၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ယနေ့စတင်မည် ဆာလက်ချ်အား အီဂျစ်အသင်းခေါင်းဆောင် ချီးကျူး

၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ယနေ့စတင်မည် ဆာလက်ချ်အား အီဂျစ်အသင်းခေါင်းဆောင် ချီးကျူး

အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ယနေ့စတင်မည်ဖြစ်ပြီး အိမ်ရှင်အီဂျစ်နှင့် ဇင် ဘာဘွေတို့ ကစားကြမည်ဖြစ်သည်။

ယခုနှစ် ပြိုင်ပွဲသည် ၃၂ ကြိမ်မြောက်ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၉ ရက် အထိယှဉ်ပြိုင်မည်ဖြစ်သည်။ ၂၀၁၉ အာဖရိက နိုင်ငံများဖလားပြိုင်ပွဲတွင် အသင်းပေါင်း ၂၄ သင်းယှဉ်ပြိုင်ကြမည်ဖြစ်ပြီး လက်ရှိချန်ပီယံ အသင်းမှာ ကင်မရွန်းဖြစ်သည်။

အုပ်စုA တွင် အိမ်ရှင်အီဂျစ်၊ ယူဂန်ဒါ၊ ဇင်ဘာဘွေနှင့် DR ကွန်ဂိုတို့ပါဝင်နေပြီး အုပ်စု B တွင် နိုင်ဂျီးရီးယား၊ ဘူရွန်ဒီ၊ ဂူနီယာနှင့် မာဒါ ဂါစတာတို့ပါဝင်နေသည်။ အုပ်စု C တွင် အယ်ဂျီးရီးယား၊ ကင်ညာ၊ ဆီနီဂေါနှင့် တန် ဇန်းနီးယားတို့ ကစားမည်ဖြစ်ပြီး အုပ်စု D တွင် အိုင်ဗရီကို့စ်၊ မော်ရိုကို၊ နမီးဘီးယားနှင့် တောင်အာဖရိကတို့  ကစားမည်ဖြစ်သည်။

အုပ်စု E တွင် အန်ဂိုလာ၊ မာလီ၊ မော်ရီတားနီး ယားနှင့်တူနီးရှားတို့ တစ်အုပ်စုတည်းကျရောက် နေကာ အုပ်စု F တွင် လက်ရှိချန်ပီယံကင်မရွန်း၊ ဂါနာ၊ ဘီနင်နှင့် ဂူနီယာဘစ်ဆူတို့ ကစားကြ မည်ဖြစ်သည်။

၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ကို မူလက ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၃ ရက် အထိကျင်းပရန်စီစဉ်ခဲ့သော်လည်း ရာမာဒန် ဥပုသ်ကာလနှင့် ရက်တိုက်ခဲ့သောကြောင့် နောက်ဆုတ်ကျင်းပခြင်းဖြစ်သည်။

အိမ်ရှင် အီဂျစ်အသင်းမှာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ချန်ပီယံဆုနှင့် ဝေးကွာနေသည်။ ယခုနှစ် ချန်ပီယံဆုရသောအသင်းမှာ ဆုကြေးဒေါ်လာ ၄ ဒသမ ၅ သန်းရရှိမည်ဖြစ်သည်။

အီဂျစ်အသင်းခေါင်းဆောင် အယ်လ်မိုဟာ မန်ဒီက ဆာလက်ချ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားသုံးဦးထဲမှ တစ်ယောက်ဟု ချီး ကျူးခဲ့သည်။ အယ်လ်မိုဟာမန်ဒီက "ဆာ လက်ချ်ဟာ အခုဆိုရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားသုံးယောက်ထဲမှာ တစ်ယောက် အပါအဝင်ဖြစ်နေပါတယ်။ ဒါက နိုင်ငံနဲ့ကျွန် တော်တို့အသင်းအတွက် ဂုဏ်မြင့်စေပါတယ်"ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ချီးကျူး ပြောဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး