ကိုပါအမေရိကအုပ်စုဒုတိယပွဲ အာဂျင်တီးနား အနိုင်မရပြန်

ကိုပါအမေရိကအုပ်စုဒုတိယပွဲ အာဂျင်တီးနား အနိုင်မရပြန်

အာဂျင်တီးနားအသင်းသည် ဇွန် ၂ဝ ရက် နံနက်ပိုင်းက ၂ဝ၁၉ ကိုပါအမေရိက အုပ်စုဒုတိယပွဲအဖြစ် ပါရာဂွေးနှင့်ယှဉ်ပြိုင်ခဲ့ ရာ အနိုင်မရခဲ့ဘဲ ၁ ဂိုးစီသရေသာ ကစားနိုင် ခဲ့သည်။

အာဂျင်တီးနားသည် အုပ်စုအဖွင့်ပွဲ တွင် ကိုလံဘီယာကို ၂ ဂိုးပြတ်ရှုံးနိမ့်ခဲ့၍ ပါရာဂွေးပွဲ၌ အာရုံစူးစိုက်မှုအပြည့်ဖြင့် ကစား ခဲ့သော်လည်း အနိုင်မရခဲ့ပေ။ အာဂျင်တီးနား နည်းပြစကာလိုနီသည် တိုက်စစ်၌ မက်ဆီနှင့် မာတီနက်ဇ်ကို တွဲဖက်ခဲ့ပြီး ကွင်းလယ်တွင် ပါရာဒက်စ်၊ လိုဆယ်လို၊ ပီရီယာနှင့် ဒီပေါလ် တို့ ကစားခဲ့ကြသည်။

ပါရာဂွေးသည် တိုက်စစ် ၌ ဆန်လန်ဒါကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့ပြီး အာဂျင်တီးနားအားရင်ဆိုင်ခဲ့ သည်။ ပါရာဂွေးသည် ပွဲချိန် ၃၇ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့ပြီး ဆန်းချက်ဇ်က သွင်းယူပေး ခဲ့သည်။ အာဂျင်တီးနားသည် ဦးဆောင်ဂိုးပေး ခဲ့ရပြီးနောက် ချေပဂိုးပြန်လည်သွင်းယူနိုင်ရန် တိုက်စစ်မြှင့်ခဲ့သည်။ အာဂျင်တီးနားသည် ပွဲ ချိန် ၅၇ မိနစ်တွင် ချေပဂိုးရခဲ့ပြီး မက်ဆီက ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။

ပါရာဂွေးသည် ပွဲချိန် ၆၃ မိနစ်တွင် ပင်နယ်တီရခဲ့ပြီး တိုက်စစ်မှူးဂွန်ဇာလက် ကန် သွင်းခဲ့သည့်ကို အာဂျင်တီးနားဂိုးသမား အာ မာနီ ကာကွယ်နိုင်ခဲ့သည်။ အာဂျင်တီးနားသည် အုပ်စုဒုတိယပွဲအပြီး နောက်တစ်ဆင့်တက် ရောက်ရန်မှာ မရေမရာဖြစ်နေသည်။

အုပ်စု ဒုတိယပွဲအပြီး ကိုလံဘီယာမှာ ၆ မှတ်ဖြင့် အုပ်စုပထမနေရာတွင်ရပ်တည်နေပြီး ပါရာ ဂွေးမှာ ရမှတ် ၂ မှတ်ဖြင့် အုပ်စုဒုတိယနေရာ တွင်ရပ်တည်နေသည်။ အာဂျင်တီးနားသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဇွန် ၂၄ ရက်တွင် ဧည့်သည်အသင်း ကာတာနှင့် ကစားရမည် ဖြစ်ပြီး အနိုင်ရရှိရန် အထူးလိုအပ်နေသည်။

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီ က အသင်းအနေဖြင့် ကိုပါအမေရိက ပြိုင်ပွဲတွင် လက်ရှိအချိန်အထိ ရှိနေခြင်းက ကံကောင်းဟု ပါရာဂွေးနှင့်ပွဲအပြီး ပရိသတ် များအား အသိပေးပြောဆိုခဲ့သည်။ အာဂျင် တီးနားသည် ၁၉၉၃ ခုနှစ်နောက်ပိုင်း ကိုပါ အမေရိကချန်ပီယံဆုနှင့် ဝေးကွာနေသည်။



ဖတ်ရှုမှုအများဆုံး