အမျိုးသားနိုင်ငံရေးဆောင်ရွက်ရာ၌ အစွန်းရောက်၍ မရကြောင်း ကာကွယ်ရေးဦးစီးချုပ် ပြော

အမျိုးသားနိုင်ငံရေးဆောင်ရွက်ရာ၌ အစွန်းရောက်၍ မရကြောင်း ကာကွယ်ရေးဦးစီးချုပ် ပြော

အမျိုးသားနိုင်ငံရေး ဆောင်ရွက်ရာ၌ အစွန်းရောက်၍ မရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကလောတပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုများနှင့် ဇွန် ၁၄ ရက်က သီးသန့်တွေ့ဆုံမှုပြုလုပ်စဉ် ပြောကြားခဲ့သည်။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်လျက်ရှိကြောင်း၊ကာကွယ်ရေးတာဝန်ဆိုသည်မှာ တိုက်ပွဲဝင်နေရုံသာမက နိုင်ငံတည်ဆောက်ရေးလုပ်ငန်း၊ နိုင်ငံ့အရေးလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားနိုင်ငံရေး ဆောင်ရွက်ရာ၌ အစွန်းရောက်၍ မရကြောင်း၊ ဝေဖန်မှုများမည်သို့ပင်ရှိသည်ဖြစ်စေ ဒီမိုကရေစီကျင့်စဉ်အတိုင်းသာ မှန်မှန်ကန်ကန်ဆောင်ရွက်ရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောသည်။

တပ်မတော်သည် တိုင်းပြည်ကိုကာကွယ်ပေးထားသည့် ခြံစည်းရိုးသဖွယ်ဖြစ်ပြီး ထိုခြံစည်းရိုးကိုယိမ်းယိုင်အောင် ပြည်တွင်း၊ ပြည်ပမှနည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေကြကြောင်း၊ထိုခြံစည်းရိုးအမြဲတမ်းခိုင်ခံ့ကောင်းမွန်ရန် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်မီး၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်တို့ ကောင်းမွန် ရမည်ဖြစ်ကြောင်း၊ ထိုကဏ္ဍလေးရပ်အပေါ်မူတည်၍ ဖွံ့ဖြိုးမှုအရှိန်အဟုန် ကွာခြားသွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးမရရှိပါက လူမှုစီးပွားဖွံ့ဖြိုးမှုနောက်ကျမည်ဖြစ်၍ လျှပ်စစ်မီးကို ချွေတာသုံးစွဲရန်လိုအပ်ကြောင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုကိုအကြောင်းပြ၍ အမျိုးမျိုးသောနှောင့်ယှက်ဟန့်တားမှုများ ကြုံတွေ့နေရကြောင်းလည်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဆိုသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး