အတက်ရောဂါကိုလူတိုင်းကြားဖူးကြမှာပါ။ တစ်ကိုယ်လုံးကော့ပြန်ပြီးတော့ မျက်ဖြူလန် ပါးစပ်စိပြီးတောင့်နေတာမျိုးပေါ့။ အတက်ရောဂါက ကြည့်လိုက်ရင်သာတောင့်ပြီး မျက်ဖြူလန်သွားတတ်လို့ အရမ်းကြီးစိုးရိမ်ရတယ်လို့ ထင်စရာရှိပေမယ့် တကယ်တမ်းသူကရောဂါတွေရဲ့ လက္ခဏာတစ်ခုသာဖြစ်လို့ အသက်ဆုံးရှုံးတာမျိုးကိုမဖြစ်စေတတ်ပါတယ်။
ဒီတိ်ုင်းကလေးကိုယ်ပူရင်တောင် စိုးရိမ်နေရတဲ့ မိဘတွေ ကလေးများ တက်သွားလို့ကတော့ ပူထူပြီးဘာလုပ်ရမှန်းကိုမသိတော့တာနဲ့တင် အချိန်တွေကြာသွားတတ်ပြီးကလေးကိုထိခိုက်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။
ဒေါ့ကြာင့် ပထမအကြိမ် တက်ဖူးတာဖြစ်ဖြစ်၊ အရင်တုန်းကလည်းခဏခဏတက်ဖူးတဲ့ ကလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ မိဘတိုင်းကလေးတွေ တက်တဲ့အခါ ဘယ်လို ပြုစုရမလဲ၊ ဘာတွေ လုပ်ပေးရမလဲဆိုတာကိုသိဖို့ ဒီဆောင်းပါးလေးကိုဖတ်ထားဖို့လိုပါတယ်။
အရင်ဆုံးကလေးတစ်ယောက်တက်နေပြီဆိုတွေ့ရမယ့် လက္ခဏာတွေကိုပြောပြပေးချင်ပါတယ်။ ။
အတက်ရောဂါကပုံစံမျိုးစုံနဲ့ လာနိုင်ပါတယ်။ တောင်စဉ်ရေရာမရစကားတွေ လျှောက်ပြောနေတာ၊ လက်တွေ ခြေထောက်တွေကအလိုလိုလှုပ်နေတာ၊ မျိုးတွေ အပြင် အခြားဖြစ်တတ်တာတွေကတော့
• မတက်ခင် လက်သီးတွေ ကျစ်ကျစ်ဆုပ်ထားတာ၊
• တစ်နေရာရာကိုစူးစိုက်ကြည့်နေပြီးဘယ်လိုခေါ်ခေါ် ဘာတုန့်ပြန်မှုမှ မရှိတာ
• ကြွက်သားတွေ တောင့်တောင့်လာတာ
• မျက်ဖြူလန်ပြီးသတိလစ်သွားတာနဲ့
• ဆီးတွေ ဝမ်းတွေ မထိန်းနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
တက်နေတဲ့ ကလေးတစ်ယောက်ကိုဘယ်လိုပြုစုပေးရမလဲ ။
အပေါ်မှာပြောထားတဲ့ လက္ခဏာတွေကိုယ့်ကလေးများရှိနေပြီး ၊ ဒီလို ဖြစ်နေတဲ့ ကလေးတစ်ယောက်ကိုတွေ့ပြီဆိုရင် မိဘတွေ အနေနဲ့ ဒါမျိုးလေးတွေ လုပ်ပေးဖို့လိုပါလိမ့်မယ်။ အတက်ရောဂါကမိနစ်အနည်းငယ်လောက်သာ ဖြစ်တတ်ပြီးသူ့ဘာသာ ပြန်ကောင်းသွားတယ်ဆိုပေမယ့် ဖြစ်နေတဲ့ ဒီမိနစ်အနည်းငယ်အတွင်းမှာ ပြုစုတတ်ဖို့ကလည်းအရေးကြီးပါတယ်။
အနားမှာတစ်ယောက်ယောက်ရှိနေရင် အရေးပေါ်လူနာတင်ယာဉ် ခေါ်ခိုင်းထားပြီးကိုယ်ကခုပြောမယ့်နည်းတွေ လုပ်ပေးနေပါ။ ဘယ်သူမှ ကိုယ့်အနားမှာမရှိဘူးဆိုရင်တော့ ခုပြောမယ့် နည်းတွေအရင်ဆုံးလုပ်ပြီးမှ ဆရာဝန်ကိုခေါ်ပါ။ ။
