Gym စစချင်းသွားတဲ့ ပထမအပတ်ကအတော်ကြီးဝေဒနာခံစားရတယ်ဆိုတာ gym သွားဖူးတဲ့ လူတိုင်းသိကြမှာပါ။ gym မှာတင်မဟုတ်ပါဘူးအိမ်မှာနေရင်းတောင် လေ့ကျင့်ခန်းလေးလုပ်နေရင် ပထမစစချင်းလုပ်တဲ့ အပတ်ကအခံစားရဆုံးပါ။
အရင်လှုပ်ရှားမှု သိပ်မရှိခဲ့တဲ့ကြွက်သားတွေ gym ဆော့လိုက်တဲ့ အခါကျမှ ရောင်ရမ်းနာကျင်ကုန်လို့ ခြေတစ်လှမ်းလှမ်းတိုင်းနာကျင်ကိုက်ခဲတဲ့သူချည်းပါပဲ။ လှေကားတက်တဲ့ ဆင်းတဲ့အချိန်ကတော့ အခံရဆုံးပေါ့။ လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်းနာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကလေ့ကျင့်ခန်းလုပ်တဲ့ ၂ ပတ်မြောက်လောက်ကျရင် သက်သာသွားမှာဆိုပေမယ့် စစချင်းအပတ်မှာအတော်ခံထားရတော့ နောက်ပိုင်းလေ့ကျင့်ခန်းတွေကိုမလုပ်နိုင်တော့တာမျိုးတွေ ဆက်ဖြစ်သွားနိုင်ပါတယ်။
. ဒီတော့ လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်း ကြွက်သားနာကျင်ခိုက်ခဲတာတွေ အတွက် အဖြေရှာကြည့်ရအောင်။
လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်း ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့အခါ ဒါတွေ လုပ်ကြည့်ပါ။
( ၁ ) ရေခဲကပ်ပါ။ ရေနွေးကပ်ပါ။
လေ့ကျင့်ခန်းလုပ်ရင်း ကြွက်သားတို့ အဆစ်နေရာတို့ရောင်လာပြီးကိုင်ကြည့်လိုက်လို့ ပူနေရင် ပုဝါတစ်ထည့်ကိုရေခဲရေထဲနစ်ပြီးနာနေတဲ့ နေရာကို ၁၅ မိနစ်လောက်ကပ်ပေးပါ။
ရောင်ပြီးနီရဲနေတဲ့ လက္ခဏာမတွေ့ဘဲနာပဲနာနေတာဆိုရင်တော့ ရေနွေးအိတ်ကိုနာတဲ့နေရာပေါ် ၁၅ မိနစ်ကပ်ပေးပါ။ ရေပူနဲ့ ရေချိုးပေးလည်းရပါတယ်။
( ၂ ) အသာအယာ နှိပ်နယ်ပေးပါ။
ထိလိုက်တာနဲ့တင် နာမှန်းသိပေမယ့် တင်းနေတဲ့ ကြွက်သားတွေပြေလျော့အောင် ဖွဖွလေးဖိပြီး နှိပ်နယ်ပေးလို့ရပါတယ်။ ဒဏ်ကြေလိမ်းဆေးလေးလည်းလိမ်းပေးလို့ရပါတယ်။
( ၃ ) မရပ်လိုက်ပါနဲ့။
လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်းကိုက်ခဲနေတာပဲမသွားနိုင်တော့ဘူးဆိုပြီးလုံးဝမလုပ်ပါနဲ့။ လေ့ကျင့်ခန်းတစ်ခုအကျိုးရှိရှိထိရောက်ဖို့အတွက် အရေးအကြီးဆုံးကမရပ်ဘဲဆက်သွားနေတာပါ။
(၄ ) အနားပေးဖို့ကလည်းအရေးကြီးပါသေးတယ်။
နားလိုက်ရင်ပိုနာတယ်ဆိုတဲ့ စကားကလည်းရှိသေးတော့ မနားဘူးကွာနာရင်နာပါစေဆက်လုပ်မယ်ဆိုတဲ့ သူတွေလည်းရှိမှာပါ။ နားလိုက်ရင် ပိုနာတယ်ဆိုတဲ့ စကားရဲ့ အမှန်ကအနားယူတာကြောင့် ကြွက်သားတွေ ပိုနာတာမဟုတ်ပါဘူး။ အကြာကြီးနားလိုက်ပြီးနောက်ပိုင်းလေ့ကျင့်ခန်းပြန်လုပ်တဲ့အခါ အစကလို ဖြစ်သွားလို့ ကြွက်သားတစ်ခါ ပြန်နာတာကိုပြောချင်တာပါ။ ဒီလိုပြောလို့ မနားဘဲနေရင်ပိုကောင်းတာပေါ့ဆိုတာလည်းမဟုတ်သေးပါဘူးနေတဲ့ ကြွက်သားတွေကိုအနားပေးဖို့ အချိန်လည်းလိုအပ်တာကြောင့် လေ့ကျင့်ခန်းလုပ်နေစဉ် နားပေးရပါတယ်။ လေ့ကျင့်ခန်းကို ၄ ရက်လုပ် ၁ ရက်လောက်နားပေါ့။
( ၅ ) ေ့လကျင့်ခန်းလုပ်ပြီးတိုင်းအကြောလျှော့ခဲ့ဖို့လည်းမမေ့ပါနဲ့။
လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးနောက်ပိုင်း ကြွက်သားတွေ အရမ်းနာကျင် ကိုက်ခဲတာမျိုးမဖြစ်ချင်ရင် လေ့ကျင့်ခန်းရဲ့ နောက်ဆုံးအဆင့်အနေနဲ့ အကြော ၁၀ မိနစ်လောက် လျှော့ပေးဖို့လိုအပ်သလိုလေ့ကျင့်ခန်းမစခင်မှာလည်းသွေးပူလေ့ကျင့်ခန် းလုပ်ပေးဖို့လိုပါတယ် ။
( ၆ ) အကိုက်အခဲပျောက်ဆေး သောက်ပေးပါ။
ကိုယ်ကလည်းအစာအိမ်ရောဂါ မရှိဘူးကိုက်ခဲနေတာတွေလည်း ဘယ်လိုမှ မသက်သာတော့တဲ့အဆုံးအကိ်ုက်အခဲပျောက်ဆေးသောက်ပေးလို့ရပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းကြောင့် နာကျင်ကိုက်ခဲတယ်ဆိုတာခဏတာပဲမို့ ဒါလေးအတွက်ကြောင့်နဲ့ ရေရှည် အကျိုးများမယ့် လေ့ကျင့်ခန်းလုပ်တာကိုမရပ်လိုက်ဖို့ အကြံပေးပါရစေ ။ ။

















