ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ် တတိယ နေရာလုပွဲအဖြစ် မြန်မာကိုယ်စားပြုကလပ်MIUအသင်းနှင့် ကမ္ဘောဒီးယားကလပ် ဒေါင်းတောင်းအသင်းတို့ ဇွန် ၂၃ ရက် မြန်မာ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က ယှဉ်ပြိုင်ခဲ့ရာ MIUအသင်းက ၉ ဂိုး ၅ ဂိုး ဖြင့်အနိုင်ယူပြီး ကြေးတံဆိပ်ဆွတ်ခူးခဲ့သည်။
သွင်းယူ
တတိယနေရာလုပွဲတွင်MIUအသင်း အတွက် ဂိုးများကို ပြည့်ဖြိုးမောင် (၃)က လေးဂိုး၊ လှိုင်မင်းထွန်းက နှစ်ဂိုး၊ ကိုကိုလွင်၊ ပြည့်ဖြိုးမောင် (၂)နှင့် ကျော်ကျော်ထွန်းတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြသည်။MIU အသင်း သည် အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင် ပွဲကို ၂၀၁၅ ခုနှစ်ကစ၍ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ယင်းနှစ်အပါအဝင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များတွင် တတိယဆုများရရှိခဲ့သည်။
ကျေနပ်
ယခု စတုတ္ထအကြိမ် ဝင်ရောက်ယှဉ်ပြိုင် သည့်ပြိုင်ပွဲတွင် ဗိုလ်လုပွဲထိတက်ရန် ရည်မှန်းခဲ့သော်လည်း အထမြောက်ခဲ့ခြင်းမရှိဘဲ လေး ကြိမ်မြောက် တတိယဆုဖြင့်သာ ကျေနပ်ခဲ့ရ သည်။















