ကမ္ဘာ့ဘောလုံးလောကမှာ လူငယ်နည်းပြတွေဟာ အရှိန် အဟုန်ကောင်းကောင်းနဲ့ နေရာယူလာကြတာကို တော်တော်များများ တွေ့လာရပါတယ်။ အဲဒီလူငယ်နည်းပြတွေဟာ အဆင့်မြင့် အနေအထားတွေမှာ ရောက်ရှိလာတာကိုလည်း တွေ့ရပါတယ်။ ဂျူလီယန်နာဂျယ်လ်စ်မန်းဟာ အဲဒီနည်းပြတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ဂျာမနီ ဘောလုံးလောကဟာ အဆင့်သစ်တစ်ခုကို ရောက်ရှိနေပါပြီ။ စိတ်လှုပ်ရှားစရာကောင်းတဲ့ စီမံကိန်း တွေနဲ့ ဒီနွေမှာ သူတို့စတင်ကြပါလိမ့်မယ်။
နာဂျယ်လ်စ်မန်းရဲ့ တိုးတက်ရာ ရှေ့သို့လမ်းကြောင်း
သူဟာ ရှည်လျားပြီး အကွေ့အကောက်တွေရှိတဲ့ လမ်းကြောင်းကို ဖြတ်သန်းခဲ့ရသူပါ။ သူူက လူငယ်တွေရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးလည်း ဖြစ်ပါတယ်။ ဟော့ဖန်ဟိမ်းမှာ အလုပ်တွေ အများကြီးလုပ်ခဲ့ပါတယ်။ အရေးပါတဲ့ အစိတ်အပိုင်း တစ်ရပ်အနေနဲ့ပါ။
၂ဝ၁၆ ဖေဖော်ဝါရီ သူလွှဲပြောင်းတာဝန်ယူခဲ့စဉ်တုန်းက ကလပ်ဟာ အဆင့် (၁၇) မှာ ရောက်နေပါတယ်။နောက်ဆုံးမှာ အဆင့် (၁၅) နဲ့ အဆုံးသတ်နိုင်ခဲ့တယ်။သူ့ရဲ့ မန်နေဂျာကောင်း စွမ်းရည်တွေကို ပြသနိုင်ခဲ့တာပါ။ သူ့မှာ ဘတ်ဂျက်နည်းနည်းလေးပဲ သုံးစွဲခွင့်ရှိခဲ့တယ်။ သူက စမ်းသတ်မှုများစွာကို ဖြတ်သန်းပြီး နည်းပြတစ်ယောက်ရဲ့ အရည်အသွေးကို ပြသနိုင်ခဲ့တယ်။သေချာတာတစ်ခုက တစ်နှစ်အတွင်းမှာပဲ ဘွန်ဒက်စ်လီဂါရဲ့ တန်းစီဇယားမှာ တိုးတက်မှုရှိလာအောင် လုပ်ပြနိုင်ခဲ့တယ်။ ဟော့ဖန်ဟိမ်းဟာ ဂိုးတွေလည်း ပိုသွင်းလာနိုင်ပြီး တိုးတက်မှုတွေကို ပြသနိုင်ခဲ့တယ်။UEFA ချန်ပီယံလိဂ်အဆင့်ကို ရောက်ရှိခဲ့တယ်။ သူတို့ရဲ့ သမိုင်းမှာပထမဦးဆုံးအကြိမ်အဖြစ် ဘိုင်ယန်မြူးနစ်ကိုအနိုင်ကစားနိုင်တဲ့ မှတ်တမ်းကို ရေးထိုးနိုင်ခဲ့တယ်။
သူက လိုက်ပဇစ်ကို နှစ်ခြိုက်သဘောကျပါတယ်။ ဒီဇိုင်းအသစ်တွေနဲ့ တည်ဆောက်ချင်တယ်။ ဘွန်ဒက်စ်လီဂါမှာ ထိပ်တန်းအဆင့်ကို ရောက်ချင်ပြီးပုံမှန်ပွဲထွက်ခွင့်ရတဲ့ ကစားသမားတွေကို အလိုရှိတယ်။ နောက်ဆုံးအဆင့်ကတော့ ဥရောပအဆင့်ပြိုင်ပွဲတွေမှာ ကစားခွင့်ရလိုတာပါပဲ။
လူငယ်တွေကို ပခုံးနဲ့ ထမ်းတင်ပေးသူ
နာဂျယ်လ်စ်မန်းဟာ ဉာဏ်ပညာရှိစွာ ပါးနပ်စွာနဲ့ လူငယ်တွေကို ပခုံးနဲ့ ထမ်းတင်ပေးသူတစ်ဦးဖြစ်တယ်။ သူ့မှာ ရက်ဒ်ဘူးလ်အရီနာမှာ ဥရောပ အတွေ့အကြုံတွေ ရှိထားတယ်။ သူဟာ အင်ဂိုလ်စတက်ဒ်ကနေ ထွက်ခွာခဲ့ပြီး လိုက်ပဇစ်ကို အဆင့်မြင့် ရောက်ရှိလာတာဖြစ်တယ်။
အင်ဂိုလ်စတက်ဒ်မှာ သူ့အတွက်ကျရှုံးမှုတွေ ရှိခဲ့တယ်။ သူက လိုက်ပဇစ်မှာ စောင့်ကြည့်လေ့လာမှုတွေ လုပ်လိမ့်မယ်။ ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်တွေအတွက် နည်းပြ အဖြစ် ထမ်းဆောင်ရမယ့် တာဝန်က မလွယ်ပါဘူး။ လိုက်ပဇစ်ဟာ၂ဝ၁၈-၁၉ ဘောလုံးရာသီမှာ တတိယနဲ့ ပိတ်သိမ်းပြီးနောက် ချန်ပီယံလိဂ်မှာ ကစားရမှာဖြစ်တယ်။ရှည်လျားလှတဲ့ ပြိုင်ဆိုင်မှုရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်ကတော့ ၂ဝ၁၈-၁၉ ရာသီမှာ ချန်ပီယံနဲ့ ဒုတိယ အနေအထားမှာ ရပ်တည်နိုင်ခဲ့ကြတာပါ။
