ကလေးကအဖော်အရမ်းမက်တယ် ဘယ်လိုလုပ်ရမလဲ

ကလေးကအဖော်အရမ်းမက်တယ် ဘယ်လိုလုပ်ရမလဲ

ကလေးကအဖော်အရမ်းမက်လို့ ဘယ်လိုပြောရမှန်းကိုမသိတော့ဘူးဆိုတဲ့ မေမေတွေရှိလား။ ဒါဆိုရင်တော့ စိတ်မညစ်ပါနဲ့တော့။ ဒီနည်းလမ်းလေးတွေကိုလက်တွေ့အသုံးချကြည့်ဖို့ပြောပါရစေ။

အဖော်မက်တာကကလေးတွေရဲ့သဘာဝ

ကလေးတိုင်းလိုလိုကအဖော်မင်ကြသူတွေပါပဲ။ တစ်ယောက်တည်းမွေးထားတဲ့ကလေးတွေနဲ့အကြီးတွေနဲ့အရမ်းကွာတဲ့ကလေးတွေကအခြားကလေးတွေထက် ပိုပြီးအဖော်မက်ကြပါတယ်။ အဖော်မက်တာက ပြဿနာမဟုတ်ပေမယ့် ကလေးကအဖော်မက်တာအရမ်းလွန်ပြီး သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်ခံ၊ ခိုင်းဖက်ဖြစ်လာတာကတော့ ပြဿနာပါ။ မေမေတို့အနေနဲ့လည်းအရမ်းစိတ်မကောင်းဖြစ်မိမှာအမှန်ပဲလေ။ အဖော်မက်တဲ့ ကလေးလေးတွေကသူငယ်ချင်းတွေဘာပြောပြောခေါင်းညိတ်လုပ်ပေးလို့ သူ့ကိုခင်နေရင်ပြီးရောနေနေတာကအချိန်ကြာလာတဲ့အခါ ပြဿနာရှိလာနိုင်ပါတယ်။

ကလေးကအဖော်အရမ်းမက်တဲ့ပြဿနာကိုဒီလိုဖြေရှင်းပါ

လူဆိုတာအပေါင်းအသင်းပတ်ဝန်းကျင်ရှိရမှာမှန်ပေမယ့် အကျိုးမပြုဘဲအနိုင်ကျင့်တဲ့ ပတ်ဝန်းကျင်အခြေအနေကတော့ ကောင်းကျိုးထက် ဆိုကျိုးများလာနိုင်ပါတယ်။ ကလေးကအဖော်အရမ်းမက်နေပြီဆိုရင်….

ကလေးကိုအချိန်ပေးပါ

ကလေးတွေ အဖော်အရမ်းမက်ရတဲ့ ပြဿနာတစ်ခုက မိဘတွေကသူ့ကိုအချိန်လုံလောက်အောင် မပေးနိုင်တာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို နေ့စဉ် အချိန်ပေးနိုင်အောင်ကြိုးစားပေးပါ။

နားထောင်ပေးပါ

ကလေးတွေမှာလည်းငယ်သေးလို့ တွေးပူတာမရှိဘူး၊ စိတ်ဖိစီးမှုမရှိဘူးမထင်ပါနဲ့။ ကလေးတွေမှာလည်းရင်ဖွင့်ချင်တဲ့့ အကြောင်းအရင်းတွေရှိနေပါတယ်။ ဒါကြောင့် ကလေးရဲ့ အရင်းနှီးဆုံးရင်ဖွင့်ဖော်က မေမေကိုယ်တိုင်ဖြစ်နေပါစေ။

ယုံကြည်မှုရှိအောင်မွေးပေးပါ

ကလေးကိုလူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ မျက်လုံးကိုကြည့်ပြီး ပြောတတ်အောင် လေ့ကျင့်ပေးပါ။ ကလေးကိုကိုယ့်ကိုကိုယ်ယုံကြည်မှုပြည့်နေအောင်မွေးမြူပေးပါ။ အခြားသူတွေနဲ့ ဆက်ဆံတဲ့အခါတိုင်း ယုံကြည်မှုရှိနေတော့ ကလေးကအခြားကလေးတွေကို အောက်ကျခံပြီးပေါင်းနေတာမျိုးနည်းသွားနိုင်ပါတယ်။

နွေးထွေးစွာဆက်ဆံပါ

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားတဲ့ ကလေးတွေကအဖော်မင်ခဲကြပါတယ်။ ဒါကြောင့် ကလေးကို မေမေနဲ့ဖေဖေက ထွေးထွေးပိုက်ပိုက်ဆက်ဆံပေးပါ။

ပေါင်းသင်းဆက်ဆံတတ်အောင်သင်ပေးပါ

ပေါင်းသင်းဆက်ဆံမှုအရည်အချင်းကကလေးရယ်၊ လူကြီးရယ်မှမဟုတ်ပါဘူး။ အရွယ်တိုင်းမှာရှိသင့်တာပါ။ ဒါကြောင့် ကလေးကိုလူမှုပေါင်းသင်းဆက်ဆံရေးကောင်းအောင် သင်ကြားထားပေးပါ။ ကလေးကိုမိသားစုထဲမှာလည်းလွတ်လွတ်လပ်လပ်ပြောဆိုခွင့်ပေးထားပါ။ နားမလည်တာကိုပြန်မေးခွင့်ပြုပေးပါ။

ကလေးကို အိမ်မွေးတိရစ္ဆာန် လေးမွေးပေးပါ

ကိုယ်ပိုင်အိမ်မွေးတိရစ္ဆာန်ရှိတဲ့ကလေးလေးတွေကအဖော်သိပ်မမက်တတ်ကြပါဘူး။ အကြောင်းကသူ့မှာရင်ဖွင့်ဖော်၊ အတူကစားဖော်လေးရှိနေတာကိုး။ ဒါကြောင့် ကလေးကိုကာကွယ်ဆေးအပြည့်အစုံထိုးထားပြီးသားအိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လောက်မွေးပေးတာလည်းထိရောက်တဲ့နည်းလမ်းတစ်ခုပါ။

ကလေးကို ကျောင်းလိုက်ပို့ပါ

ကလေးကို ကျောင်းလိုက်ပို့လို့ ကလေးရဲ့ သူငယ်ချင်းတွေနဲ့ ရင်းနှီးရမှုရယူပါ။ ဒါကလည်းကလေးကိုသူငယ်ချင်းကောင်းတွေရစေပြီးအဖော်အရမ်းမက်တဲ့ပြဿနာကိုဖြေရှင်းပေးနိုင်မှာပါ။ ကလေးကသူငယ်ချင်းများလေလေအဖော်အရမ်းမက်ပြီးအနိုင်ကျင့်ခံရနိုင်ခြေနည်းလေလေပါ။

ကလေးနဲ့အတူကစားပေးပါ

မေမေ၊ ဖေဖေတွေကကလေးရဲ့ ပထမဆုံးသူငယ်ချင်းတွေဆိုတာမမေ့ပါနဲ့။ အချိန်မအားရင်တောင်မှာကလေးကိုအချိန်ပေးပြီးအတူတူကစားပေးပါ။ ဖေဖေမေမေတို့နဲ့ အတူကစားနေရတာကြောင့် ကလေးကအခြားကလေးတွေနဲ့ဆော့ဖို့အချိန်နည်းသွားနိုင်ပါတယ်။

ကဲ ……အဖော်အရမ်းမက်တဲ့ သားသားမီးမီးလေးတွေကိုအဖော်မက်တာကြောင့် အနိုင်ကျင့်ခံရမှုကနေကာကွယ်ရအောင်လား မေမေတို့ရေ………………

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများမပြုလုပ်ပါ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021