ရာသီတုပ်ကွေးကာကွယ်ဆေးထိုးတော့မယ်ဆိုရင်

ရာသီတုပ်ကွေးကာကွယ်ဆေးထိုးတော့မယ်ဆိုရင်

မိုးလေးအေးလာရင် ပတ်ဝန်းကျင်လေးစိမ်းလန်းလာလို့ စိတ်ချမ်းသာရတာကိုယ်တွေတင်မဟုတ်ပါဘူး။ ကိုယ်တွေကိုနာဖျားအောင်လုပ်မယ့် တုပ်ကွေးပိုးလေးတွေရောပါ။ တုပ်ကွေးဖြစ်ရင် တစ်ကိုယ်လုံးကကိုက်ခဲ၊ အဖျားကတက်၊ ပါးစပ်ကပျက်နဲ့ခံစားရတော်တော်ခက်တယ်။

ဒီကြားထဲကကိုယ်ကအိမ်ရဲ့ တုပ်ကွေးဖြန့်ချိသူများဖြစ်ခဲ့ရင် စိတ်ထဲမှာစိတ်မကောင်းတောင်ဖြစ်မိသေးတယ်။ ဒီပြဿနာကိုအကောင်းဆုံးဖြေရှင်းဖို့ဆိုရင် အကောင်းဆုံးနည်းလမး်ကကာကွယ်တာပါ။

ကာကွယ်ခြင်းကုသခြင်းထက် ပိုထိရောက်တယ်ဆိုတဲ့ စကားကလည်းရှိသေးတာကိုး။ ဒီတော့ ရာသီတုပ်ကွေးကိုဘယ်လိုများကာကွယ်ကြမလဲ။ လွယ်ပါတယ်။ ဒါကတော့ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပေါ့။ 

ကာကွယ်ဆေးထိုးလို့သာပြောတယ် ဘာမှ သေသေချာချာမသိဘဲမထိုးနိုင်ပါဘူးဆိုတဲ့ Helloဆရာဝန်ပရိသတ်ကြီးတွေရှိနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကသိချင်နေတဲ့ အဖြေတွေကိုထုတ်ပေးမှာပါ။

ဘယ်သူတွေကကာကွယ်ဆေးအထိုးသင့်ဆုံးလဲ…….

အခုပြောပြမယ့်သူတွေကကာကွယ်ဆေးကိုမဖြစ်မနေထိုးသင့်တာပါ။

•    ကိုယ်ဝန်ဆောင်မေမေတွေ
•    သက်ကြီးရွယ်အိုတွေ
•    ကလေးငယ်တွေ
•    ကိုယ်ခံအားနည်းသူတွေ
•    ဆီးချျိုရောဂါရှိသူ
•    အသည်းရောဂါရှိသူ
•    ကျောက်ကပ်ရောဂါရှိသူ
•    အဝလွန်နေသူတွေ
•    ခုခံအားကျ ကူးစက်ရောဂါခံစားနေရသူတွေ
•    ကင်ဆာရောဂါရှိသူတွေ
•    ပန်းနာရင်ကျပ်ရောဂါခံစားနေရသူတွေ
•    ကင်ဆာရောဂါခံစားနေရသူတွေ

•    နာတာရှည်ရောဂါတစ်ခုခုရှိသူတွေကမဖြစ်မနေကာကွယ်ဆေးထိုးထားသင့်ပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဆေးမထိုးခင် ဘာတွေသိထားဖို့လိုမလဲ………
တုပ်ကွေးကာကွယ်ဆေးထိုးတော့မယ်ဆိုရင် သိချင်နေမယ့် အချက်လေးတွေများနေနိုင်ပါတယ်။ ဒီတော့ သိချင်နေတဲ့အကြောင်းအရာတွေရဲ့ အဖြေလေးတွေကိုဒီမှာကြည့်လိုက်ပါ။

ဘယ်အရွယ်ကစပြီးကာကွယ်ဆေးထိုးလို့ရလဲ…….
ရာသီတုပ်ကွေးကာကွယ်ဆေးကိုကလေးတွေထိုးထားဖို့လိုမယ်ဆိုပေမယ့် ဘေဘီလေးက ၆ လကျော်ပြီးမှသာ တုပ်ကွေးကာကွယ်ဆေးထိုးလို့ရမှာပါ။

ကာကွယ်ဆေးကအသက်အရွယ်အားလုံးတစ်မျိုးတည်းထိုးရတာလား…..
ကာကွယ်ဆေးကအသက်အရွယ်အလိုက်ထိုးနှံရတဲ့ ကာကွယ်ဆေးအမျိုးအစားကာကွယ်ဆေးအမျိုးအစားကွာခြားတာကြောင့် အသက်အရွယ်အပိုင်းအခြားနဲ့ သင့်တော်မယ့် ကာကွယ်ဆေးကိုထိုးဖို့လိုပါမယ်။

ဓာတ်မတည့်တာမျိုးဖြစ်နိုင်လား…….

