ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် အာဆီယံယူ-–၁၈ ချန်ပီယံရှစ်ပြိုင် ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြန်မာအသင်းသည် ဂျပန်နိုင်ငံသို့ ၁၀ ရက်ကြာ လေ့ကျင့်ခြေစမ်းခရီးထွက်မည်ဖြစ်ပြီး ဂျပန် ယူ–-၁၈ လက်ရွေးစင်အသင်းနှင့် ခြေစမ်း ကစားရန် ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။
ခြေစမ်းပွဲသုံးပွဲ မြန်မာယူ-–၁၈ အသင်းသည် ဇူလိုင် ၁၅ ရက်မှ ၂၅ ရက်အထိ ဂျပန်နိုင်ငံတွင် လေ့ကျင့် ခြေစမ်းမည်ဖြစ်ပြီး ခြေစမ်းပွဲသုံးပွဲကစားရန် ညှိနှိုင်းလျက်ရှိနေကြောင်း သိရသည်။
"ဂျပန်လေ့ကျင့်ခြေစမ်းခရီးမှာ ခြေစမ်းပွဲ သုံးပွဲကစားဖို့ ညှိနှိုင်းနေပါတယ်။ ဘယ်အသင်း တွေလဲဆိုတာတော့ မသိရသေးပါဘူး။ ခရိုင် အသင်းတစ်သင်းရယ်၊ ကလပ်လူငယ်အသင်း တွေနဲ့ခြေစမ်းဖို့ ညှိနှိုင်းနေပါတယ်။ ဂျပန် လက်ရွေးစင် ယူ-–၁၈ အသင်းနဲ့လည်း ခြေစမ်း ခွင့်ရဖို့ညှိနှိုင်းနေပါတယ်။ သေချာပြီဆိုတာနဲ့ သတင်းထုတ်ပြန်ပေးမှာပါ"ဟု အသင်းမီဒီယာ တာဝန်ခံ ဦးဝင်းကိုကိုက ပြောဆိုသည်။
ထွက်ခွာမည်
မြန်မာယူ–-၁၈ အသင်း ယှဉ်ပြိုင်မည့် အာဆီယံယူ-–၁၈ ပြိုင်ပွဲကို သြဂုတ် ၆ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း သည် အုပ်စု(က)တွင် လာအို၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ တီမောအသင်းတို့နှင့်အတူ ကျရောက်လျက်ရှိသည်။ မြန်မာအသင်းသည် အဆိုပါပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် သြဂုတ် ၃ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲစဉ် အဖြစ် သြဂုတ် ၆ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် လာအိုအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သြဂုတ် ၈ ရက် ဒေသ စံတော်ချိန် ညနေ ၃ နာရီခွဲတွင် ဖိလစ်ပိုင် အသင်း၊ သြဂုတ် ၁၀ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် တီမော၊ သြဂုတ် ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ဘရူနိုင်း၊ သြဂုတ် ၁၄ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင် ရမည်ဖြစ်သည်။
ဗိုလ်စွဲခဲ့
မြန်မာယူ–၁၈ အသင်းကို နည်းပြချုပ် အဖြစ် ဦးစိုးမြတ်မင်းကတာဝ-န်ယူနေပြီး ပြိုင်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှုများကို ယခုနှစ်အစ ပိုင်းကတည်းက ပြုလုပ်လျက်ရှိသည်။ မြန်မာ ယူ-၁၈ အသင်းသည် ၂၀၁၉ ဧပြီလကကျင်းပ ခဲ့သည့်ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဗိုလ်စွဲခဲ့သည်။















