ကမ္ဘာ့ထိပ်တန်း ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး

ကမ္ဘာ့ထိပ်တန်း ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး

သင်တန်းကျောင်းတစ်ကျောင်းဖြစ်သည့် MindChamps မှ မြန်မာနိုင်ငံရှိ မျိုးဆက်သစ်ကလေးငယ်များ၏ အနာဂတ်ကို ကူညီပုံဖော်ပေးသွားရန် အဆင်သင့်ရှိနောက်ဆုံးပေါ် ကမ္ဘာ့အဆင့်မီသင်ကြားရေး နည်းလမ်းများနှင့်ပတ်သက်၍ အသေးစိတ်သုတသန ပြုလုပ်မှုများ အပေါ်အခြေခံပြီး ရွေးချယ်ထားသည့် ခေတ်မီသင်ထောက်ကူပစ္စည်းများအား အသုံးပြုသင်ကြာပေးမည် ဖြစ်သည့်အတွက်ကလေးငယ်များသည်တက်ကြွပြီး ပျော်ရွှင်ဖွယ်ရာကောင်းသော ပတ်ဝန်းကျင်တွင်ပညာသင်ကြားသွားနိုင်မည်။

၂၂ ရက်၊ ဇွန် လ၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန်၊ မြန်မာ။ ။ စင်ကာပူ နိုင်ငံ၏ အကြီးမားဆုံးအဆင့်မြင့် ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုပြုစုပျိုးထောင်ရေး သင်တန်းကျောင်းဖြစ်သည့် MindChamps သည်၎င်း၏ မြန်မာနိုင်ငံအတွက်ပထမဦးဆုံး စာသင်ကျောင်းအား အမှတ်၁၄၊ ကမ္ဘာအေးဘုရားလမ်းတွင်ယနေ့စတင် ဖွင့်လစ်ခဲ့ပြီး မြန်မာနိုင်ငံသို့ အကောင်းဆုံး ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး စနစ်များကိုယူဆောင်လာရန်အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကလေးငယ်များ အနာဂတ်တွင် အောင်မြင်မှုများ ရရှိစေရန်အတွက် အခြားကျောင်းများနှင့် မတူညီသည့်ဆန်းသစ်သော 3-Mind သင်ကြားရေးနည်းလမ်းဖြင့် ထိထိရောက်ရောက် သင်ကြားပေးနိုင်ခြင်းကြောင့်နိုင်ငံတကာမှ အသိအမှတ်ပြုမှုများ အများအပြားရရှိထားသည့် MindChamps ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုပြုစုပျိုးထောင်ရေး သင်တန်းကျောင်းသည်နယ်ပယ်အသီးသီးမှချီးမြှင့်သည့်ဂုဏ်သိက္ခာကြီးမားလှသောဆုတံဆိပ်များစွာအား ဆွတ်ခူးရရှိထားပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် Mindchamps ၏ အဆင့်မြင့်ကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး စင်တာများအား သြစတေးလျ၊ အဘူဒါဘီ၊ ဒူဘိုင်း၊ ဖိလစ်ပိုင်၊ဗီယက်နမ်၊ မြန်မာနှင့် မလေးရှား နိုင်ငံများတွင် ဖွင့်လှစ်ထားနိုင်ခဲ့ပြီး နိုင်ငံတကာတွင်ဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက်လုပ်ဆောင်လျက်ရှိသည်။

“ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် သူတို့ငယ်ရွယ်စဉ် အသက်အရွယ်မှာ ပညာသင်ကြားပေးဖို့ရင်းနှီးမြှုပ်နှံခြင်းဟာ နိုင်ငံတစ်နိုင်ငံ လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးခြေလှမ်း တစ်ရပ်ဖြစ်ပါတယ်။ အခုဆိုရင်
မြန်မာနိုင်ငံမှာရှိတဲ့ မိဘတွေအနေနဲ့ သူတို့ရဲ့ ရင်သွေးငယ်တွေကို ကမ္ဘာ့အဆင့်မှီရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းမှာ ကျောင်းထားနိုင်ပြီ ဆိုတာကိုMindChamps အနေနဲ့ ဂုဏ်ယူစွာနဲ့ ယုံကြည်မှုရှိရှိ ပြောကြားလိုပါတယ်။ MindChamps ရဲ့ပညာရေးအစီအစဉ်တွေကနတဆင့် မြန်မာနိုင်ငံက မျိုးဆက်သစ် ကလေးငယ်တွေရဲ့ အနာဂတ်ကိုအလှပဆုံး ပြုစုပျိုးထောင်ပေးသွားနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပြီး နိုင်ငံတွင်း အလွန်အမင်းဆင်းရဲမွဲတေမှုပပျောက်နိုင်ဖို့၊ နိုင်ငံတဝန်း ဖွံ့ဖြိုးတိုးတက်လာဖို့၊ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာဖို့နဲ့ စီးပွားရေးကဏ္ဍ
တစ်ခုလုံး အတိုင်းအတာနဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက် လိုအပ်တဲ့
လူစွမ်းအင်အရင်းအမြစ်တွေကို မွေးထုတ်ပေးသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု MindChampsMyanmar ၏ Master Franchiser ဖြစ်သူ ဒေါ်ကြည်ကြည်မိုး မှပြောကြားသည်။

MindChamps ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုပြုစုပျိုးထောင်ရေး သင်တန်းကျောင်းတွင်အသက်၁၈ လ မှ ၆နှစ်အထိ မည်သည့်နိုင်ငံမှ ကလေးငယ်မဆို တက်ရောက်ပညာသင်ကြားနိုင်မည်ဖြစ်သည်။

ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေးနှင့် သက်ဆိုင်သော သင်ကြားမှုနည်းလမ်းများ၊ကလေးငယ်များ၏ ဦးနှောက်နှင့်အာရုံကြောပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးများနှင့်ပတ်သက်၍ဆယ်စုနှစ်များစွာကြာအောင် ပြုလုပ်ခဲ့သော သုတေသန လေ့လာချက်များအပြင် ကလေးငယ်များ အတွက်ထိရောက်သော သင်ကြားရေး နည်းစနစ်များကို အခြေခံ၍ MindChamps သည်အနာဂတ်တွင် အောင်မြင်ထူးချွန်သော ကလေးငယ်များ ပေါ်ထွက်လာစေရေး အတွက် အဓိကလိုအပ်သည့် ခိုင်မာသော
အခြေခံအုတ်မြစ်များအား ပိုင်ဆိုင်နိုင်စေရန်အကောင်းမွန်ဆုံး၊ အသင့်တော်ဆုံး ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုသင်ကြားရေးစနစ်သစ်များအား စနစ်တကျ ရေးဆွဲထားပြီးဖြစ်သည်။ ကလေးများ၏ အားသာချက်များနှင့်
အရည်အချင်းပေါ်မူတည်၍ ခေတ်မှီဆန်းသစ်ဆုံး သင်ကြားမှုစနစ်များနှင့် အဖက်ဖက်မှ စုံလင်သောသင်တန်းများကို MindChamps မှ သင်ကြားပို့ချလျက်ရှိပြီး အရည်အသွေးမြင့် ပညာသင်ကြားရေးဝန်ဆောင်မှုများဖြင့်လည်း ကလေးငယ်များ၏ အရည်အချင်းများကို ပိုမိုတိုးတက်အောင်
ပံ့ပိုးလုပ်ဆောင်ပေးလျက်ရှိသည်။

Mindchamps ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းကလေးငယ်တိုင်းတွင် ချန်ပီယံလောင်းများ ဖြစ်နိုင်သော အလားအလာရှိသည် ဟူသည့် အယူအဆကိုအခြေခံသည့် MindChamps ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုပြုစုပျိုးထောင်ရေး သင်တန်းကျောင်းအား ၁၉၉၈
ခုနှစ်တွင် Sydney မြှိုု့၌ စတင်တည်ထောင်ခဲ့သည်။

 

 လက်ရှိတွင် MindChamps သည်စင်ကာပူနိုင်ငံရှိအဆင့်မြင့် ပညာသင်ကျောင်းများအနက် ၃၈.၅ ရာခိုင်နှုန်း ဈးကွက်အစုရှယ်ယာဖြင့် နံပါတ် ၁ နေရာ၌ဦးဆောင်လျက်ရှိသည့်အပြင်၎င်း၏ အဆင့်မြင့် ကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး စင်တာများအားသြစတေးလျ၊ အဘူဒါဘီ၊ ဒူဘိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မြန်မာနှင့် မလေးရှား နိုင်ငံများတွင်ဖွင့်လှစ်ထားနိုင်ခဲ့ပြီး နိုင်ငံတကာတွင်လည်း ဆက်လက်တိုးချဲ့ဖွင့်လှစ်ဖို့ရန်လုပ်ဆောင်သွားမည်ဖြစ်သည်။

အလားတူပင် Mindchamps သည် ကလေးများ၏ ငယ်ရွယ်နုပျိုသော အတွေးအခေါ်များကို အစဉ်အဆက်တိုးတက်အောင်နည်းလမ်းကောင်းများ ဖန်တီးပြုလုပ်ပေးသောကြောင့်စင်ကာပူနိုင်ငံရှိပညာရေးနယ်ပယ်တွင်
ဂုဏ်သိက္ခာရှိသော ဆုများရရှိထားရုံသာမက ညာဏပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုများ၊ franchise ပိုင်းဆိုင်ရာစီမံဆာင်ရွက်မှုများနှင့် branding ပိုင်းဆိုင်ရာ ကဏ္ဍများတွင် နာမည်ကျော်ကြားသည့်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

MindChamps သည် Influential Brands® Top Brands Award နှင့် the Superbrands® Mark ofDistinction ဆုအား ၂၀၁၄ ခုနှစ်မှ၂၀၁၈ ခုနှစ်အထိ၅နှစ်ဆက်တိုက်ရရှိခဲ့သည်။ ထို့အပြင်The 2017 Dun &
Bradstreet Business Eminence Awards ဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပြီး Singapore SME 1000 Awardsဆုပေးပွဲ၌ ၅ နှစ်ဆက်တိုက်ထိပ်တန်း ကုမ္ဗဏီ၁၀ဝ၀ စာရင်း ထဲတွင်ပါဝင်ခဲ့သည့်အပြင်2017 Enterprise 50
Awards ဆုပေးပွဲတွင်လည်း ထိပ်တန်း ကုမ္ဗဏီ၅၀ စာရင်း၏ နံပါတ်၈ နေရာရရှိခဲ့သည်။

Mindchamps ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းနှင့် ပတ်သက်၍အသေးစိတ်သိရှိလိုပါကhttps://www.mindchamps.org/ တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021