အာဟာရနဲ့ ဆေးဖက်ဝင်အာနိသင်များတဲ့ အာတာလွတ်

အာဟာရနဲ့ ဆေးဖက်ဝင်အာနိသင်များတဲ့ အာတာလွတ်

အာတာလွတ်ဥလေးကိုပြုတ်၊ ဆီလေးဆားလေးနဲ့ စားရတာအရသာဆိမ့်ဆိမ့်လေးရယ်။ မြန်မာ့အစားအစာတွေထဲမှာ နေရာတစ်နေရာယူထားတဲ့ အာတာလွတ်က ဆေးဖက်ဝင်တယ်လို့လည်းလူကြီးတွေပြောဖူးပါတယ်။

အာတာလွတ်မှာပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ဆေးဖက်ဝင်အာနိသင်တွေကို သိပ္ပံပညာလေ့လာမှုအထောက်အထားတွေလည်း တွေ့ရှိထားပါတယ်။

အာတာလွတ်မှာကာဗိုဟိုက်ဒရိတ်၊ဗီတာမင် ဘီတွေ အပြင် ကယ်လ်စီယမ်၊ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဖော့စ်ဖရပ်စ်တို့လိုသတ္တုဓာတ်တွေကြွယ်ဝတယ်။ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တွေလည်းပါဝင်တော့ အာဟာရအတော်ပြည့်စုံပါတယ်။

ဆေးဖက်ဝင်အကျိုးကျေးဇူးတွေကဘာတွေလဲ

အစာကြေတယ်

အစာခြေစနစ်မှာအမျှင်ဓာတ်ကအရေးပါဆုံးထဲပါဝင်ပါတယ်။ အမျှင်ဓာတ်ကအူလမ်းကြောင်းထဲမှာအစာတွေရွေ့လျားမှုကောင်းမွန်စေပြီးအာဟာရဓာတ်တွေစုပ်ယူနိုင်အောင်နှိုးဆွပေးပါတယ်။ သူကဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေကို ပျောက်ကင်းစေပြီး သွေးတွင်းသကြားဓာတ်ကိုလည်းထိန်းညှိပေးပါတယ်။ အမျှင်ဓာတ်ကြောင့်ပဲပိုလျှံနေတဲ့ ကိုလက်စထရောတွေကိုရှင်းလင်းပေးပြီး နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ 

နှလုံးကျန်းမာရေးအတွက်ကောင်းတယ်

ပိုတက်စီယမ်ပါဝင်မှုပမာဏများလို့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာတွေရန်ကအကာအကွယ်ဖြစ်စေပါတယ်။ ပိုတက်စီယမ်က နှလုံးသွေးလွှတ်ကြောတွေနဲ့ သွေးပြန်ကြောတွေကို ပြေလျော့စေပြီး သွေးဖိအားကိုကျစေတယ်၊ နှလုံးရောဂါနဲ့လေဖြတ်ခြင်း အန္တရာယ်ကို လျော့နည်းစေပါတယ်။

သန္ဓေသားအတွက်ကောင်းတယ်

ဖောလိတ်ဓာတ်ပါဝင်မှုများလို့ ကိုယ်ဝန်ဆောင်တွေစားရင် မွေးလာမယ့်ကလေးမှာချို့ယွင်းချက်ပါလာနိုင်ခြေနည်းစေပါတယ်။ ဖောလိတ်ဓာတ်ကဒီအင်န်အေဖြစ်တည်မှုနဲ့ ဆဲလ်ကျန်းမာရေးတွေမှာအရေးကြီးတဲ့ဓာတ်ဖြစ်ပြီးဖွံ့ဖြိုးမှုကိုလည်း မြှင့်တင်ပေးပါတယ်။

ကြီးထွားဖွံ့ဖြိုးမှုကိုအားပေးတယ်

အာတာလွတ်ဥမှာပရိုတင်းကထိုက်သင့်သလောက်ပါရှိပါတယ်။ အသားကရတဲ့ပရိုတင်းတွေထက် အသီးအနှံ၊သစ်ဥသစ်ဖုကရတဲ့ ပရိုတင်းကို ခန္ဓာကိုယ်ကစုပ်ယူချက်လုပ်ရတာပိုလွယ်တာမို့ အဆင်ပြေပါတယ်။ ဒါ့ကြောင့် ဒီလိုပရိုတင်းမျိုးစားပေးခြင်းဖြင့် ကျန်းမာတဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုရနိုင်မှာပါ။
 
ကိုယ်အလေးချိန်ကျစေတယ်

အာလူး၊ ပီလောပီနံတို့လိုတခြားဥတွေထက် ကယ်လိုရီနည်းတဲ့ အာတာလွတ်က diet လုပ်တဲ့နေရာမှာပိုသင့်တော်ပါတယ်။ အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်ပါတဲ့ အာတာလွတ်ကိုတွဲစားရင်ပဲဝိတ်ချအစားလျှော့တဲ့အစီအစဉ်မှာပိုအကျိုးထူးနိုင်ပါတယ်။ အဆာပြေအနေနဲ့ စားလည်းရတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုကုသပေးတယ်

အာတာလွတ်ရဲ့ဆေးဖက်ဝင်အာနိသင်ကြောင့် ဆီးအိမ်ပိုးဝင်ခြင်းနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုကုသပေးနိူင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းမကြာခဏဖြစ်တတ်တဲ့အမျိုးသမီးတွေ အာတာလွတ်စားပေးသင့်ပါတယ်။

ကိုယ်ခံအားမြင့်စေတယ်

အာတာလွတ်မှာပါတဲ့ သတ္တုဓာတ်တွေကအားနည်းခြင်း၊ နွမ်းနယ်ခြင်းနဲ့ ဦးနှောက်ဉာဏ်ရည်ဆိုင်ရာပြဿနာတွေကိုတွန်းလှန်ရာမှာအများဆုံးအကျိုးပြုပါတယ်။ ကိုယ်တွင်းအင်္ဂါစနစ်တွေအတွင်း အောက်စီဂျင်ပေးပို့မှုပိုကောင်းစေပြီးခွန်အားလည်းမြင့်တက်စေပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကိုပိုကောင်းစေတယ်

ဗီတာမင်ဘီပါဝင်မှုမြင့်မားလို့ အင်ဇိုင်းနဲ့ဇီဝကမ္မဖြစ်စဉ်အတွက် အရေးပါလှပါတယ်။ ဗီတာမင်ဘီအုပ်စုဟာဟော်မုန်းတွေကအစ နှလုံးခုန်နှုန်းအထိ ခန္ဓာကိုယ်အနှံ့ လုပ်ဆောင်ချက်ဖြစ်စဉ်တွေကိုထိန်းညှိရာမှာအရမ်းကိုအရေးပါတာဖြစ်ပါတယ်။ ကယ်လ်စီယမ်ကြွယ်ဝတာကြောင့်လည်း ခန္ဓာကိိုယ်ထဲကအယ်ကာလိုင်းအက်စစ်ထိန်းညှိမှုအတွက် အရေးပါပါတယ်။

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများမပြုလုပ်ပါ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021