တုပ်ကွေးကာကွယ်ဆေးကဓာတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။ တကယ်လို့ ဥအမျိုးမျိုးနဲ့ ဓာတ်မတည့်တာမျိုးရှိမယ်၊ ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တာမျိုးဖြစ်ဖူးမယ်ဆိုရင် ကာကွယ်ဆေးမထိုးခင်မှာဆရာဝန်နဲ့ သေချာလေးတိုင်ပင်သင့်ပါတယ်။

တစ်ခါထိုးထားရုံနဲ့ လုံလောက်လား……..

ကာကွယ်ဆေးကတစ်နှစ်ကိုတစ်ကြိမ်ထိုးဖို့လိုပါမယ်။

တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးဖြစ်နိုင်လား……

တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးဖြစ်သလို လက္ခဏာတွေခံစားရနိုင်ပေမယ့် တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးတော့မဖြစ်နိုင်ပါဘူး။

တုပ်ကွေးကာကွယ်ဆေးကြောင့် ခန္ဓာကိုယ်မှာဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ………

တုပ်ကွေးကာကွယ်ဆေး ခန္ဓာကိုယ်ထဲမှာဓာတ်ပြုတဲ့အခါ ကာကွယ်ဆေးထိုးပြီးတစ်ရက် နှစ်ရက်လောက်အတွင်း ကြွက်သားတွေနာကျင်ကိုက်ခဲတာ၊ အဖျားတက်တာမျိုးတွေဖြစ်နိုင်ပါတယ်။

ကာကွယ်ဆေးထိုးထိုးပြီးခြင်းအာနိသင်ရှိလား………

ကာကွယ်ဆေးကထိုးပြီးပြီးချင်းမှာအာနိသင်မပြပါဘူး။ ကာကွယ်ဆေးထိုးပြီးလို့ သီတင်းပတ် ၂ ပတ်ကြာမှ အာနိသင်ကစပြတာပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးချိန်ကနေ ၂ ပတ်အတွင်းမှာတုပ်ကွေးကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးပေမယ့်လည်း ၂ ပတ်အတွင်းမှာတုပ်ကွေးအန္တရာယ်ကနေကာကွယ်ဖို့လိုပါမယ်။

ကာကွယ်ဆေးကြောင့်ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကဘာတွေလဲ……..

ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကာကွယ်ဆေးဓာတ်ပြုမှုကြောင့် ခန္ဓာကိုယ်မှာအခုလို ဘေးထွက်ဆိုးကျိုးလေးတွေရှိနိုင်ပါတယ်။

•    အဖျားငွေ့ငွေ့လေးရှိမယ်
•    ဆေးထိုးထားတဲ့နေရာကနာနေမယ်
•    အားကုန်နေသလိုဖြစ်နေမယ်
•    ရောင်ရမ်းမယ်
•    အသက်ရှုရခက်မယ်
•    ထုံကျဉ်မယ် စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာကာကွယ်ဆေးမထိုးသင့်ဘူးလဲ………

ကာကွယ်ဆေးကလူတိုင်းနဲ့ သင့်တော်မဟုတ်သလိုအချိန်တိုင်းထိုးလို့ရတာမျိုးလည်းမဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေမှာဆိုရင် ကာကွယ်ဆေးမထိုးသင့်ပါဘူး။

•    အဖျားရှိနေမယ်
•    အပြင်းဖျားနေမယ်
•    ကာကွယ်ဆေးနဲ့ဓာတ်မတည့်ဖြစ်ဖူးမယ်
•    အသက် ၆ လအောက်ငယ်နေမယ်ဆိုရင် တုပ်ကွေးကာကွယ်ဆေးမထိုးသင့်ပါဘူး။

ကာကွယ်ဆေးမထိုးဘဲတုပ်ကွေးကာကွယ်လို့ရလား…….

ဆေးထိုးအပ်ကိုလည်း ကြောက်တယ်။ တုပ်ကွေးလည်းမဖြစ်ချင်ဘူးဆိုရင်တော့ ဒီနည်းလမး်လေးတွေကအသုံးတည့်မှာပါ။

•    လက်ကိုမကြာခဏ ရေနဲ့ ဆပ်ပြာသုံးပြီးသန့်စင်နေအောင်ဆေးကြောပေးပါ
•    အယ်လ်ကိုဟောပါတဲ့ ရေမလိုလက်သန့်ဆေးရည်သုံးပေးပါ
•    မျက်လုံး၊ နှာခေါင်းနဲ့ပါးစပ်တွေကိုခဏခဏကိုင်တွယ်ထိတွေ့တာမျိုးမလုပ်ပါနဲ့
•    လူများတဲ့နေရာတွေကိုရှောင်ပါ
•    လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
•    အစားမှန်မှန်စားပါ
•    အိပ်ရေးဝအောင်အိပ်ပါ
•    ရေများများသောက်ပါ
•    စိတ်ဖိစီးမှုတွေကို ဖြေလျော့ပါ။

 HELLO HEALTH GROUP သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများမပြုလုပ်ပါ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021