တာချီလိတ်မြို့နယ်တွင် ထိုင်းနိုင်ငံသားများပါဝင်သည့် ရှစ်ဦးအဖွဲ့ကို လက်နက်ခဲယမ်းများနှင့်အတူ ဇူလိုင် ၂ ရက်တွင် တပ်မတော်စစ်ကြောင်းအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
အဆိုပါနေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ ပါလိုင်ရွာအနီး ထိုင်းနိုင်ငံသားများ တရားမဝင်ဝင်ရောက်နေထိုင်ကြောင်းသတင်းအရ တပ်မတော်သား များပါဝင်သည့်ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့သည်။
အဆိုပါကျေးရွာအတွင်း ထိုင်းနိုင်ငံသားခြောက်ဦး၊ မြန်မာနိုင်ငံသား နှစ်ဦးတို့ကို ခြောက်လုံးပြူးပစ္စတို နှစ်လက်၊ ၉-မမ ပစ္စတိုသုံးလက်၊ အေကေ-၄၇ သုံးလက်၊ အမ်-၁၆နှစ်လက်၊ ၁၂ဗို့ တစ်လုံးထိုးသုံးလက်၊ အမ်ကေ-၁၂ တစ်လက်၊ အမ်-၂၂ ရိုင်ဖယ် တစ်လက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ၉-မမ ကျည်(၂၄၈)တောင့်၊ ပွိုင့်-၃၅၇ ကျည်(၅၃)တောင့်၊ ပွိုင့်-၄၅ ကျည် (၁၆၁)တောင့်၊ ပွိုင့်-၂၂ ကျည်(၆၅၀)တောင့်၊ ၅ဒသမ ၅၆ မမ ကျည်(၃၁၈)တောင့်၊ အမ်-၂၂ ကျည် (၄၀ဝ)တောင့်၊ ၁၂ဗို့ ကျည် (၁၂၀)တောင့် စုစုပေါင်း ကျည်မျိုးစုံ (၁၉၅၀)တောင့်တို့ကို ၎င်းတို့ထံမှ ဖမ်းဆီးရမိခဲ့သည်။
အလားတူ VIGO မော်တော်ယာဉ်သုံးစီး၊ MARK-X အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ ၉-မမ ကျည်အိမ်ငါးခု၊ အမ်-၁၆ ကျည်အိမ် ကိုးခု၊ ပွိုင့်-၂၂ ကျည်အိမ်ခုနစ်ခု၊ စုစုပေါင်း ကျည်အိမ်(၂၁)ခုတို့ကို လည်း ၎င်းတို့နှင့်အတူသိမ်းဆည်းရမိခဲ့သည်။
တပ်မတော်စစ်ကြောင်းက ဖမ်းဆီးရမိသူရှစ်ဦးကို ရဲတပ်ဖွဲ့ထံသို့လွှဲပြောင်းကာ အမှုဖွင့်အရေးယူထားသည်။

















