နှစ်စဉ်ကျောင်းဆောင် သုံးထောင် ပြိုကျမယ့်အန္တရာယ်နှင့်ရင်ဆိုင်နေရ

နှစ်စဉ်ကျောင်းဆောင် သုံးထောင် ပြိုကျမယ့်အန္တရာယ်နှင့်ရင်ဆိုင်နေရ

မြန်မာနိုင်ငံတွင် ကျောင်းဆောင်ပေါင်းသိန်းနှင့်ချီ ရှိပြီး နှစ်စဉ်ကျောင်းဆောင်ပေါင်း သုံးထောင်ကျော်ခန့်ပြိုကျမည့်အန္တရယ်နှင့်ရင်ဆိုင်နေရကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောသည်။

ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်ရှိ park royal ဟိုတယ်၌ပြုလုပ်သော ICT For Education ဖိုရမ်အဖွင့်မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

" မြန်မာနိုင်ငံမှာ ပညာရေးပြု ပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါမှာကျောင်းတွေသည် မြေပိုင်ဆိုင်မှုလည်းမရှိဘူး ခြံ စည်းရိုးလည်းမရှိဘူး မိဘတွေကလည်းသူ့ဘာသာသူမြေဝယ်ရတယ် ခြံစည်းရိုးမခတ် နိုင်လို့ ဒီအတိုင်းထားရတယ်မြေပိုင်ဆိုင်မှု ကျတော့ဂရမ် မရှိဘူး ကျောင်းကိုလည်းဖြစ်သလိုဆောက်ထားတဲ့အခါကျတော့နှစ်စဉ်ကျောင်းဆောင်ပေါင်းသုံးထောင်နီးပါးဟာအန္တရယ်ရှိကျောင်းဆောင်တွေဖြစ်နေတယ် အဲ့တော့ကျတော်တို့မှာဒုတိယဦးစားပေးသည် ကျောင်းဆောင်များဖြည့်ဆည်းပေးရေးဖြစ်ပါတယ်" ဟုပြောသည်။

မြန်မာနိုင်ငံတွင် ကျောင်းပေါင်း ၄၇၀ဝ၀ ကျော်ရှိကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး