ဝမ်းသွားပြီးနောက်ပိုင်းသွေးတစ်စက် တစ်စက်ကျနေတာဘာဖြစ်လို့လဲ

ဝမ်းသွားပြီးနောက်ပိုင်းသွေးတစ်စက် တစ်စက်ကျနေတာဘာဖြစ်လို့လဲ

ဝမ်းသွားပြီးနောက်ပိုင်း စအိုကနေသွေးတစ်စက်ပြီးတစ်စက်ကျလာတာပုံမှန် မဟုတ်ဘူးဆိုတာလူတိုင်းသိမှာပါ။ အများစုသိကြတာကတော့ ဒီလိုဝမ်းသွားပြီးသွေးဆင်းရင် လိပ်ခေါင်းရှိနေတာ ဖြစ်နိုင်တယ်ဆိုတာပါ။

မှန်ပါတယ်။  ဝမ်းသွားပြီးနောက်ပိ်ုင်းသွေးဆင်းတာဟာ လိပ်ခေါင်း ရောဂါရဲ့ အဓိကလက္ခဏာပါ။ ဒါပေမယ့် ဒီလိုဝမ်းသွားပြီးသွေးဆင်းတဲ့ပြဿနာဟာလိပ်ခေါင်းရောဂါ တစ်ခုတည်းကြောင့် ဖြစ်တာတော့ မဟုတ်ပါဘူး။ သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာဆက်ကြည့်လိုက်ရအောင် ။

ဝမ်းသွားပြီးနောက်ပိုင်းသွေးဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ
 
ဝမ်းသွားပြီးနောက်ပိုင်းသွေးဆင်းတဲ့ ပြဿနာကိုအဖြစ်များတာ( common causes )နဲ့ အဖြစ်နည်းတာ ( rare causes ) ဆိုပြီး ၂ မျိုးခွဲလိုက်လို့ရပါတယ်။

ဝမ်းသွားပြီးနောက်ပိုင်းသွေးဆင်းခြင်းကိုအဖြစ်များစေတဲ့ ပြဿနာတွေကတော့

•    စအိုဝကွဲတာ – ဝမ်းချုပ်လွန်းတော့ ဝမ်းသွားတဲ့အခါ မာနေတဲ့ စမြင်းတုံးတွေ ကြောင့် စအိုဝကွဲသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အသာပြဲသွားတာဖြစ်တဲ့အတွက် နာကျင်ပြီးစပ်နေမှာကျိနိ်းသေပါတယ်။ နောက်တစ်ခုရှိတာကစအိုနဲ့ လိင်ဆက်ဆံတဲ့သူတွေမှာလည်းခုလိုစအိုဝကွဲတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

•    လိပ်ခေါင်းရောဂါ- ဒီလိပ်ခေါင်းရောဂါရဲ့ အဓိကလက္ခဏာတစ်ခုကတော့ ဝမ်းသွားပြီးသွေးဆင်းတာပါပဲ။ စမြင်းတုံးတွေကျပြီးတာနဲ့ သွေးတွေလိုက်ဆင်းလာတယ်၊ အရင်တည်းကကိုယ်ကဝမ်းချုပ်တတ်တယ်၊ ဝမ်းသွားရင် ညှစ်ပါရတယ် ၊ အိမ်သာတစ်ခါတက်ရင်လည်းအကြာကြီးပဲဆိုရင် ကျိန်းသေးပါတယ်။ ဒီသွေးဆင်းတာဟာလိပ်ခေါင်းရောဂါကြောင့် ဖြစ်ရတာပါ။
အဖြစ်နည်းပေမယ့် ဝမ်းသွားပြီးနောက်ပိုင်းသွေးဆင်းခြင်းကို ဖြစ်စေတဲ့ ပြဿနာတွေကတော့

•    စအိုကင်ဆာ – စအိုကင်ဆာရဲ့ လက္ခဏာတွေထဲမှာဝမ်းသွားပြီးသွေးပါတာနဲ့ အကျိတ်လေးတွေ စမ်းမိတာမျိုးတွေ ရှိနိ်ုင်ပါတယ်။ နောက်ပြီးကင်ဆာဖြစ်တော့ လူကလည်းပိန်ချုံးပြီးအစားအသော်ကတွေလည်းပျက်နေတတ်ပါတယ်။

