှင့် ဘောနပ်စ်ကို ထည့်တွက်၍ ဝင်ငွေ အကောင်းဆုံးကစားသမား အယောက် ၁ဝဝ စာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။