သူက မတူကွဲပြားခြားနားတဲ့ ကစားဟန် သုံးမျိုးလောက်ကို သဘောတွေ့သူပါ။ အဲဒီထဲမှာ တစ်မျိုးကတော့ ခံစစ်ကစားပုံဟန်ပါပဲ။ ဒါက သူ့အတွက် ရှင်သန်ရာဖြစ်ရာ ဖြစ်ကြောင်း ကစားဟန်တစ်ခုပါပဲ။ ဒုတိယကစားဟန်ကတော့ တန်ပြန်တိုက်စစ်နဲ့ ပြိုင်ဘက်ကို ဖိအားပေး ကစားတဲ့နည်းပါ။သူက နောက်ခံလူသုံးဦးထားပြီး ကစားတာကို နှစ်သက်တဲ့အပြင် ပိုပြီးစိတ်ရှည်ရှည်ထားကာ ဘောလုံးပိုင်ဆိုင်မှု အရယူကစားတဲ့နည်းကိုလည်း နှစ်သက်ပါတယ်။ ၂ဝ၁၇-၁၈ ဘောလုံးရာသီမှာ အဲဒီကစားဟန်နဲ့ အောင်ပွဲကို အရယူခဲ့တာပါ။
သူက ဆုံးဖြတ်ချက်ချမှတ်သူတစ်ယောက်အဖြစ်လည်းကောင်းစွာလုပ်ဆောင်နိုင်ပါတယ်။ တိုက်စစ်ဆင်တဲ့ နေရာမှာ ကောင်းစွာတွက်ချက်နိုင်ပြီးလိုက်လျောညီထွေဖြစ်တဲ့ ပြုလွယ်ပြင်လွယ်ပြောင်းလွယ်တဲ့ နည်းစနစ်ပိုင်းတွေကို အသုံးပြုတတ်ပါတယ်။လိုက်ပဇစ်ရဲ့ နည်းပြတစ်ဦးဖြစ်တဲ့ ရန်းနစ်ကတော့ လေးယောက်တန်းခံစစ် ဒါမှမဟုတ် သုံးယောက်တန်း ခံစစ်တွေကို အသုံးပြုတတ်သူတစ်ဦးပါ။
လူငယ်တွေအတွက် စောင့်ကြည့်နေသူတစ်ဦး
သူက လူငယ်တွေအတွက် မျက်စိကျစရာ စိတ်ဝင်စား ဖွယ်ရာတစ်ဦးပါပဲ။ နည်းလမ်းတွေကတော့ အတူတူပါပဲ။ သစ်လွင်လတ်ဆက်ပြီး စွန့်ဦးတီထွင် လုပ်တတ်သူတစ်ဦး ပါ။ အဲဒီလို လူငယ်ကစားသမားမျိုးတွေကိုလည်း သူက သဘောကျပါတယ်။
ဘောလုံးရဲ့ အမြင့်မားဆုံး ဖိအားပေးရမယ့် အချိန်ကို ကောင်းစွာ သိနားလည်သူတစ်ဦး ဖြစ်ပါတယ်။ သူတို့ဟာ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးတွေကို လုပ်ဆောင်နေကြပြီး လူငယ်ကစားသမားတွေရဲ့ တွန်းတွန်တိုက်တိုက်ကစား ဟန်ကိုလည်း နှစ်ခြိုက်ပါတယ်။သူက မပေးတော့တဲ့ကာလမှာ ဒေါ့မွန်၊ ဘိုင်ယန်မြူးနစ်တို့နဲ့ အဆင့်ကွာခြားနေမှုကို ချေဖျက်လျှော့ချချင်တဲ့စိတ်ရှိပါတယ်။နည်းပြတစ်ယောက်အဖို့ ပါရမီရှိပြီး နည်းစနစ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ ဂရိတ်နည်းပြတစ်ဦးလို့ ဆိုနိုင်တဲ့ သူ့ရဲ့ အနာဂတ်ကိုတော့စောင့်ကြည့်ရဦးမှာပါပဲ။
ဂျူလီယန်နာဂျယ်လ်စ်မန်း၏ကိုယ်ရေးအကျဉ်း
အမည် - ဂျူလီယန်နာဂျယ်လ်စ်မန်း။
မွေးသက္ကရာဇ် - ဇူလိုင်၊ ၂၃၊ ၁၉၈၇။
မွေးရပ် -လန်းစ်ဘတ်။
အရပ် - ၆ ပေ၊ ၃ လက်မ။
ကစားသည့်နေရာ - နောက်တန်း။
လူငယ်ကစားသမားဘဝအသင်းများ - အော့စ်ဘတ်၊၁၈၆ဝမြူးနစ်(၂ဝဝ၂ဝ၆)။
စီနီယာကစားသမားဘဝအသင်းများ - ၁၈၆ဝမြူးနစ်(၂ဝဝ၆-ဝ၇)၊အော့စ်ဘတ်။
မန်နေဂျာဘဝအသင်းများ - ဟော့ဖန်ဟိမ်း(၂ဝ၁၆-၁၉)၊လိုက်ပဇစ် (၂ဝ၁၉)။















