ထိုင်းပရီးမီးယားလိဂ်ကလပ် ချောင်ဘူရီ အသင်းတွင် ယခုနှစ်ဘောလုံးရာသီ၌ တစ်ရာသီ အငှားစာချုပ်ဖြင့် ကစားခဲ့သော ရတနာပုံ ကစားသမား စည်သူအောင်သည် အသင်းနှင့် နှစ်ဖက်သဘောတူ စာချုပ်ဖျက် သိမ်းခဲ့ပြီဖြစ်သည်။
စည်သူအောင်သည် ချောင်ဘူရီအသင်း အတွက် ၁၁ ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့ကာ နှစ်ဂိုးဖန်တီးနိုင်ခဲ့သည်။ စည်သူအောင်နှင့် ချောင်ဘူရီအသင်းတို့ စာချုပ်ဖျက်သိမ်းခြင်းနှင့်ပတ်သက်၍ ရတနာပုံ အသင်း အထွေထွေမန်နေဂျာ ဦးအောင်ဟိန်း ခိုင်က စာချုပ်ဖျက်သိမ်းသည်မှာ မှန်ကန်သော် လည်း မည်သည့်အတွက်ကြောင့် စာချုပ်ဖျက် သိမ်းသည်ကို မသိရသေးကြောင်း ပြောဆိုခဲ့ သည်။
လမ်းခွဲခဲ့
စည်သူအောင်နည်းတူ ရတနာပုံကစား သမားတစ်ဦးဖြစ်သည့် သိန်းသန်းဝင်းမှာလည်း ထိုင်းလိဂ်-–၁ ကလပ် ရက်ချာဘူရီအသင်းနှင့် စာချုပ်သက်တမ်းမပြည့်မီ လမ်းခွဲခဲ့ပြီး ယခုအခါ ရတနာပုံအသင်းနှင့်အတူ နေရှင်နယ်လိဂ်၌ ကစားလျက်ရှိသည်။ စည်သူအောင်မှာ နေရှင် နယ်လိဂ်ရာသီဝက် အပြောင်းအရွှေ့ပြီးမှ ချောင်ဘူရီနှင့် စာချုပ်ဖျက်သိမ်းခဲ့သည့်အတွက် လာမည့်ရာသီမှသာ ရတနာပုံအသင်း၌ ပါဝင် ကစားခွင့်ရမည်ဖြစ်သည်။
ကစားလျက်ရှိ
လက်ရှိအချိန်တွင် ထိုင်းကလပ်များဖြစ် သည့် မြောင်တောင်တွင် အောင်သူ၊ ဆာမက် ပရာခန်တွင် ကျော်ကိုကို၊ ချောင်ဘူရီတွင် ဇော်မင်းထွန်း၊ ထိုင်းလိဂ်-–၂ ကလပ် ဆာမတ် ဆာခွန်၌ သန်းထက်အောင်တို့ ကစားလျက်ရှိ သည်။















