ဘွန်ဒက်စ်လီဂါမှာရှိနေကြတဲ့ ပြင်သစ်လူငယ် ကစားသမားများ

ဘွန်ဒက်စ်လီဂါမှာရှိနေကြတဲ့ ပြင်သစ်လူငယ် ကစားသမားများ

ဂျာမန်ဘွန်ဒက်စ်လီဂါမှာ ပြင်သစ်လူငယ် ကစားသမားတွေ ရှိနေကြပါတယ်။ လက်ရှိဒီဘက်နှစ်များမှာတော့ ပြင်သစ် ရနံ့တွေရှိနေတဲ့ လူငယ်ကစားသမားတွေကတော့ ကိုမန်၊ အက်ဘ်ဒူဒီယာလိုနဲ့ လူးကပ်စ်ဟာနန်ဒက်ဇ်တို့ပဲ ဖြစ်ကြပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ ထူးခြားတဲ့ အရည် အသွေးရှိတဲ့ ကစားသမားတွေဖြစ်နေကြပြီး၊ ထိပ်တန်း အဆင့်ရှိတဲ့ ပလေယာတွေဆိုရင်လည်း မမှားပါဘူး။ အဲဒီ ပါရမီရှင် လူငယ်ကြယ်ပွင့်တွေဟာ ၂ဝ၁၈ ဖီဖာ ကမ္ဘာ့ဖလားကနေ မွေးထုတ်ပေးလိုက်တဲ့သူတွေပါပဲ။

၂ဝ၁ဝ ကျော်လာတဲ့ ဒီဘက်နှစ်များ ၂ဝ၁၂−၁၃ မှာ ဂျာမနီရဲ့ အဆင့်မြင့်တန်း ဘွန်ဒက်စ်လီဂါမှာ မျက်မှောက် ပြု ကစားနေတဲ့ ပြင်သစ်ကစားသမား သုံးဦးရှိပါတယ်။ သူတို့ကတော့ ဘိုင်ယန်မြူးနစ်က ဖရန့်ခ်ရီဘာရီ၊ ဖရိုင်းဘတ်က ဂျိုနသန်ဆက်ချ်မစ်၊ ဟော့ဖန်ဟိမ်းက မက်သယူးဒဲလ်ပီယာရီ တို့ပါပဲ။၂ဝ၁၅−၁၆ လောက်မှာ အသက် ၁၄ နှစ်ကနေ ၂ဝ အတွင်းရှိတဲ့ ပြင်သစ်လူငယ်တွေ ဂျာမနီ မြေပေါ်လာကစားကြပြီး ၂ဝ၁၈−၁၉ မှာတော့ ၂၃ နှစ်ဝန်းကျင် လူငယ်တွေ လာကစားကြတာတွေ့ရတယ်။ သူတို့ဟာ ဂျာမန်ရဲ့ ဒုတိယအဆင့်အတန်းရှိတဲ့ ကလပ်တွေမှာ ကစားကြတာပါ။ သြစတြီးယားလိဂ်မှာ ကစားတဲ့သူ အရေအတွက်ကတော့ ၃ဝ လောက်ရှိတယ်။

အဲဒီအချိန်တွေလောက်မှာ အမေရိကန် ကြယ်ပွင့်တွေ ဖြစ်တဲ့ ဝက်စ်စတန်မက်ကင်န်နိုင်း၊ တေလာအဒမ်၊ ဂျော့ချ် ဆားဂျင့် တစ်ချိန်တည်းမှာပဲ ဗြိတိသျှလူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ ဂျက်ဒန်ဆန်ချိုလည်း ကစားနေပါပြီ။ နောက် နယ်လ်ဆင်၊ စမစ်ရိုဝီ၊ ရက်ဘီမက်တွန်ဒိုတို့လည်း ရှိကြပါ သေးတယ်။ပြင်သစ်လူငယ်ပလေယာတွေအတွက် တံခါးဖွင့်ထား ပါတယ်။ အဲဒါက ၁၉၆ဝ ပြည့်နှစ်လွန်လောက်ကတည်း ကပါ။ အဲဒီအချိန်က ဘွန်ဒက်စ်လီဂါဟာ အခုလောက်ထိ အဆင့်မမြင့်သေးဘူး။ ပြင်သစ်ကစားသမားတွေဟာ အီတလီ ဒါမှမဟုတ် အင်္ဂလန်မြေတွေပေါ်မှာ သွားကစား ကြတာဖြစ်တယ်။ ပြင်သစ် ယူ−၂၁ ကစားသမားလေးတွေ ဟာ ဝါဒါဘရီမင်၊ ဘိုင်ယန်မြူးနစ်နဲ့ ဟန်နိုဗာတို့မှာ ၂ဝဝဝပြည့်နှစ်အလွန်တွေမှာ ကစားနေကြပြီ ဖြစ်ပါတယ်။

