အိတ်ကိုလုယူပြီး ရထားပေါ်မှခုန်ချထွက်ပြေးသူ အဖမ်းခံရ

အိတ်ကိုလုယူပြီး ရထားပေါ်မှခုန်ချထွက်ပြေးသူ အဖမ်းခံရ

နတ္တလင်းမြို့နယ် နတ္တလင်းဘူတာတွင် အမျိုးသမီးတစ်ဦးထံမှ စလင်းဘက်အိတ်ကိုလုယူကာ ရထားပေါ်မှ ခုန်ချထွက်ပြေးသူကို သက်ဆိုင်ရာက ဇွန် ၂၃ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါနေ့ နံနက် ၄ နာရီခွဲခန့်တွင် ရွှေပြည်သာမြို့နယ်နေဦးဝင်းအောင်သည် ဇနီးဖြစ်သူ ဒေါ်ဥမ္မာနွဲ့တို့နှင့်အတူ ရထားပေါ်၌ အိပ်ပျော်နေစဉ် အဒေါ်ဖြစ်သူ ထိုင်ခုံအနီးချထားသည့် လက်ဆွဲခြင်းအတွင်းမှ စလင်းဘက်အိတ်ကို အမျိုးသားတစ်ဦးကလုယူပြီး ရထားပေါ်မှခုန်ချထွက်ပြေးခဲ့သည်။

ထိုသို့ ခုန်ချထွက်ပြေးသူကို လိုက်လံဖမ်းဆီးခဲ့ရာ နတ္တလင်းဘူတာအဝင် ရထားလမ်းမိုင်တိုင်အမှတ်၁၂၄/၁၉-၁၈ကြား၌ အိတ်အားပြန်လည်တွေ့ရှိခဲ့သည်။

အိတ်အတွင်းထည့် ထားသည့် ရွှေနားကပ် တစ်ရံ၊ ငွေကျပ်တစ်သိန်းကျော်၊ လက်ကိုင်ဖုန်းတစ်လုံးတို့နှင့်အတူ ပြစ်မှုကျူးလွန်သူပေါင်းတည်မြို့ ပျဉ်းပင်ကန်ရပ်ကွက်နေ သက်နိုင်ဦး ၃၀ နှစ်ကို နတ္တလင်းမြို့မရဲစခန်းက နံနက် ၉ နာရီတွင် ဖမ်းဆီးရမိခဲ့သည်။

နတ္တလင်းမြို့မရဲစခန်းက(ပ)၃၂၈/၁၉၊ရာဇသတ်ကြီးပုဒ်မ ၃၇၉ အရ အမှုဖွင့်အရေးယူထားသည်။