ကလပ်ရှေ့တွင် ရန်ဖြစ်ခဲ့သူလူငယ်များက ဝိုင်းရိုက်သဖြင့် အမျိုးသားတစ်ဦးဒဏ်ရာရ

ကလပ်ရှေ့တွင် ရန်ဖြစ်ခဲ့သူလူငယ်များက ဝိုင်းရိုက်သဖြင့် အမျိုးသားတစ်ဦးဒဏ်ရာရ

အလုံမြို့နယ်ရှိ ကလပ်တစ်ခုရှေ့တွင် စကားများရန်ဖြစ်ခဲ့သူလူငယ်များက ဝိုင်းဝန်းရိုက်နှက်သဖြင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှု ယနေ့ဇွန် ၂၆ ရက်တွင် ဖြစ်ပွားခဲ့သည်။

ယနေ့ နံနက် ၃ နာရီခန့်တွင် လှိုင်မြို့နယ်နေ အသက် ၂၂ အရွယ်လူငယ်အမျိုးသားသည် သူငယ်ချင်း များနှင့်အတူ အလုံမြို့နယ်ရှိSKY WAYကလပ်သို့ သွားခဲ့သည်။

နံနက် ၂ နာရီခန့်တွင် အိမ်သို့ပြန်ရန် ထွက်လာစဉ် ကလပ်ရှေ့အရောက် လူငယ်အဖွဲ့နှင့် စကားများရန်ဖြစ်ခဲ့သည်။

ထို့နောက် အငှားယာဉ်ဖြင့် လှိုင်မြို့နယ်သို့ ပြန်လာခဲ့ပြီး အင်းစိန်လမ်းဘေးရှိ ယူနန်ဆိုင်ရှေ့အရောက်တွင် ကားပေါ်မှဆင်းကာ ကားခပေးနေစဉ် ကလပ်ရှေ့၌ စကားများရန်ဖြစ်ခဲ့သူ လူငယ်အဖွဲ့က နောက်မှရောက်လာပြီး ၎င်းကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။

ရိုက်နှက်ခံရသဖြင့် တိုင်ကြားသူတွင် ဦးခေါင်းချိုစောင်းနှင့် နောက်စေ့ ပေါက်ပြဲဒဏ်ရာများ ရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကို လှိုင်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅/၁၁၄ အရ အမှုဖွင့်စုံစမ်းခဲ့သည်။

အခင်းဖြစ်ပွားသည့် နေရာများမှ လုံခြုံရေး CCTV မှတ်တမ်းများမှတစ်ဆင့် ပြစ်မှုကျူးလွန်ခဲ့သည့် လူငယ်အဖွဲ့ကို စုံစမ်းလျက်ရှိသည်။