• ကလေးကို ကြမ်းပြင်ပေါ်မှာညင်သာစွာဘေးစောင်းအနေအထားနဲ့ ချထားပြီးထိခိုက်နိုင်တဲ့ ပစ္စည်းတွေ အားလုံးကလေးအနားကနေဖယ်ထားပါ။
• တံတွေးသီးပြီး အသက်ရှူလမ်းကြောင်းပိတ်တာကိုကာကွယ်ဖို့အတွက် ဘေးစောင်းအနေအထားဖြစ်ဖို့ အရေးကြီးပါတယ်။
• ကလေးကမတက်ခင် အန်ထားတယ်ဆိုရင်လည်းဘေးစောင်းအနေအထားနဲ့ပဲပါးစပ်ထဲကအန်ဖတ်တွေကိုလက်နဲ့ ကလော်ထုတ်ပေးပါ။
• အကျီတွေ ကိုချောင်ချိတဲ့ အနေအထားဖြစ်အောင် ပြင်ဆင်ပေးပါ။
• ကလေး အသက်ရှူ နေတာပုံမှန်ပဲလားဆိုတာကိိုစစ်ပါ။
• တစ်ချို့ကလေးတွေကတက်ရင် တဆတ်ဆတ် တုန်နေတဲ့အတွက် စိုးရိမ်ပြီးတုန်နေတာကိုထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။ ဒီလိုလုပ်ခြင်းဟာတက်နေတာကိုရပ်သွားစေမှာလည်းမဟုတ်သလိုကလေးကိုလည်းသက်တောင့်သက်သာမရှိဖြစ်စေပါတယ်။
• ကလေးတက်နေတဲ့ အချိန်မှာအတက်သက်သာအောင်ဆိုပြီးအတင်းဆေးလုံးတွေ ပါးစပ်ထဲထည့်မတိုက်ပါနဲ့။ ဆေးအရည်တောင် တိုက်ခွင့်မရှိပါဘူး။
• ကလေးလျှာကိုက်မိမှာစိုးပြီးပါးစပ်ထဲဘာပစ္စည်းမှ မထည့်ပါနဲ့။
• တက်နေတဲ့ အချိန် ဘယ်လောက်ကြာလဲမှတ်ထားပေးပါ။
• တက်ပြီးရင်ပုံမှန်အတိုင်း ပြန်မဖြစ်ခင်မှာကလေးတော်တော်များများကအိပ်ပျော်သွားတတ်ကြပါတယ်။ ဒါကြောင့် ကလေးမနိုးမချင်းသူ့ဘေးမှာပဲနေပေးပါ။ တက်ပြီးတဲ့ ကလေးကိုလည်းအတင်းမနိုးဘဲသူ့ကိုအနားယူခိုင်းပါ။
အတက်ရောဂါကသူ့ဘာသာသူ ပြန်ပျောက်သွားတတ်တယ်ဆိုပေမယ့် ခုပြောမယ့် အချက်တွေ ရှိရင်တော့ နီးစပ်ရာဆေးခန်းကိုသွားဖို့ ၊ အရေးပေါ် လူနာတင်ကားတွေခေါ်ဖို့ မဖြစ်မနေလိုအပ်လာပါပြီ။
• ကလေးက တက်နေတာ ၅ မိနစ်တောင်ကျော်နေပြီအရှင်းမသက်သာဘဲခဏခဏ ပြန်တက်နေတာ
• ကလေးကိုကြည့်လိုက်ရင် အသက်ရှူရခက်နေတဲ့ ပုံစံမျိုးရှိနေတာ
• နှုတ်ခမ်း၊ မျက်နှာနဲ့ လျှာတွေ ပြာလာတာ
• တက်ပြီးတာတောင် အိပ်ပျော်သွားတာမဟုတ်ဘဲသတိဆက်လစ်နေတာ
• ကလေးရေဆော့နေရင်း၊ ရေကန်ထဲမှာရေကူးနေရင်းတက်သွားတာနဲ့
• တစ်ခုခုစိတ်ထဲမင်္သကာတာမျိုးတွေ ရှိခဲ့ရင် ဟိုးအပေါ်ကပြောထားတဲ့ နည်းလမ်းတွေနဲ့ ပြုစုထားပေးပြီးလူနာတင်ကားကိုစောင့်ကာဆရာဝန်ဆီမဖြစ်မနေသွားဖို့လိုအပ်ပါတယ်။
ကိုယ့်ကလေးကမကြာခဏအတက်ဝေဒနာခံစားရလို့ရှိရင် ခုပြောတဲ ့နည်းတွေ ကိုသိထားဖို့လိုမယ့်အပြင် အတက်ရောဂါအတွက် တိုက်ရမယ့်ဆေးတွေကိုလည်းအချိန်မှန် တိုက်ပေးဖို့ မမေ့ပါနဲ့ ။ ။

