•    အူမကြီးကင်ဆာ – အူမကြီးကင်ဆာကလည်းဝမ်းသွားပြီးနောက်ပိုင်းသွေးဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ တစ်ခုရှိတာကအူမကြီးကင်ဆာမှာဆိုဝမ်းနဲ့ သွေးတွေ ရောနေတာမျိုး၊ စမြင်းတုံးလေးတွေ က သေးသေးမျှင်မျှင်ဖြစ်နေတာမျိုး ၊ ဗိုက်အောင့်တာနဲ့ ဗိုက်မှာအလုံးအကျိတ်တွေ စမ်းမိတာမျိုးတွေ ရှိတတ်ပါတယ်။

•    ကင်ဆာကုတဲ့ နည်းလမ်းတစ်မျိုးဖြစ်တဲ့ ဓာတ်ရောင်ခြည်ကုထုံးကလည်းအူလမ်းကြောင်းရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ ပြဿနာတွေထဲကတစ်ခုပါ။

•    အစာအိမ်နာရောဂါများ – Crohn’s disease, ulcerative colitis, တို့လိုမျိုးအစာအိမ်နဲ့ အူလမ်းကြောင်အနာဖြစ်တဲ့ ရောဂါတွေကလည်းဝမ်းသွားပြီးနောက်ပိ်ုင်းသွေးဆင်းခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေပါ။

•    Angiodysplasiaလို့ခေါ်တဲ ့အူသိမ်ပတ်လည်ကသွေးကြောလေးတွေ ပုံမှန်မဟုတ်တဲ့ပြဿနာကလည်းဝမ်းသွားပြီးသွေးဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။

•    Amebiasisလို့ခေါ်တဲ့ Entamoebahistolyticaကပ်ပါးကောင်ကြောင့် ဖြစ်တဲ့ ဝမ်းလျှောခြင်းပြဿာနကလည်းဝမ်းထဲသွေးပါစေတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။

•    အူလမ်းကြောင်းပြဿနာတွေဖြစ်တဲ့ Diverticulosis ( အူလမ်းကြောင်းနံရံတွေမှာအိတ်ငယ်လေးတွေ ဖြစ်တာ) Ischemic colitis(အူတွေဆီသွေးအရောက်နည်းသွားလို့ အူပုတ်သွားတာ)၊ Pseudomembranous colitis ( ပိုးဝင်ပြီး အူရောင်တဲ့ ပြဿနာ) တွေဟာဝမ်းသွားပြီးနောက်ပိုင်းသွေးဆင်းခြင်းကို ဖြစ်စေတဲ့ ပြဿနာတွေပါ။

•    Proctitisလို့ခေါ်တဲ့ စအိုပတ်လည်ကသွေးကြောတွေ ရောင်တဲ့ပြဿာနာကြောင့်လည်းဝမ်းထဲသွေးပါခြင်းတွေ ဖြစ်တတ်ပါတယ်။
ဒါတွေကတော့ ဝမ်းသွားပြီးနောက်ပိုင်းသွေးဆင်းခြင်းကို ဖြစ်စေတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒီလိုဝမ်းသွားပြီးနောက်ပိုင်းသွေးဆင်းခြင်းကိုအဖြစ်များစေတဲ့ အကြောင်းအရာတွေက ဝမ်းချုပ်ခြင်းကစတာဖြစ်တဲ့အတွက် ကြောင့် ဝမ်းမှန်အောင် အသီးအရွက်များများစားပါ။ ရေများများသောက်ပါ။ ကိ်ုယ်လက်လှုပ်ရှားမှုလေးတွေ သောက်ပေးပါ ။ ။

ဘယ်အချိန်မှာဆရာဝန်ဆီသွားရမှာလဲ 

ဒီလိုဝမ်းသွားပြီးတိုင် းသွေးဆင်းနေတဲ့ ပြဿနာဖြစ်တာ ၃ ရက်လောက်ထိဆက်တိုက်ဖြစ်နေပြီ။ လုံးဝကို ပြန်မပျောက်ဘူးဆိုရင် ဆရာဝန်ဆီသွားပြပြီး ဖြစ်ရတဲ ့ အကြောင်းအရင်းကိုသေချာရှာပြီးကုသဖို့တော့ လိုတယ်နော် 



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021