ရေတာရှည်မြို့နယ်တွင် ခွင့်ဖြင့်ပြန်လာသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးက ဇနီးဖြစ်သူနှင့် လူမှုရေး ကိစ္စ စကားများရန်ဖြစ်ကာ ဇနီးကိုဓားဖြင့်ထိုးသတ်မှု ဇွန် ၁၇ ရက်က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ည၆နာရီမိနစ်၂၀ တွင် ရေတာရှည်မြို့နယ် အောင်ချမ်းသာကျေးရွာသစ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
" ပြစ်မှုကျူးလွန်သူက နယ်ခြားစောင့်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ အမျိုးသမီးက အောင်ချမ်းသာကျေးရွာ မူလတန်းကျောင်းမှာ ကျောင်းဆရာမလုပ်တယ်။ သူက ဒီကိုခွင့်နဲ့ပြန်လာတဲ့ အချိန်မှာလူမှုရေးကိစ္စစကားများရန်ဖြစ်တာကနေ ဓားနဲ့ထိုးသတ်တယ်။လောလောဆယ်တော့ ရဲလုပ်ငန်းစဉ် အတိုင်းအရေးယူဆောင်ရွက်ထားတယ်" ဟု သာဂရနယ် မြေ ရဲစခန်းမှူး ရဲအုပ်အောင်နိုင်ဦးက ပြောသည်။
ပြစ်မှုကျူးလွန်သူမှာ သမိုင်းစည်သူ (၂၉ နှစ်) ဖြစ်ပြီး သေဆုံးသူဇနီးမှာ ဒေါ်ထက်အိန္ဒြေဇော်(၂၇)နှစ်ဖြစ်သည်။ သာဂရနယ်မြေရဲစခန်းက(ပ) ၆၄/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ ပြစ်မှုကျူးလွန်သူ ကိုအမှုဖွင့်အရေးယူထားသည်။

















