ဗိုက်ကတော့မချောင်သေးဘူးစားစရာနောက်တစ်ခုခုကပါးစပ်ထဲရောက်နေပြီ၊ တစွတ်စွတ်နဲ့စားမိနေတာဗိုက်လည်းမဆာဘဲနဲ့လေ။
စားမိနေတုန်းတော့မသိသေးဘူး၊ ပြန်စဉ်းစားကြည့်လိုက်ရင် တစ်နေ့တာမှာစားခဲ့မိတာစုံလို့။ ဒီလိုစားမိတာအစာအိမ်အတွက်ရော ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ မကောင်းပါဘူး။ ဝိတ်တွေတက်လာမယ်၊ အစာမကြေဖြစ်မယ်၊ အစာအိမ်ကျယ်လာနိုင်တယ် စတဲ့ အကျိုးဆက်တွေရှိလာနိုင်တာပေါ့။ ဒါကိုထိန်းချုပ်ဖို့ အတွက် ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းခံတော့ သိထားဖို့လိုပါတယ်။
ဘာကြောင့် မဆာဘဲစားမိနေတာလဲဆိုတာ ဖြစ်နိုုင်ခြေကတော့ –
စိတ်ဖိစီးမှု
စိတ်ဖိစီးတာ ကြာရှည်လာရင် ခန္ဓာကိုယ်မှာထွက်လာတတ်တဲ့ cortisol ဟော်မုန်းကြောင့် အစားတွေပိုစားမိတတ်တယ်။
စိတ်ဖိစီးမှုကအမြဲလက်တကမ်းမှာရှိနေတယ်ဆိုရင် အဲ့ဟော်မုန်းကမြင့်တက်နေပြီးသရေစာတွေပဲဖြစ်ဖြစ် တောက်လျှောက်စားနေမိမှာပဲ။အားမရှိလို့ကိုယ်ကလုံလုံလောက်လောက်အနားမယူတဲ့အခါ ဆာလောင်မှုကိုဖြစ်စေတဲ့ghrelin ဟော်မုန်းပမာဏကို မြင့်တက်စေပါတယ်။
တချိန်တည်းမှာပဲဆာလောင်မှုနဲ့အစားစားချင်စိတ်ကိုလျော့စေတဲ့ leptin ဟော်မုန်းပမာဏကကျဆင်းသွားပါတယ်။ ဒီဟော်မုန်းနှစ်မျိုးကဆာလောင်စိတ်ကိုထိန်းချုပ်ပေးတာပါ။ အနားယူချိန်မလုံလောက်လို့ အားမရှိ၊ နွမ်းနယ်တဲ့အခါ အစာကိုပိုတောင့်တစေပါတယ်။ ဒါ့ကြောင့် ခုလေးတင်စားပြီးတယ် ထပ်စားချင်နေပြန်ပြီဆိုတာမျိုး ဖြစ်လာပါတယ်။
စိုးရိမ်ပူပန်မှု
စိုးရိမ်ပူပန်စိတ်တွေကအစားအသောက်မူမမှန်ခြင်းတွေနဲ့ အရမ်းကိုသက်ဆိုင်ပါတယ်။ အများကြီးစားတာကစိုးရိမ်စိတ်တွေနဲ့ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ဖို့ ကိုယ်ရွေးချယ်တဲ့နည်းလမ်းတစ်ခုဖြစ်နေနိုင်ပါတယ်။ မျိုးဗီဇ၊ စိတ်ကျခြင်း၊စိတ်အပြောင်းအလဲနဲ့ဆိုင်တဲ့ဝေဒနာကအစစိတ်ဒဏ်ရာ၊
စွဲလမ်းမှုနဲ့မူးယစ်ဆေးသုံးတာတွေအထိတခြားအရာတွေကြောင့်လည်းစိတ်ကိုပြောင်းလဲစေပြီးအစားအသောက်မူမမှန်ဖြစ်စေနိုင်တယ်။
အပေါင်းအသင်း
တစ်ခါတလေအဖော်ကောင်းလို့လည်းခဏခဏစားနေမိတတ်ပါတယ်။ လူစုံတာနဲ့ ဆာလည်းစားမဆာလည်းစား၊ စားရင်းစကားပြောရင်းနဲ့ အချိန်ကုန်တတ်ကြတယ်။
အရက်
အရက်သောက်တတ်တဲ့သူတွေမှာအစားအသောက်နဲ့ပတ်သက်တဲ့ဆင်ခြင်ချင့်ချိနိ်ုင်စွမ်းကိုကျဆင်းစေပါတယ်။အရက်သောက်သူတွေဟာအဆီနဲ့အချိုများတဲ့အစားအသောက်တွေလိုမျိုးကျန်းမာရေးနဲ့မညီတာတွေကိုပိုစားမိလေ့ရှိပါတယ်။ လေ့လာမှုတွေအရတော့ အရက်သောက်ခြင်းက ကိုယ့်ကိုယ်ကိိုထိန်းချုပ်နိုုင်စွမ်းနဲ့ဆိုင်တဲ့ဦးနှောက်အပိုင်းကို ထိခိုက်စေလို့ အရသာရှိတဲ့သရေစာတွေကို ငြင်းဆန်နိုင်ဖို့ခက်ခဲစေပါတယ်တဲ့။
အစားအသောက်ပုံတွေ
ဖေ့စ်ဘုတ်မှာ တွေ့နေရတဲ့အစားအသောက်ပုံတွေကစားချင်စိတ်မဖြစ်ဖြစ်လာအောင်ဆွဲဆောင်နေပါတယ်။ဒီလိိုပုံတွေကြောင့်လည်းစားချင်စိတ်တွေတဖွားဖွားပေါ်လာပြီးမဆာလည်းအိမ်မှာရှိသမျှရှာစားရတဲ့အထိ ဖြစ်လာစေပါတယ်။
တကယ်ရောဆာလို့လား…
တကယ်ဆာလောင်မှုဆိုတာ ဖြည်းဖြည်းချင်းဖြစ်လာပြီးခဏအောင့်ထားလို့လည်းရပါတယ်။အဆာပြေအောင်စားလိုက်ရတယ်ဆိုလည်းစိတ်ကျေနပ်သွားဖို့လွယ်ပါတယ်။စိတ်ကစားချင်လာပြီးမဆင်မခြင်စားတာမျိုးကရုတ်တရက်ဖြစ်လာတတ်ပြီးအစားအစာအမျိုးအစားတချို့ကိုမက်မက်မောမော တောင့်တနေတတ်ပါတယ်။
ဗိုက်မဆာဘဲစားမိပြီးကာမှအပြစ်လုပ်မိသလိုလို နောင်တရသလိုလိုဖြစ်လာရော။မဆင်မခြင်မစားမိအောင် ဘယ်လိုလုပ်ရမလဲ
စိတ်ကိုဖြေသိမ့်နိုင်မယ့်တခြားနည်းလမ်းတွေကိုရှာပါ။
ဥပမာအားကစားလုပ်တာ၊တရားထိုင်တာ၊မဖြစ်မနေစားရမယ်ဆိုရင်တောင်ကျန်းမာရေးနဲ့ညီတာတွေကို ရွေးချယ်ပါ။သူငယ်ချင်းတွေနဲ့တွေ့မယ်ဆိုအစားအသောက်တွေကြားမှာမဆုံပါနဲ့။အပြင်စာတွေခဏခဏဝယ်စားတဲ့အကျင့်ကို လျှော့ပါ။HelloHealthGroupသည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများမပြုလုပ်ပါ။

















