အသားငါးတွေကိုရေခဲသေတ္တာထဲဘယ်လိုသိမ်းထားသင့်လဲ။ ဘယ်လောက်ခံလဲ 

အသားငါးတွေကိုရေခဲသေတ္တာထဲဘယ်လိုသိမ်းထားသင့်လဲ။ ဘယ်လောက်ခံလဲ 

ခုခေတ် အိမ်ရှင်မတွေထဲမှာနေ့တိုင်းဈေးသွားပြီးချက်ပြုတ်စားသောက်ကြတဲ့သူ အ တော်ကိုနည်းသွားပါပြီ။ အိမ်အလုပ်ကတစ်ဖက် အခြားအပြင်အလုပ်ကတစ်ဖက် တွဲပြီးလုပ်လာကြတဲ့သူများလာတာကြောင့် ဈေးအစား ရေခဲသေတ္တာကသာသူတို့အတွက် အဆင်အပြေဆုံးပစ္စည်းသိမ်းဆည်းသိုလှောင်ရာနေရာတစ်ခုဖြစ်လာပါတယ်။

ဒါပေမယ့်  ဒီရေခဲသေတ္တာတွေထဲမှာစားစရာတွေကိုသေချာမသိမ်းထားတတ်ရင် ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ အများကြီးသက်ရောက်နိ်ုင်ပါတယ်။ အရေးအကြီးဆုံးကတော့ အသားတွေပေါ့။

 ဒီလိုဘက်တီးရီးယားတွေ အပြည့်ဖြစ်နေတတ်တဲ့  အသားတွေကိုရေခဲသေတ္တာထဲမှာသေချာမသိမ်းထားတဲ့အခါ ရေခဲသေတ္တာကြီးကဘက်တီးရီးယားတွေ ပျော်စံရာနေရာတစ်ခု ဖြစ်သွားနိုင်ပါတယ်။  ရေခဲသေတ္တာထဲထည့်ထားတာပဲ အသားတွေ လုံးဝပုပ်မသွားနိုင်ပါဘူးဆိုတဲ့  အယူအဆကလည်းမှားနေတဲ့အရာတစ်ခုပါ။

 ရေခဲသေတ္တာထဲဘယ်လောက်ထည့်ထည့် အသားတွေမှာလည်းသူ့သက်တမ်းကုန်ဆုံးရက်ရှိပါတယ်။ ဒီတော့ အသားတွေကိုရေခဲသေတ္တာထဲဘယ်လိုသိမ်းရမလဲ၊ ဘယ်အသားတွေက  ဘယ်လောက်ခံလဲဆိုတာတွေကိုအိမ်တစ်အိမ်ရဲ့ ကျန်းမာရေးကိုတာဝန်ယူထားတဲ့ အိမ်ရှင်မတိုင်းသိထားဖို့လိုတယ်နော်။

ရေခဲသေတ္တာရဲ့ အစိတ်အပိ်ုင်းတွေကိုအရင်လေ့လာကြည့်ရအောင် ။
အသားတွေ သိမ်းဆည်းတဲ့အကြောင်းအပြောခင် ရေခဲ့သေတ္တာအကြောင်းအရင်သိဖို့လိုပါတယ်။ ရေခဲသေတ္တာဆိုတာအေးခဲနေတဲ့ နေရာတစ်ခုဖြစ်ပေမယ့် သူ့ကိုအကြမ်းအားဖြင့် အကန့် ၂ ကန့် ခွဲထားတယ်ဆိုတာလူတိုင်းသိကြမှာပါ။

 ရေခဲစေတဲ့ အပေါ်ကန့်နဲ့ ဒီတိုင်းအေးနေတဲ့ အောက် အကန့်အကျယ်ကြီး ၂ ခုပေါ့။ အသားတွေကိုထုပ်ပိုးသိမ်းဆည်းတဲ့နေရာမှာဒီအကန့်တွေကလည်းအရေးပါတဲ့အတွက် ဆက်ကြည့်လိုက်ရအောင် ။ 

အနီရောင်ရှိတဲ့အသားတွေ

အမဲသားတို့ ဝက်သားတို့ဆိုတာရေခဲသေတ္တာအောက်အကန့်မှာဆိုရင် ၅ ရက်လောက်အထိခံပြီးအပေါ်ကန့် အခဲခန်းထဲမှာဆိုရင် ၁ နှစ်လောက်အထိသိမ်းထားနိုင်ပါတယ်။

Ground meats

ကြိတ်ထားတဲ့ အသားတွေဖြစ်တဲ့ ကြက်သား၊ အမဲသား၊ ဝက်သားတစ်ချို့တို့ကိုတော့ ရေခဲသေတ္တာအောက်ကန့်ထဲမှာ ၂ ရက်လောက်ပဲသိမ်းထားနိုင်ပြီးအပေါ်ကန့်ထဲမှာတော့ ၄ လလောက်ထိအခဲခံထားလို့ရပါတယ်။

အသားချောင်းတွေ

hot dog တို့လိုအသားချောင်းတွေကတော့ အထုတ်မဖွင့်ခင်ဆိုရေခဲသေတ္တာအောက်ကန့်ထဲမှာအနည်းဆုံး ၂ပတ်လောက်ခံပြီး ဖွင့်ပြီးသားအထုတ်တွေကိုတော့ ၅ ရက်အတွင်းစားပေးရပါမယ်။ ရေခဲတဲ့ အကန့်ထဲမှာသိမ်းထားမယ်ဆိုရင်တော့ ၁ လ ၂ လ လောက်အထိခံပါတယ်။

ဝက်ပေါင်ခြောက် ၊ ဝက်အူချောင်း

ဝက်ပေါင်ခြောက်ကတော့ ရေခဲသေတ္တာအောက်ကန့်ထဲမှာ ၁ ပတ်လောက်ပဲအထားခံပြီး  ဝက်အူချောင်းတွေကတော့ ၂ ရက်လောက်ပဲခံပါတယ်။ ရေခဲသေတ္တာအပေါ်ကန့်ထဲမှာသိမ်းမယ်ဆိုရင်တော့ ၁ လလောက်အထိ အ ထားခံပါတယ်။

ကြက်ဥ

ကြက်ဥအစိမ်းတွေကိုတော့ ရေခဲသေတ္တာအောက်ကန့်မှာပဲသိမ်းထားတတ်ကြပြီး ၁ လလောက်အထိ တာရှည်ခံပါတယ်။ ပြုတ်ပြီးသား ကြက်ဥကတော့ တစ်ပတ်လောက်အထိပဲခံတတ်ပြီး ၁ ပတ်ထက်ကျော်သွားရင် မစားသင့်တဲ့ အစားအစာတွေထဲမှာပါပါတယ်။

အသားတွေ တာရှည်ခံတဲ့အကြောင်းတွေကိုသိပြီးပြီဆိုတော့ အသားတွေကိုစနစ်တကျ ဘယ်လိုသိမ်းဆည်းကြမလဲ ။ ။

•    ဈေးကဝယ်လာတဲ့ အသားတွေကိုရေစင်အောင် ဆေးပါ။

•    အသားတွေကိုသေချာဆေးပြီးပြီးဆိုတာနဲ့ ရေခဲသေတ္တာထဲထည့်ဖို့ ထုပ်ပိုးဖို့ ပြင်ဆင်ပါတော့။

•    ဘူးထဲမှာလေအလုံပိတ်ထည့်ထားတာမျိုးဖြစ်ဖြစ်၊ zip lock ပါတဲ့ ပလတ်စတစ်အိတ်လေးထဲသိမ်းထားတာမျိုး ဖြစ်ဖြစ် သေချာထုပ်ပိုးသိမ်းဆည်းပါ။

•    အသားတွေကိုသပ်သပ်နေရာဖယ်ထားပြီးသိမ်းပါ။ အသီးအရွက် တွေနဲ့ မရောပါနဲ့။ ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021