ဗိုက်အနာမခံဘဲမီးဖွားလို့ရလား

ဗိုက်အနာမခံဘဲမီးဖွားလို့ရလား

မီးဖွားချိန် မိန်းမသားတိုင်းခံစားရတဲ့ အနာဟာ ဓမ္မတာ လာချိန်ကိုက်ခဲတဲ့ ဝေဒနာထက် အဆ ၂၀ ပိုပြင်းထန်ပါတယ်။ ဒီလိုရိုးရိုးမီးဖွားချိန် နာတဲ့ အနာကိုလူတိုင်းကြောက်ကြလို့ ခွဲမွေးတာခုနောက်ပိုင်းခေတ်စားလာတာပါ။ 

ဒါပေမယ့် ခွဲမွေးတယ်ဆိုတာမီးဖွားချင်လို့ နာတဲ့အနာကိုသာကျော်လွှားနိုင်ပေမယ့် နောက်ပိုင်း ဖြစ်လာမယ့် ဆိုးကျိုးတွေ တစ်ပုံကြီးပါ။ ဒီတော့ ရိုးရိုးပဲမွေးမယ် အရမ်းလည်းမနာဘူးဆိုတဲ့ နည်းတွေ များရှိမလား။ ။

ခုလိုတိုးတက်လာပြီးဘာမဆို ဖြစ်နိုင်တဲ့ ခေတ်ကြီးထဲမှာဗိုက်မနာဘဲ မီးဖွားလို့ရတဲ့ နည်းတွေလည်းရှိနေတယ်ဆိုအရမ်းများအံ့သြသွားမလား။
ဗိုက်အရမ်းမနာစေဘဲမီးဖွားစေနိုင်တဲ့ နည်းလမ်းတွေ ။ ။

ဆေးပညာနဲ့ မဆိုင်တဲ့ နည်းလမ်းများ

•    Hypnosis ( အိပ်မွေ့ချနည်းပညာ)
•    Hydrotherapy ( ရေထဲတွင် မီးဖွားခြင်း)

ဒီနည်းလမ်းတွေကမီးဖွားချိန် ဗိုက်နာခြင်းကိုသက်သာစေတယ်ဆိုပေမယ့် အရမ်းကြီးတွင်ကျယ်စွာအသုံးပြုတဲ့ နည်းလမ်းတွေတော့မဟုတ်ပါဘူး။ ၁၀ဝ ရာခိုင်နှုန်းအာမခံထားတဲ့ နည်းလမ်းတွေလည်းမဟုတ်ပါဘူး။
ဆေးပညာဆိုင်ရာနည်းလမ်းတွေ ။ ။

ဆေးပညာဆိုင်ရာဆိုတော့ မီးဖွားချိန်ဗိုက်မနာအောင်ကူညီပေးတဲ့ ဆေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ အပေါ်ကနည်းတွေထက်စာရင် ဒီနည်းတွေကပိုပြီးအာမခံချက်ရှိတဲ့အတွက် အနောက်တိုင်း နိုင်ငံတွေမှာတွင်တွင်ကျယ်ကျယ် သုံးနေကြပါတယ်။ ဘာနည်းတွေလဲဆိုတာစိတ်ဝင်စားနေကြပြီလား။ ဆက်ကြည့်ရအောင် ။ ။

( ၁ ) Entonox Inhalation

ဒါက 50 percent nitrous oxide နဲ့ oxygen ပေါင်းထားတဲ့ ဓာတ်ငွေ့တစ်မျိုးကို ရှူရှှိုုက်ရတဲ ့နည်းလမ်းပါ။ ဆေးရုံတွေမှာသုံးတဲ့ အကြည်ရောင် နှာခေါင်းစည်းလေးကနေလွှတ်ပေးတဲ့ ဓာတ်ငွေ့တွေကို သားအိမ်စညှစ်ပြီဗိုက်နာလာပြီဆိုတာနဲ့ ရှူရတာဖြစ်ပါတယ်။ ဒီနည်းက သားအိမ်ညှစ်နိုင်စွမ်းအမြင့်ဆုံးကိုနာကျင်မှု  အရမ်းမရှိဘဲပေးစွမ်းမှာ ဖြစ်ပါတယ်။

ကောင်းကျိုး – လွယ်လွယ်ကူကူရနိုင်တဲ့အပြင် ကိုယ်ထဲမှာလည်းကျန်မနေခဲ့လို့ ဘေးထွက်ဆိုးကျိုးတွေ မရှိစေပါဘူး။
ဆိုးကျိုး – လူကို နုန်းခွေစေတာ၊ ခေါင်းမူးစေတာနဲ့ ပျို့အန်ချင်တာမျိုးတွေကိုတော့ ဖြစ်စေပါတယ်။