နောက်ပိုင်းတော့ ပြင်သစ်လူငယ်ကစားသမားတွေ ဂျာမနီမြေပေါ် ရောက်လာကြပါတယ်။ လီဇာရာဇူး၊ ရီဘာရီ၊ဒမ်ဘီလီတို့ဟာ ထင်ရှားတဲ့ ကစားသမားတွေပဲပေါ့။ ဒမ်ဘီလီဆိုရင် ဒေါ့မွန်နဲ့ ၂ဝ၁၆ ခုနှစ်မှာ လက်မှတ်ရေးထိုး စာချုပ်ခဲ့တယ်။ အဲဒီအချိန်မှာ သူ့အသက်က ၁၉ နှစ်ပဲ ရှိသေးတယ်။ လူငယ်တစ်ယောက်ဖြစ်ပေမဲ့ နိုင်ငံတကာ အဆင့်အတန်း ခြေစွမ်းခြေစ ကိုယ်ရည်ကိုယ်သွေး ရှိနေပြီ ဖြစ်ပါတယ်။တချို့ လူငယ်ကြယ်ပွင့်တွေဟာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေ ကြပြီဖြစ်ပါတယ်။ လေဗာကူဆင်ရဲ့ အားကစားဒါရိုက်တာ ရူဒီဗောင်လာဟာ PSG က ဒီယာဘေကို လက်မှတ်ရေးထိုး ခေါ်ယူခဲ့တယ်။ သူက ပြင်သစ် U-20 လက်ရွေးစင် ကစား သမားတစ်ဦးပါ။

အဲဒီအချိန်ဒေါ့မွန်မှာ ဇာဂါဒူးနှင့် ဒိုင်ယာလိုတို့ ရှိနေ ကြပြီး၊ လိုက်ပဇစ်မှာတော့ ဒါယော့၊ ကာနို၊ ကွန်တေ၊ ယန်းကီဗင်အောဂတ်စတင်းနဲ့ နော်ဒီမူကိုင်လီတို့ ရှိနေကြ တယ်။ မွန်ချင်ဂလက်ဘတ်မှာ မီခေးလ်နဲ့ ဒိုကိုရီ၊ ဖရန့်ဖတ် မှာ အီဗင်ဒစ်ကာတို့ ရှိနေတယ်။ သူတို့အားလုံးဟာ ပြင်သစ်လူငယ်အင်တာနေရှင်နယ်က မွေးထုတ်ပေးလိုက်တာဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာ ဝါရင့်ကစားသမားတွေနေရာ အစားထိုးဝင်ရောက်နေရာယူလာနိုင်ခဲ့ကြတယ်။

သူတို့အားလုံးဟာ ဘွန်ဒက်စ်လီဂါမှာ သူတို့ရဲ့ အခွင့် အလမ်းကောင်းတွေကို ရှာဖွေနိုင်ခဲ့ကြပါတယ်။ မိန့်ဇ်ရဲ့ အားကစားဒါရိုက်တာ ရိုဗင်ရှရူးဒါးက ''ဒါဟာ ကြီးမားတဲ့ အချက်အလက်တစ်ခုဖြစ်ပြီး သူတို့ဟာ အရေးပါတဲ့ အဆင့်အတန်းကို ရောက်ရှိလာကြလိမ့်မယ်'' လို့ ဆိုပါတယ်။ရှော်လ်ကေးရဲ့ တောင်ပံတိုက်စစ်မှူးအင်နီဟတ်ဆိုရင် ပြင်သစ်မှာ မွေးခဲ့ပြီး မော်ရိုကို လက်ရွေးစင်အဖြစ် ကစား ကာ ၂ဝ၁၆ မှာ နန့်တက်စ်ကနေ ပြောင်းရွှေ့ရောက်ရှိလာ တာ ဖြစ်ပါတယ်။ သူက ၂ဝ၁၆ မှာ ကျင်းပခဲ့တဲ့ ဥရောပ U-19 ချန်ပီယံရှစ်မှာ ပါဝင်ခဲ့ဖူးပါတယ်။

ပြင်သစ်လူငယ်ကစားသမားတွေအတွက် ဂျာမနီမြေ ဟာ ဖွံ့ဖြိုးတိုးတက်မှုတွေ အခွင့်အလမ်းတွေ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရနံ့တွေကို ပေးစွမ်းနိုင်စွမ်းရှိတာကို တွေ့နေ ရပါတယ်။ ဘွန်ဒက်စ်လီဂါမှာ ထိပ်တန်းကလပ်တွေရှိနေ ပြီး အဲဒီမှာ သူတို့ဟာ စဉ်ဆက်မပြတ် သင်ယူနေကြပါ တယ်။ကစားသမားတွေဟာ ဘောလုံးနဲ့ ပတ်သက်တဲ့ အချက် အလက်တွေ ရှိရာဆီကို ခရီးနှင်နေကြပါတယ်။ မျက်နှာသစ် ကစားသမားတွေလည်း ရှိလာနေမှာပါ။ ပြင်သစ် ကစားသမားအများစုကတော့ ပြင်သစ်လီဂူး ၁ နှင့် ၂ တွေမှာကစားနေကြတာပါ။လိုက်ပဇစ် နည်းပြဟောင်းနဲ့ အားကစားဒါရိုက်တာ ရက်ပက်လ်ရန်းဒရစ်ခ်ကတော့ ဒီလိုသုံးသပ်ပါတယ်။

''လူငယ်ကစားသမားတွေကို ကြည့်လိုက်စမ်းပါ။ သူတို့ဟာ ဘောလုံးသမားဆိုတဲ့ လမ်းကြောင်းမှန်ပေါ်ကို ရောက်နေ ကြပြီး ဒါဟာ ပြင်သစ်ရဲ့ ကောင်းမွန်တဲ့ စျေးကွက်တစ်ခု ပါပဲ''လို့ ဆိုပါတယ်။အဲဒီနေရာမှာ အရည်အချင်းပြည့် ကစားသမားတွေ ရှိလာပြီး နိုင်ငံတကာ အဆင့်ရှိ ကစားသမားတွေလည်း ပေါ်ထွန်းလာနိုင်ပါတယ်။ နောက်ပြီး သူတို့ဟာ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး စျေးမကြီးဘူး။ ပေါ့ပေါ့ပါးပါးပဲလို့ ဆိုပါတယ်။ ဒါကို ကလပ်တွေရဲ့ အားကစားဒါရိုက်တာတွေ က သဘောကျကြတယ်။ ဒီလူငယ်ကစားသမားတွေဟာ နည်းစနစ်နဲ့ အံဝင်ပြီး သူတို့ကို စျေးကြီးကြီးနဲ့ တခြား ကလပ်တွေဆီ ရောင်းထုတ်နိုင်တယ်။၂ဝ၁၆ လောက်မှာ စတုဂတ်ဟာ အသက် ၂ဝ ဝန်းကျင် ရှိတဲ့ လူငယ်တွေကို စုဆောင်းခဲ့တယ်။ အခုအချိန်မှာ အဲဒီအကျိုးကို သူတို့ခံစားနေရပြီလို့ ဆိုပါတယ်။ ဂျာမနီက လေ့ကျင့်ရေးနည်းနာတွေ ကောင်းမွန်ပြီး ဖွံ့ဖြိုးမှုကို အလျင်အမြန် တိုးတက်စေပါတယ်။ နောက် လာမယ့်မျိုးဆက်သစ် လူငယ်တွေအတွက်လည်း တံခါးဖွင့်ထားတယ်။ ဒီလူငယ် တွေဟာ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ခြေစွမ်းပြလာ နိုင်လိမ့်မယ်လို့ ယုံကြည်နေတဲ့သူတွေရှိတယ်။ ဂျာမနီမြေပေါ်မှာ ပြင်သစ်လူငယ်ကစားသမားတွေ ဘယ်လောက်ထိ ရှင်သန်ဖွံ့ဖြိုးနိုင်မလဲဆိုတာကတော့ စောင့်ကြည့် လေ့လာသုံးသပ်ရမှာ ဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး