အာဂျင်တီးနားလက်ရွေးစင်အသင်းသည် ဇွန် ၂၃ ရက်က ကိုပါအမေရိက အုပ်စုနောက် ဆုံးပွဲအဖြစ် ပြိုင်ပွဲဝင်ဧည့်သည်အသင်း ကာတာ နှင့်ယှဉ်ပြိုင်ခဲ့ရာ ၂ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် အုပ်စု Bတွင် အုပ်စုဒုတိယရကာ ကွာတား ဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
အာဂျင်တီးနားအသင်းသည် ကာတာနှင့်မကစားမီ နိုင်ပွဲလုံးဝမရခဲ့ဘဲ ဖိအားများရင်ဆိုင်ခဲ့ရ သည်။ အာဂျင်တီးနားသည် ကာတာနှင့်ပွဲ၌ အနိုင်ရရှိရန် အားကုန်ထုတ်ကစားခဲ့သည်။ အာဂျင်တီးနားနည်းပြစကာလိုနီသည် တိုက်စစ် တွင် မက်ဆီ၊ အဂူရိုနှင့် မာတီနက်ဇ်တို့ကို အသုံးပြုခဲ့သည်။ ကာတာသည် အဓိကကစား သမားများကို အသုံးပြုခဲ့ပြီး အာဂျင်တီးနား အသင်းအား ရင်ဆိုင်ခဲ့သည်။
အာဂျင်တီးနားသည် ပွဲချိန် ၄ မိနစ်၌ပင် ဦးဆောင်ဂိုးရရှိခဲ့ပြီး အင်တာမီလန်တိုက်စစ် မှူး မာတီနက်ဇ်က သွင်းယူပေးခဲ့သည်။ အာ ဂျင်တီးနားသည် ဒုတိယပိုင်း၌လည်း ဂိုးများ ထပ်မံရရှိရန် တိုက်စစ်ဆင်ကစားခဲ့သည်။ သို့ သော် ကာတာဂိုးသမား လက်စွမ်းပြခဲ့၍ အာ ဂျင်တီးနားမှာ ပွဲချိန်မိနစ် ၈၀ အထိ ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
အာဂျင်တီးနား အတွက် ဒုတိယဂိုးကို တိုက်စစ်မှူးအဂူရိုက ပွဲချိန် ၈၂ မိနစ်တွင် သွင်းယူပေးခဲ့သည်။ အုပ်စု B တွင် ကိုလံဘီယာအသင်းမှာ အုပ်စု နောက်ဆုံးပွဲ၌လည်း ပါရာဂွေးကို ၁ ဂိုး ဂိုးမရှိ ဖြင့်အနိုင်ရခဲ့၍ အုပ်စုဗိုလ်ဖြစ်ခဲ့သည်။
တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် ကွာ တားဖိုင်နယ်အဆင့်တက်ရောက်ခဲ့သော အာ ဂျင်တီးနားသည် ကွာတားတွင် ဗင်နီဇွဲလားနှင့် တွေ့ဆုံနေပြီး ဇွန် ၂၈ ရက်၌ ယှဉ်ပြိုင်မည်ဖြစ် သည်။
ကာတာနှင့်ပွဲအပြီး အာဂျင်တီးနား အဓိကတိုက်စစ်မှူး မက်ဆီက"အဓိကအရေး ကြီးတာကတော့ နိုင်ပွဲရပြီး အုပ်စုကျော်ဖြတ် နိုင်ဖို့ပါ။ ကျွန်တော်တို့အတွက် ကိုပါအမေရိက ပြိုင်ပွဲက အခုမှစတာပါ။ ဒီနိုင်ပွဲဟာ အသင်း အတွက်ခွန်အားဖြစ်စေပါတယ်"ဟု ပြောဆိုခဲ့ သည်။
ဂိုးသွင်းပေးခဲ့သော မန်စီးတီးတိုက်စစ် မှူးအဂူရိုက ကွာတားဖိုင်နယ်ပြိုင်ဘက် ဗင်နီ ဇွဲလားမှာ တန်ပြန်တိုက်စစ်ကောင်းသည့် အသင်းဟု ဆိုခဲ့သည်။















