ကျိုက်ထိုမြို့နယ်တွင် အလှပြင်ဆိုင်ပိုင်ရှင်တစ်ဦး ဆိုင်ခန်းအတွင်းဆွဲကြိုးချသေဆုံးမှု ဇွန် ၂၄ ရက်က ဖြစ်ပွားခဲ့သည်။
ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင် ကျိုက်ထိုမြို့နယ် တောင်သူစုရပ်ကွက် ဘူတာလမ်းအနီးရှိ အလှပြင်ဆိုင်အနီး အပုပ်နံ့ရရှိသဖြင့် အနီးပတ်ဝန်းကျင်နေထိုင်သူများက လိုက်လံရှာ ဖွေခဲ့ကြသည်။
ထိုသို့ရှာဖွေစဉ် လွန်ခဲ့သောသုံးရက်ခန့်က ဆိုင်မဖွင့်ဘဲ ထားရှိခဲ့သည့် အဆိုပါ အလှပြင်ဆိုင်ခန်းအတွင်းသို့ ပြတင်းပေါက်မှန်မှတစ်ဆင့် လူငယ်တစ်ဦးက ကြည့်ရှုခဲ့သည်။ထိုသို့ကြည့်ရှုစဉ် ဆိုင်ခန်းအတွင်း လူတစ်ဦးဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
ကျိုက်ထိုမြို့မရဲစခန်းမှတာဝန်ရှိသူများက သက်သေများနှင့်အတူ ဆိုင်ခန်းအတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ရာ ဆိုင်ပိုင်ရှင် ကို----(၂၃ နှစ်)သည် ဆိုင်မျက်နှာကြက်ထုပ်တန်းတွင် ဝိုင်ယာကြိုးကို အသုံးပြု၍ ဆွဲကြိုးချသေဆုံးနေသည့် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ကျိုက်ထိုမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၁၁/၁၉)ဖြင့် အမှု ဖွင့်စစ်ဆေးလျက်ရှိသည်။
















