ကိုယ်ဝန်ဆောင်မေမေအဆိပ်ရှိတဲ့အကောင် ကိုက်ခံရရင်

ကိုယ်ဝန်ဆောင်မေမေအဆိပ်ရှိတဲ့အကောင် ကိုက်ခံရရင်

အမျိုးသမီးတစ်ယောက်အဖို့ ကိုယ်ဝန်ဆောင်နေရချိန်ကအရာရာသတိထားရတဲ့အချိန်ပါ။ အနေအထိုင် အစားအသောက်နဲ့ အိပ်စက်မှုပုံစံကအစပေါ့။

 နေထိုင်မကောင်းဖြစ်ခဲ့ရင်လည်း သာမန်အချိန်တွေလို ဆေးထိုးဆေးသောက်အလွယ်တကူလုပ်ဖို့ မဖြစ်နိုင်တော့  မဖျားမနာစေဖို့နဲ့ ထိခိုက်မှုမရှိစေဖို့တော်တော်လေးဂရုစိုက်ရတာပါ။

 ဒီတစ်ခေါက်တော့ အထိအခိုက်မခံနိုင်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာအဆိပ်ရှိတဲ့အကောင်ကိုက်ခံရခဲ့ရင် ဘယ်လိုမျိုးပြုစုပေးရမလဲဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ အဆိပ်ရှိတဲ့အကောင်ကိုက်ခံရရင် အဆိပ်မတက်ဘူး…..

ဒီအယူအဆကမမှန်ပါဘူးနော်။ ကိုယ်ဝန်ဆောင်ချိန်မို့ အဆိပ်မတက်ဘူးဆိုတာမရှိပါဘူး။ အဆိပ်ရှိတဲ့အကောင်ကိုက်ခဲ့ရင် ကိုယ်ဝန်ဆောင်ချိန်မှာပဲဖြစ်ဖြစ် သာမန်အချိန်မှာပဲဖြစ်ဖြစ် အဆိပ်တက်နိုင်ပါတယ်။ အခန့်မသင့်လို့များအဆိပ်အရမ်းပြင်းတဲ့ အကောင်ကိုက်ခံရရင် ဗိုက်ထဲကကလေးလေးအတွက်တောင် စိတ်ပူရပါသေးတယ်။

အဆိပ်ရှိတဲ့အကောင်ကိုက်ခံရရင် ဘယ်လိုလက္ခဏာတွေ တွေ့ရနိုင်လဲ……..

အဆိပ်ရှိတဲ့အကောင်ကိုက်ခံရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်မှာလက္ခဏာတွေမတူနိုင်ပါဘူး။ အချို့မှာသိပ်မပြင်းထန်ပေမယ့် အရမ်းပြင်းထန်စါာခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။

•    အရေပြားမှာအဖုအပိမ့်တွေဖြစ်မယ်
•    အရေပြားတွေနီရဲလာမယ်
•    အကိုက်ခံရတဲ့နေရာမှာ ရောင်လာမယ်။ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာပါရောင်လာမယ်
•    ယားယံမယ်
•    အကိုက်ခံရတဲ့နေရာကထုံနေမယ်
•    အကိုက်ခံရတဲ့နေရာမှာအသားပူနေမယ်
•    အဖျားတက်မယ်
•    ကြွက်သားတွေ ဆတ်ခနဲဖြစ်မယ် (အကြောဆွဲသလိုဖြစ်မယ်)
•    အသက်ရှုရခက်မယ်
•    မအီမသာဖြစ်မယ်
•    အော့အန်မယ်
•    နှလုံးခုန်နှုန်းမြန်လာမယ်
•    သတိလစ်မယ် စတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်။

အဆိပ်ရှိတဲ့အကောင်ကိုက်ခံရရင်

အရင်ဆုံးဆူးတွေကိုဖယ်ရပါမယ် – တကယ်လို့ ပျားလိုမျိုးအဆိပ်ရှိတဲ့အကောင်ကိုက်ခံရမယ်ဆိုရင် အရင်ဆုံးလုပ်ရမှာကအရေပြားထဲမှာစိုက်ကျန်ခဲ့တဲ့ အဆူးကိုဖယ်ရမှာပါ။ လက်နဲ့ညှစ်ထုတ်ပြီးအဆူးဖယ်တာမျိုး၊ ဇာဂနာတွေကိုသုံးပြီးအဆူးဖယ်တာမျိုးမလုပ်ပါနဲ့ အဆိပ်တွေပိုပြန့်သွားနိုင်လို့ပါ။ လက်သည်းကိုသုံးပြီးဖြစ်ဖြစ် အပ်ကိုသုံးပြီးဖြစ်ဖြစ် အဆူးကိုဖယ်ပေးပါ။
အနာတဝိုက်ကိုသေချာသန့်စင်ပါ – အကောင်ကိုက်ခံရတဲ့နေရာတဝိုက်ကို  ဆပ်ပြာနဲ့ရေသုံးပြီးသန့်စင်ပေးပါ။

ရေခဲကပ်ပေးပါ -အကောင်ကိုက်ခံရတာကြောင့် နာကျင်ရောင်ရမ်းမှုသက်သာစေဖို့အတွက် ရေခဲကပ်ပေးပါ။ တစ်ခါကပ်ရင် ၁၀ မိနစ်လောက်ကပ်ပေးပါ။

အယားသက်သာစေမယ့်ဆေးတစ်ခုခုလိမ်းပေးပါ – ယားယံတာကြောင့် ခဏခဏကုတ်မိနေတာမျိုးမဖြစ်စေဖို့အတွက် ရှားစောင်းလက်ပပ်ဂျယ်လီသား၊ မုန့်ဖုတ်ဆော်ဒါနဲ့ရေကိုဖျော်ထားတဲ့အရောဒါမှမဟုတ် အင်းဆက်ကိုက်ခံရရင် လူးလို့ရတဲ့ အယားသက်သာစေတဲ့ ဆေးတစ်ခုခုလူးပေးပါ။ ပရုတ်ပါတဲ့ ဆေးတွေကိုတော့ မလူးပါနဲ့။

ဆရာဝန်နဲ့သွားပြပါ – အခုပြောခဲ့တဲ့အဆင့်တွေကိုအကုန်လုပ်ပြီးပြီဆိုရင်တော့ ဆရာဝန်နဲ့သွားပြဖို့ပြောပါရစေနော်။ ကိုယ်ဝန်ဆောင်နေချိန်ကအတိမ်းအစောင်းမခံတဲ့အချိန်ဖြစ်တာကြောင့် ဆရာဝန်နဲ့သေချာလေပြသပြီးလိုအပ်တဲ့ကုသမှုကိုခံယူပေးပါ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021