AH1N1 တုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူ ငါးဦးအထိရှိနေ

AH1N1 တုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူ ငါးဦးအထိရှိနေ

၂၀၁၉ ခုနှစ် ဇွန်လ အစောပိုင်းကတည်းက Influenza  AH1N1 တွေ့ရှိလူနာ ၁၄ ဦး တွေ့ရှိခဲ့ပြီး ဇွန်လ ၂၀ ရက်နေ့ထိသေဆုံးသူ ၅ ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ၄ ဦးနှင့် စစ်ကိုင်းဒေသကြီးမှ တစ်ဦးသေဆုံးခဲ့ကြောင်း ဇွန်လ ၂၀ ရက်နေ့က နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

"သေဆုံးတဲ့သူတွေ ကြည့်မယ်ဆိုရင် အသက်ကြီးတဲ့ သူတွေနဲ့ အသက်အရမ်းငယ်တဲ့ ကလေးတွေကို တွေ့ရပြီး နောက်တခုက ရောဂါအခံရှိတဲ့သူတွေဖြစ်လို့ဆိုရင် သေဆုံးနိုင်ခြေများတယ်"ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေးဦးစီဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ ကပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တိုင်းဒေသကြီးပြည်နယ်များတွင်ရှိသော ဆေးရုံကြီး ၈ ရုံတွင် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်များကို ဆောင်ရွက်နေကြောင်း သိရသည်။

 "ကိုယ့်ကိုကို ကာကွယ်နိုင်ဖို့အတွက်က အချက် ၃ ချက်ရှိပါတယ် ချောင်းဆိုးတိုင်းနှာချေးတိုင်း နှာခေါင်းနဲ့ ပါးစပ်ကို သေချာစွာ ဖုံးအုပ်ခြင်း။ လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးခြင်း၊ လူထူထပ်တဲ့ နေရာကို သွားခြင်းကနေ ရှောင်ကြဉ်ခြင်းပဲ"ဟု ကျန်းမာရေးအသိပညာပေးမြှင့်တင်ရေးဦးစီးဌာန မှညွှန်ကြားရေးမှူး  ဒေါ်ဖြူဖြူအေးက ပြောသည်။

AH1N1 ရောဂါပိုးသည် ရန်ကုန်တိုင်းဒေသကြီးတွင် အဖြစ်အများဆုံးဖြစ်ကာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွားသူများရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး