အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ တွေ့ဆုံမည့်နေရာ အခက်အခဲရှိမှုကြောင့် ပဏာမ အပစ်ရပ်ဆွေးနွေးပွဲ ကြန့်ကြာ

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ တွေ့ဆုံမည့်နေရာ အခက်အခဲရှိမှုကြောင့် ပဏာမ အပစ်ရပ်ဆွေးနွေးပွဲ ကြန့်ကြာ

ပြည်ထောင်စုအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ တွေ့ဆုံမည့်နေရာအခက်အခဲကြောင့် ပဏာမအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲပြုလုပ်ရန် ကြန့်ကြာနေကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကြားဝင်ညှိနှိုင်းနေသည့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးဆမ်အောင်က မြန်မာတိုင်းမ်နေ့စဉ်သို့ ဇွန် ၁၈ ရက်က ပြောဆိုခဲ့သည်။

အစိုးရဘက်က အဆိုပြုထားတာက မူဆယ်မြို့။ အခုချိန်အထိ ညှိနှိုင်းနေဆဲပဲရှိသေးတယ်။ သဘောတူညီချက်မရသေးဘူး။ ပြီးခဲ့တဲ့လကတည်းက ဆွေးနွေးပွဲပြုလုပ်ဖို့ကို အခုချိန်အထိ မကျင်းပနိုင်သေးဘူး"ဟု ၎င်းက ပြောဆိုသည်။

အစိုးရဘက်က နေပြည်တော်၊ ရန်ကုန်နှင့် လားရှိုးမြို့များတွင် ဆွေးနွေးပွဲကျင်းပရန် တိုင်းရင်းသားလက်နက်ကိုင်များထံ အဆိုပြုထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်လေးဖွဲ့က "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)ဌာနချုပ်ရှိရာ ပန်ဆန်းမြို့၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် မူဆယ်မြို့တို့၌သာကျင်းပရန် ပြန်လည်အဆိုပြုခဲ့သည်။

တွန့်ဆုတ်နေ

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ် (KIO)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)နှင့် ရခိုင်အဖွဲ့တို့သည် လွန်ခဲ့သည့် ဧပြီ ၃၀ ရက်က မူဆယ်မြို့၌ နောက်ဆုံး တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး လုံခြုံရေးအခြေအနေကြောင့် ယင်းမြို့တွင်ထပ်မံကျင်းပရန် အစိုးရဘက်က တွန့်ဆုတ်နေခြင်းဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး