အပြည်ပြည်ဆိုင်ရာကြက်ခြေနီယာဉ်တန်း အေအေအဖွဲ့ မိုင်းထောင်ဖောက်ခွဲခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

အပြည်ပြည်ဆိုင်ရာကြက်ခြေနီယာဉ်တန်း အေအေအဖွဲ့ မိုင်းထောင်ဖောက်ခွဲခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

ရခိုင်လက်နက်ကိုင်အဖွဲ့(AA)သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း(ICRC) ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော ယာဉ်တန်းကို မိုင်းထောင်ဖောက်ခွဲခဲ့ပြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန် ၂၈ ရက်၌ သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျောက်ကြပ်ကျေးရွာအနီး၌ ရန်ကုန်မြို့ရှိ ICRC ရုံးမှ မောင်တောမြို့ ကညင်တန်း မြို့မရပ်ကွက်ရှိ ICRC ရုံးသို့ပို့ဆောင်မည့် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင် လာသည့်ယာဉ်ခြောက်စီးအား ဇွန် ၂၇ ရက် ည ၈ နာရီခွဲခန့်တွင် အေအေအဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်၌ဖော်ပြထားသည်။

ထို့ပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လူနှင့်ပစ္စည်းထိခိုက်ပျက်စီးမှု စိစစ်လျက်ရှိကြောင်း၊ အေအေအနေဖြင့် အများပြည်သူအသုံးပြုနေသော အဓိကဆက်သွယ်သည့်လမ်းမကြီး ပေါ်တွင် လက်နက်ကိုင်တိုက်ခိုက်ရန် ရည်ရွယ်သွားလာခြင်းမဟုတ် သည့်ယာဉ်များနှင့်ပြည်သူများအား ဒုက္ခရောက်စေရန် အဖျက်လုပ်ငန်း များကျူးလွန်လျက်ရှိသည်ကို ထင်ရှားစွာတွေ့ရှိနိုင်ကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြပါရှိသည်။

အရေးယူမည်

အဆိုပါဖြစ်စဉ်အပေါ် ဥပဒေနှင့်အညီ ဆက်လက်အရေးယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး