မြန်မာ၏ အချုပ်အခြာအာဏာထိပါးသည့် အမေရိကန်လွှတ်တော်အမတ်ပြောဆိုမှု အမျိုးသားဒီမိုကရေစီပါတီသစ် ပြင်းပြင်းထန်ထန်ကန် ့ကွက်ကြောင်း ထုတ်ပြန်

မြန်မာ၏ အချုပ်အခြာအာဏာထိပါးသည့် အမေရိကန်လွှတ်တော်အမတ်ပြောဆိုမှု အမျိုးသားဒီမိုကရေစီပါတီသစ် ပြင်းပြင်းထန်ထန်ကန် ့ကွက်ကြောင်း ထုတ်ပြန်

အမေရိကန်လွှတ်တော်အမတ်က မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးစေသော ပြောဆိုမှုအပေါ် အမျိုးသားဒီမိုကရေစီပါတီ သစ်အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဇူလိုင် ၃ရက်က ထုတ်ပြန်ခဲ့သည်။

ခြိမ်းခြောက်ရာရောက်

အမေရိကန်လွှတ်တော်အမတ် Mr. Brad Sherman သည် ပြီးခဲ့သည့် ဇွန်လအတွင်းက အမေရိကန်လွှတ်တော်အတွင်း တောင် အာရှဒေသအတွက် ဘတ်ဂျက်အသုံးစရိတ်ဆိုင်ရာ ကြားနာမှုတွင် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂါလီများကိုကာကွယ်မှုမပေးနိုင်လျှင် ရခိုင် ပြည်နယ်ကို ဘင်္ဂလားဒေရှ့်နိုင်ငံသို့ လွှဲပြောင်းပေးသင့်ကြောင်း ပြောဆို ခဲ့သည့်အတွက် ကန့်ကွက်ခြင်းဖြစ်သည်။ ယင်းပြောဆိုမှုသည် မြန်မာ နိုင်ငံ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိပါးလာခြင်း၊ အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက်နယ်မြေနှင့် နယ်နိမိတ် တည်တံ့ ခိုင်မြဲရေးတို့အပေါ် စွက်ဖက်ခြိမ်းခြောက်ရာရောက်ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ်က ပြောဆိုသည်။

အမေရိကန်လွှတ်တော်အမတ်၏ ပြောကြားချက်ကို တိုင်းပြည်ချစ် စိတ်ရှိသော တိုင်းရင်းသားပြည်သူများက ခံပြင်းနေကြသော်လည်း အစိုးရအနေဖြင့် တစ်စုံတစ်ရာ တုံ့ပြန်ဆောင်ရွက်မှုပြုလုပ်ခြင်းမရှိသေးကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်၏ သဘောထားထုတ် ပြန်ချက်၌ ဖော်ပြပါရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး