အပစ်အခတ်ရပ်စဲရေးကာလ ထိထိရောက်ရောက်အသုံးချရန် တိုင်းရင်းသားလက်နက်ကိုင်များအား တပ်မတော်တိုက်တွန်း

အပစ်အခတ်ရပ်စဲရေးကာလ ထိထိရောက်ရောက်အသုံးချရန် တိုင်းရင်းသားလက်နက်ကိုင်များအား တပ်မတော်တိုက်တွန်း

ရက်ပေါင်း ၁၉၁ ရက်ကြာ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကာလပြီး ဆုံး၍ နှစ်လထပ်မံသက်တမ်းတိုးမြှင့်လိုက်ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အပစ်အခတ်ရပ်စဲရေးကာလကို ထိထိရောက်ရောက် အသုံးချရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇူလိုင် ၁ ရက်က သဘော ထား ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လွန်ခဲ့ သော အပစ်ရပ်ကာလ ခြောက်လတာအတွင်း တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်း၊ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ညှိနှိုင်းအဖြေရှာခြင်း အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတိုးတက်ခိုင်မာစေရေး ကိုယ် စားလှယ်များ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ရာတွင် ပြည်သူလူထုက မျှော်လင့်ထားသလောက် ခရီးမရောက်ခဲ့ကြောင်း တပ်မတော်က သုံးသပ်သည်။

နည်းလမ်းတကျတောင်းဆို

ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တခဲ့ကြသည့် "ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်"အား တည်ဆောက်ရာ တွင် မည်သည့်အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ်မဆို ၎င်းတို့၏ လိုအင်ဆန္ဒများကို ဒီမိုကရေစီနည်းလမ်းတကျသာ တောင်းဆိုရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တွေ့ဆုံညှိနှိုင်းအဖြေရှာ

ဒီမိုကရေစီလမ်းစဉ်၏ ဆန့်ကျင်ဘက်ဖြစ်သော လက်နက်စွဲကိုင်၍ တောင်းဆိုခြင်းများကြောင့်ဖြစ်ပေါ်လာသည့် ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများအား ဖြေရှင်းနိုင်ရေးသည် တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဟု တပ်မတော်က ယုံကြည်ကြောင်း၊ ထို့ကြောင့် တပ်မ တော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်ရာ တွင် ပါဝင်ပတ်သက်နေသူများအားလုံး ယုံကြည်မှုမြင့်မားစွာ ဆောင် ရွက်နိုင်ရေး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သမိုင်းတွင် တစ်ခါမျှမရှိ ခဲ့ဖူးသော တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ရက်နှင့် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ရက်တို့တွင် ထုတ်ပြန် ကြေညာ၍ ခြောက်လတာ အပစ်အခတ်ရပ်စဲပေးခဲ့ကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြပါရှိသည်။

လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါတီစုံဒီမိုကရေစီ စနစ်လျှောက်လှမ်းရာတွင် မှန်ကန်စွာလျှောက်လှမ်းနိုင်ရေး ရည်ရွယ်၍ တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို လမ်းဖွင့်ပေးခဲ့ခြင်း ဖြစ်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (ဃြဗ) တွင် အမြန်ဆုံးပါဝင်လက်မှတ်ရေးထိုးပြီး ဆွေးနွေးညှိနှိုင်းမှု များဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းကြရန် လိုအပ်ကြောင်း တပ်မတော်က ပြောဆိုခဲ့သည်။

နည်းမှန်လမ်းမှန်လျှောက်

ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးအနေဖြင့် တိုင်းရင်းသား ပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ဒီမိုကရေစီလမ်းစဉ်အား နည်းမှန်လမ်းမှန်ဖြင့် လျှောက်လှမ်းရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တပ်မတော်က ထပ်မံခွင့်ပြုထားသော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားသည့် နှစ်လတာ ကာလအား ယခင်ကထက် ထိထိရောက်ရောက်ပိုမိုအကျိုးရှိစွာ အသုံးပြု သွားကြပါရန် ယင်းထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး