ကိုပါအမေရိကအုပ်စု(ဂ) အဖွင့်ပွဲ ဥရုဂွေးဂိုးပြတ်အနိုင်ရခဲ့

ကိုပါအမေရိကအုပ်စု(ဂ) အဖွင့်ပွဲ ဥရုဂွေးဂိုးပြတ်အနိုင်ရခဲ့

၂၀၁၉ ကိုပါ အမေရိကအုပ်စု(ဂ) အဖွင့်ပွဲ အဖြစ် ဇွန် ၁၇ ရက် နံနက်ပိုင်းက ဥရုဂွေးနှင့် အီကွေဒေါတို့ ယှဉ်ပြိုင်ခဲ့ရာ ဥရုဂွေးအသင်းက လေးဂိုးပြတ်အနိုင်ရခဲ့ပြီး အဖွင့်လှခဲ့သည်။

ဥရုဂွေးအသင်း၌ အဓိကçကစားသမားများ ပါ ဝင်ခဲ့ပြီး အီကွေဒေါကို ဖိအားပေးကစားနိုင်ခဲ့ သည်။ ဥရုဂွေးသည် ပွဲချိန် ၆ မိနစ်တွင် ဦးဆောင်ဂိုးရရှိခဲ့ပြီး လိုဒီရိုက သွင်းယူပေးခဲ့၍ ပွဲကိုဦးဆောင်ခဲ့သည်။

ပွဲအလှည့်အပြောင်းမှာ ၂၄ မိနစ်၌ အီကွေဒေါကစားသမား ကွင်တီ ရော့စ် အနီကတ်ပြထုတ်ပယ်ခံရ၍ ဥရုဂွေး ကစားသမားတစ်ယောက်အသာရခဲ့သည်။ ဥရုဂွေးအတွက် ဒုတိယဂိုးကို ကာဗာနီက ပွဲချိန် ၃၃ မိနစ်တွင်သွင်းယူခဲ့ပြီး ဆွာရက်ဇ်က ပထမပိုင်းပြီးလုချိန်တွင် တတိယဂိုးသွင်းယူပေး ခဲ့သည်။

ဥရုဂွေးသည် ဒုတိယပိုင်း၌လည်း ခြေအသာ ဖြင့်ကစားခဲ့ပြီး ၇၈ မိနစ်တွင် လက်ဆောင် ဂိုးရခဲ့၍ လေးဂိုးပြတ်အနိုင်ရခဲ့သည်။ ဥရုဂွေး တိုက်စစ်ကိုဦးဆောင်ခဲ့သော ပီအက်စ်ဂျီတိုက် စစ်မှူး ကာဗာနီက ၂၀၁၉ ကိုပါအမေရိက ချန်ပီယံဖြစ်ရေးတိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေကြောင်း ပွဲအပြီး၌ ပြောဆိုခဲ့သည်။ ဥရုဂွေးသည် ကိုပါအမေရိကပြိုင်ပွဲသမိုင်း တစ်လျှောက် အအောင်မြင်ဆုံးအသင်းဖြစ် ပြီး ချန်ပီယံဆု ၁၅ ကြိမ်ရရှိထားသည်။

သို့ သော် ဥရုဂွေးသည် ၂၀ဝ၁ ခုနှစ်နောက်ပိုင်း ကိုပါအမေရိက ချန်ပီယံဆုနှင့် ဝေးကွာနေခဲ့ သည်။ ကာဗာနီက"ကျွန်တော်တို့ ကိုပါအမေ ရိက ချန်ပီယံဆုရဖို့ တိုက်ပွဲဝင်မှာပါ။ အဆင် သင့်ဖြစ်နေပါတယ်။ ပထမပိုင်းမှာရခဲ့တဲ့ အခွင့် အရေးကို အသုံးချနိုင်ခဲ့တယ်။ ပွဲကိုထိန်းချုပ် ကစားဖို့အတွက် တည်ငြိမ်မှုရှိစေခဲ့တာပါ"ဟု ပြောဆိုခဲ့သည်။

ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရသော ဘာ စီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်သည် ဂိုးသွင်း နိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့သည်။ ဆွာရက်ဇ်က အီ ကွေဒေါပွဲရလဒ်အတိုင်း ပွဲတိုင်းကစားမည်ဟု ကြုံးဝါးခဲ့သည်။ ဥရုဂွေးအသင်းသည် ယခုနှစ် ပြိုင်ပွဲတွင် အီကွေဒေါ၊ ဂျပန်၊ ချီလီတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ဂျပန်နှင့် အုပ်စုဒုတိယပွဲ ကစားမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး