ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာထွက်ပြေး သူများအား ပြန်လည်လက်ခံရန် စိစစ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဘင်္ဂလားဒေ့ရှ်မှ ပေးပို့သည့်စာရင်းအနက် လူဦးရေ ၁၈၀ဝ၀ ကျော်စိစစ်ပြီးစီးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက ဇူလိုင် ၅ ရက်က ကြေညာချက်ထုတ် ပြန်သည်။
ပေးအပ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ပြုလုပ်ခဲ့ သော ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာနိုင်ငံ တွင်နေထိုင်ခဲ့သူများ ပြန်လည်ခေါ်ယူရေးဆိုင် ရာ မြန်မာ–ဘင်္ဂလားဒေ့ရှ် တတိယအကြိမ် မြောက် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ နေရပ်စွန့်ခွာသူစုစုပေါင်း ၂၂၄၃၂ ဦးစာရင်းကို မြန်မာကိုယ်စားလှယ် အဖွဲ့အား ပေးအပ်ခဲ့သည်။
အဆိုပါလူဦးရေအနက် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် ဇူလိုင် ၂ ရက်အထိ ၁၈၃၃၁ ဦးအား စိစစ်ခဲ့ပြီးဖြစ်ကြောင်း သိရ သည်။
ပေးပို့ပြီး
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက် လာသူများအားနေရာချထားရာတွင် မြန်ဆန် ချောမွေ့စေရန် လုပ်ငန်းလိုအပ်ချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ စိစစ်ပြီးသူများအား ကျေးရွာ အလိုက်ပြန်လည်စာရင်းပြုစုပြီး အသုတ်လိုက် ပေးပို့လျက်ရှိရာ ဆဋ္ဌမအသုတ်အထိ ကျေးရွာ အလိုက် စိစစ်ပြီးသူ ၂၉၇၆ ဦးစာရင်းအား ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဇွန် ၂၈ ရက်ကပေးပို့ ပြီးဖြစ်ကြောင်း သိရသည်။
နေရပ်စွန့်ခွာ
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လကုန် ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်ခံရမှုကြောင့် အများအပြား နေရပ်စွန့်ခွာခဲ့ကာ ဘင်္ဂလားဒေ့ရှ် သို့ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။