( ၂ ) Opioid Injections

ဒါကတော့ နာကျင်တာကိုသက်သာစေတဲ့ ဆေးတစ်မျိုးထိုးပေးတာပဲ ဖြစ်ပါတယ်။ အသုံးအများဆုံး Opioid ဆေးကတော့ pethidine ပါ။ ပေါင်မှာထိုးသွင်းရပြီးအာနိသင်ရဖို့အတွက် ၁၅ မိနစ်ကနေမိနစ် ၃၀ လောက်တောင့် စောင့်ရပါတယ်။

ကောင်းကျိုး – နာကျင်မှု ဝေဒနာကို ၄နာရီကနေ ၆ နာရီကြာထိန်းထားပေးပါတယ်။

ဆိုးကျိုး – early labourလို့ခေါ်တဲ့ မီးစစချင်းဖွားချင်တဲ့အချိန် ( သားအိမ်ခေါင်း ၅ စင်တီမီတာအထိမကျယ်ခင် အချိန်) မှာပဲပေးလို့ရပါတယ်။ ကလေးထွက်ချိန်နဲ့ အရမ်းကပ်သွားတဲ့အခါ ကလေးကို နုန်းခွေစေတာမျိုးတွေ ဖြစ်စေတတ်ပါတယ်။

( ၃ ) Epidural Analgesia (EA) 

သူကတော့  ထုံဆေးတွေကိုခါးဆစ်ရိုးထိုးသွင်းပြီးနာကျင်မှုကိုထိန်းပေးပါတယ်။  အသုံးများပြီးယုံကြည့်စိတ်အချရဆုံးအထိရောက်ဆုံးနည်းတစ်ခုပါ။

ကောင်းကျိုး – နာကျင်မှုဝေဒနာကိုကောင်းကောင်းထိန်းချုပ်ပေးပြီးသွေးပေါင်ကိုပါ ထိန်းညှိပေးပါတယ်။

ဆိုးကျိုး – ထိုးထိုးချင်းမှာတော့ အောက်ပိုင်းထုံကျင်တာမျိုး ဖြစ်တတ်ပေမယ့် တဖြည်းဖြည်း ပြန်ပျောက်သွားမှာပါ။ ပျို့အန်ချင်တာမျိုးတွေ အဖြစ်များပေမယ့် ဆေးနဲ့ ထိန်းလို့ရပါတယ။် တစ်ချို့အမျိုးသမီးတွေမှာဆိုမီးဖွားပြီးခေါင်းကိုက်တာမျိုး ဖြစ်ကျန်ခဲ့တယ်လည်းဆိုကြပါတယ်။

တစ်ချို့ Epidural Analgesia (EA) နည်းလမ်းနဲ့ပက်သက်ပြီးမှားနေတဲ့ အယူတစ်ချို့ကိုလည်းပြောပြချင်ပါသေးတယ်။

•    Epidural Analgesia (EA)  နည်းနဲ့ မီးဖွားပြီးရင် ခါးနာကျန်ခဲ့မယ်ဆိုတာမှားပါတယ်။ တစ်ချို့ (EA)  မထိုးဘဲမီးဖွားပြီး ခါးနာတတ်တာတွေလည်းရှိတာကြောင့်  (EA) ကြောင့် ခါးနာတာကျိန်းသေးဖြစ်ရတယ်ဆိုတာတော့ မရှိပါဘူး။

•    ကလေးရဲ့ နှလုံးခုန်နှုန်းအပေါ် သက်ရောက်မှုရှိတတ်တယ်ဆိုပေမယ့် ကလေးကိုထိခိုက်စေတယ်ဆိုတော့ မမှန်ပါဘူး။

•    ခါးဆစ်ရိုးထဲဆေးထိုးတာကြောင့် အကြောထိမိသွားရင် အောက်ပိုင်းသေသွားတတ်ဆိုတာလူတစ်သန်းမှာ ၁ ယောက်လောက်ပဲ ဖြစ်တတ်တာကြောင့် အင်မတန်မှ ရှားတဲ့ အရာတစ်ခုပါ။

ကဲခုလိုတိုးတက်လာတဲ့ ခေတ်ကြီးမှာကလေးမွေးတာတောင်မှ အနာမခံဘဲနဲ့ မီးဖွားလို့ရနေပြီဆိုတော့ သူ့ထက်ကောင်းတာရှိဦးမလားနော်။ ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021