ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအဆိုပြုချက်များ စုစည်းမှုပြီးဆုံးကြောင်း   ပူးပေါင်းကော်မတီထုတ်ပြန်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအဆိုပြုချက်များ စုစည်းမှုပြီးဆုံးကြောင်း   ပူးပေါင်းကော်မတီထုတ်ပြန်

၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်သည့် အဆိုပြု တင်ပြချက်များကို စုစည်းမှုပြီးဆုံးကြောင်း ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီက ဇွန် ၁၃ ရက်က ထုတြ်ပန်သည်။

တင်သွင်းခဲ့ကြ

ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း လာမည့်အစီရင်ခံစာတွင် မည်သည့်အချက်များပါဝင်မည်ကို တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း အစည်းအဝေး ကာလအတွင်း ရခိုင်အမျိုးသားပါတီလွှတ်တော်ကိုယ်စားလှယ် များက လွှတ်တော်အတွင်း တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်ပါဝင်မှုလျှော့ချရေးအဆိုပြုချက်ကို ပူးပေါင်းကော် မတီထံတင်ပြခဲ့သလို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကလည်း နိုင်ငံတော် သမ္မတ၏လုပ်ပိုင်ခွင့်များကိုလျှော့ချရန် တင်သွင်းခဲ့ကြသည် ဟု သိရသည်။

စတင်ဖွဲ့စည်း

ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးထွန်းထွန်းဟိန် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားနိုင်ငံရေး ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်ကိုယ် စားလှယ်များပါဝင်ဖွဲ့စည်းထားသော ၄၅ ဦး ကော်မတီကို ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က စတင်ဖွဲ့စည်းခဲ့သည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်တင်သွင်းခဲ့သည့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင် စွာဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့်ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုအား တပ်မတော်ကိုယ် စားလှယ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များ၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများကြားမှ ပြည်ထောင်စုလွှတ်တော်က ထောက်ခံမဲအများစုဖြင့် အတည် ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တင်ရမည်

ကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များအနက် ဒီမိုကရေစီနှင့်မကိုက်ညီသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန်၊ ပယ်ဖျက်ရန် စသည့်အသေးစိတ်အချက်အလက် များပါဝင်သောအစီရင်ခံစာကို ဇူလိုင် ၁၇ ရက်မတိုင်မီ ပြည် ထောင်စုလွှတ်တော်သို့တင်ပြရမည်ဖြစ်ကာ ယင်းကာလမတိုင်မီ ပြင်ပသို့ပေါက်ကြားခွင့်မရှိကြောင်း ကန့်သတ်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး