ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာမေးပွဲအောင်ပြီ မြန်မာ့အသည်းနှလုံးပုဂံ

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာမေးပွဲအောင်ပြီ မြန်မာ့အသည်းနှလုံးပုဂံ

လွန်ခဲ့သည့် မေလဆန်းက ပြင်သစ်နိုင်ငံ ပါရီမြို့နေ ကျွန်တော့်ဆရာမဒေါက်တာ ခင်မြ ကြူက ပါရီမြို့ ယူနက်စကို ဌာနချုပ်အစည်း အဝေးခန်းမကထွက်ပြီး ဝမ်းသာစရာ သတင်း ကောင်းတစ်ခုကို ဖုန်းဆက်ပြောပါသည်။ "ကို သန့် စင် အခုပဲအစည်းအဝေးခန်းထဲကထွက်ပြီး ပြောတာ၊ ပုဂံကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းထဲထည့်ဖို့ သဘောတူလိုက်ပြီ" တဲ့။ ဆရာမကြီးဒေါက်တာခင်မြကြူသည် ယူနက်စကို ဌာနချုပ်တွင် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ Coordinator တာဝန်ဖြင့် မြန်မာနိုင်ငံသို့ အခေါက် ခေါက်အခါခါလာပြီး ပုဂံ၊ မြောက်ဦး၊ သရေ ခေတ္တရာရှေးဟောင်းဒေသများသို့သွားရောက် ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးအတွက် ကြိုးစားခဲ့သူဖြစ်ပါသည်။

ယူနက်စကို အတွင်း ရေးမှူးချုပ်အပါအဝင် တာ-ဝန်ရှိသူများနှင့် လာ ရောက်ခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါ ဆရာမ ကြီးသည် ယူနက်စကိုအငြိမ်းစားလစာဖြင့် ယူနက်စကိုဌာနချုပ်အနီး ပါရီ (၅) ရပ်ကွက် ဘဂ်လမ်းတွင် နေထိုင်လျက်ရှိပြီး မြန်မာ့ယဉ် ကျေးမှုရေးရာအစည်းအဝေးများ ကျင်းပတိုင်း ဆရာမကြီးကို အမြဲဖိတ်ကြားပါသည်။

ထိုနေ့က ဆရာမကြီးထံက မင်္ဂလာဖုန်း သတင်းရပြီးသည်နှင့် နေပြည်တော်ရှေးဟောင်း သုတေသနဌာနညွှန်ကြားရေးမှူးချုပ် မိတ်ဆွေ ကြီးဦးကျော်ဦးလွင်ကို ဆက်သွယ်ပါသည်။ ညွှန်ကြားရေးမှူးချုပ်ကြီးက ခရီးသွားနေ၍ ပုဂံ တွင် အမြဲရုံးထိုင်လျက်ရှိသော ပုဂံမင်းကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင် သို့ ဖုန်းဆက်အကြောင်းကြားခဲ့ပါသည်။ ဦးသိန်း လွင်ကလည်း ဝမ်းသာအားရနှင့် "ဟုတ်လား ဆရာဝမ်းသာလိုက်တာ၊ ကျွန်တော်တို့လည်း သတင်းသဲ့သဲ့ကြားထားတယ်"တဲ့။

အရှေ့တောင်အာရှဒေသ၌ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ယဉ်ကျေးမှုအဆောက်အအုံ များ၊ သာသနိက အဆောက်အအုံများ၊ စေတီ ပုထိုး များရှိကြသည့်အနက် ကမ္ဘောဒီးယားနိုင်ငံ မှ အန်ကော-ဝပ်၊ အင်ဒိုနီးရှားနိုင်ငံမှ ဘောဓော ဗုဓော၊ ထိုင်းနိုင်ငံမှ အယုဒ္ဓယစသည့် အထင်ကရ ဒေသတို့မှာ ကမ္ဘာ့အမွေအနှစ်ယဉ်ကျေးမှု အမွေအနှစ်ကြီးများအဖြစ် ထင်ရှားလျက်ရှိ သည်မှာ ကြာပြီ။ ၉ ရာစုနှစ်က တည်ထားသည့်"ဘောဓောဗုဓော" မှာ ၁၉၉၁ ခုနှစ်ကလည်း ကောင်း၊ "အန်ကောဝပ်"မှာ ၁၉၉၂ ခုနှစ်က လည်းကောင်း၊ ထိုင်းနိုင်ငံအယုဒ္ဓယသည်လည်း ၁၉၉၁ ခုနှစ်ကလည်းကောင်း ကမ္ဘာ့ယဉ်ကျေး မှုအမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုထားခဲ့ပြီးဖြစ်သည်။ ဘောဓောဗုဓော၊ အန်ကောဝပ်၊ အယုဒ္ဓယ တို့ထက် မြင့်မားသော တန်ဖိုးရှိမြန်မာ့အသည်း နှလုံးပုဂံဒေသမှာ ထိုထိုဒေသများထက် စောစီးစွာ ရသင့်ပါလျက် မရခဲ့သည်မှာ အသည်းနာစရာ ကောင်းလှပါသည်။ ပုဂံသည် ယူနက်စကို၏အောင်လက်မှတ်ရသင့်သည်မှာ ကြာလှပါပြီ။ အချိန်စောစီးစွာမရခဲ့သည့် အကြောင်းကြောင်း တွေ များစွာရှိပါသည်။

ပြန်ပြောရလျှင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ရာကျပေရော့မည်။ အမှန်တိုင်းပြောရလျှင် ယဉ် ကျေးမှုဝန်ကြီးဌာနရောက် ယခင့်ယခင်အစိုးရ ယဉ်ကျေးမှုဝန်ကြီးဆိုသူ မိုးကျရွှေကိုယ်များ သည် မယဉ်ကျေးသူအချို့ပါသည်။ ပုဂံတွင် ဟိုတယ်ဆောက်ခွင့်ပေးဖို့ စိတ်ဝင်စားကြသည်။ အမှန်တော့ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ပို့ရမည့် ပုဂ္ဂိုလ်မျိုး ဖြစ်သည်။ ယခင့်ယခင်အစိုးရ လက်ထက်ဟိုတယ်အလုံးပေါင်း ၇၀ ကျော် ပုဂံရှေးဟောင်းဇုန်အတွင်းမှာ ဆောက်ခွင့်ပြု သွားကြသည်ဟု ပုဂံရောက်စဉ် ပုဂံချစ်သူဧည့် လမ်းညွှန်တစ်ဦးက ပြောပြသည်ကို ကြားခဲ့ရ ပါသည်။

ပုဂံရှေးဟောင်းနယ်မြေက ဘုရားပြိုဘုရား ပျက်များအား အားလုံးပြင်၊ အကျိုးအပဲ့တွေအကုန်လုံးစွန့်ရမည်။ ခရစ်ယာန်ဘုရားကျောင်း တွေတောင် ပျက်ရင်သူတို့ပြင်ကြတာပဲ။ ပုဂံ ဘုရားတွေလည်း ပြင်ပါဟု အကြီးအကဲကြီး တစ်ဦး ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီး ပေါ်က နှုတ်မိန့်ပေးစဉ် ရိုးရာပန်းပညာရှင်များ အစည်း အရုံး (ဗဟို) ဥက္ကဋ္ဌကြီးဦးသောင်းဟန် နှင့် ကျွန်တော်တို့ (လူကြီးလမ်းကြောင်းပါသွား စဉ်က) နားနှင့်ဆတ်ဆတ်ကြားခဲ့ရပါသည်။ ထိုစဉ်က ရှေးဟောင်းညွှန်ချုပ် ကျွန်တော့် သူငယ်ချင်းကြီး ဦးညွန့်ဟန် (ယခုယဉ်ကျေးမှု ရှေးဟောင်းဌာနအကြံပေး) က နဂိုကမှ စကား ပြောလျှင် ခေါင်းတညိတ်ညိတ်နှင့် နေတတ်သူက ဘုရားများကို အသစ်မပြင်ဘဲ အဟောင်းတိုင်း ထားဖို့ အတွန့်မတက်ရဲ။ (ယခင့်ယခင်ကလည်း အဟောင်းတန်ဖိုးကြီးပုံတွေ အကြိမ်ကြိမ် တင် ပြခဲ့ဖူးပြီး ဝန်ကြီးတွေလက်ခံလေ့မရှိသည်ကို အတွေ့အကြုံရှိဖူး၍) ဘာတစ်ခွန်းမှ ပြန်မ ပြောဘဲ ဟုတ်ကဲ့ပါ ခင်ဗျာ။ ဟုတ်ကဲ့ပါဟုသာ ကျွန်တော့်သူငယ်ချင်းကြီး လက်ကလေးနောက် ပစ်၍ ခေါင်းတညိတ်ညိတ်နှင့် အလေးပြုနေ သည်ကို ယခုတိုင်မြင်ယောင်နေမိပါသည်။

ထိုအချိန်မှစ၍ ကွမ်းတောင်တစ်ခြမ်းပဲ့နေ သော စူဠာမဏိစေတီ၊ တစ်ခြမ်းမကပဲ့နေသော ငကျွဲနားတောင်း၊ ပုဂံခေတ်က ဘုရားအချို့ မှာ ရွှေထီးတင်လေ့မရှိ၊ ကြစုသီးသဏ္ဌာန်လုံးလုံး ချွန်ချွန်လေးဟာ ရှေးပုဂံခေတ်က ထီးတော်ပါပဲ ဟု လည်း တင်ပြတာမရ။ အားလုံးရွှေထီးတွေ တင်ခဲ့ရသည်ဟု ဆိုပါသည်။ ဌာနပေါင်းစုံ၊ လူကြီးပေါင်းစုံက ကိုယ့်ဘုရားသူ့ဘုရားခွဲတမ်း ချပြီး ပြုပြင်လိုက်တာ အားလုံးပုဂံဘုရားတွေ အသစ်ဖြစ်ကုန်ပါသည်။ ဆရာဒေါက်တာ သန်း ထွန်းပြောသလို ရှေးဟောင်းပုဂံဘဝမှ လက်သစ် ပုဂံဘဝကို ရောက်ခဲ့ပါသည်။ ယူနက်စကိုက တာဝန်ရှိသူတွေ အဟောင်းတန်ဖိုးရှေးဟောင်း ယဉ်ကျေးမှုအမွေတွေ ဖျက်ပစ်သည့် ပုဂံကို စာမေးပွဲအောင်မှတ်မပေးခဲ့။

ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သူ၏ ကျေးဇူး တင်ဖွယ်ကောင်းသောလုပ်ရပ်တစ်ခုကို မှတ် တမ်းတင်လိုပါသည်။ ပုဂံဘုရားများ မပြုပြင်မီ ရှေးဟောင်းအနေအထားအတိုင်း ပုဂံဘုရား များကို မှတ်တမ်းတင်ရေးဆွဲထားရန် ထိုစဉ်က မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်း အရုံး(ဗဟို) ဥက္ကဋ္ဌ ဦးသောင်းဟန်နှင့် ကျွန်တော့် ကို ခေါ်၍(၃_၄)ပေအရွယ် မူလဘုရားပုံတော် များကို ဆီဆေးဖြင့် မှတ်တမ်းတင်ရေးဆွဲပေး ရန် တာဝန်ပေးပါသည်။ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးဗိုလ်ချုပ်ကြီး အောင်ရဲကျော်လက်ထက် က ငွေပေးချေရေးတာဝန်ပန်းချီကားတစ်ကား ကျပ် ၅၀çဝ၀ဝ ပေးစေပါသည်။ တစ်နိုင်ငံလုံး လက်ရာရှိသူ ပန်းချီဆရာများအစုအလိုက် ပုဂံ အောက်ဒိုးထွက်စေခဲ့ပါသည်။ မဲနှိုက်၍ မဲကျ သည့်ဘုရားများကို ရေးဆွဲစေခဲ့ပါသည်။ ပန်းချီ ကား စုစုပေါင်း ၇၅၀ ကျော်ရေးဆွဲခဲ့သည်ဟု မှတ်မိနေပါသည်။ အစည်းအရုံးနာယက ပန်းချီ ဆရာကြီးများက ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ မူလရှေးဟောင်းပန်းချီကားများကို ယခုပုဂံ ရှေးဟောင်းပြတိုက်သစ်ကြီး မြေအောက် ထပ်တွင် စုပုံထားကြောင်းသိ၍ ပန်းချီကားများ ပျက်စီးသွားနိုင်ကြောင်း ကျွန်တော် ဆောင်းပါး အကြိမ်ကြိမ်ရေးပြီး အကြံပြု၍ ယခုအခါ သံစင် တန်းတွေပေါ်၌ထားသည်ဟု သိရပါသည်။ ကျွန်တော်အကြံပြုမရတာတစ်ခုကတော့ တန်ဖိုးမသိသူ ယခင်အစိုးရလက်ထက်ဝန်ကြီး၊ ဝန်ကလေး၊ အရာရှိအချို့က ထိုအဖိုးတန်သမိုင်းဝင်ပုဂံဘုရားဟောင်းပန်းချီကားကြီး များကို ကြုံသလို လက်ဆောင်ယူပေးကြသည် ဆိုသောကိစ္စဖြစ်သည်။ ချိတ်ဆွဲစရာနေရာ မရှိ၍ရှေးမူအတိုင်း ပုဂံဘုရား(၃×၄)ပေ အရွယ် ဆီ ဆေးကား ၇၀ဝ ကျော်ကို ယခု မကြာမီဖွင့်လှစ် ရန် စီစဉ်နေသည့် အမျိုးသားပန်းချီချင်းချောင်း နန်းတော်ကြီးတွင် သို့မဟုတ် ပုဂံတွင် ပြတိုက် အသစ်တစ်ခုဆောက်၍ လက်ဟောင်းပုဂံပန်းချီ ပြတိုက်အဖြစ် ဆောက်လုပ်ဖွင့်လှစ်သင့်ပါ ကြောင်း စကားကြုံ၍ အကြံပြုတင်ပြခဲ့ပါသည်။ ယခုအခါ ပုဂံချစ်သူများအဖွဲ့က လက်သစ် ပုဂံကို ဆန္ဒပြစရာမလိုတော့ဟု ယူဆရသည်။ တကယ်တော့ ပုဂံချစ်သူတွေဆန္ဒမပြတာလည်း ကြာပြီ၊ အဘယ်ကြောင့်ဆိုသော် ဟိုတယ်၊ နန်း မြင့်မျှော်စင် ခရိုနီသူဌေးကြီးများက ပုဂံချစ်သူ အဖွဲ့ခေါင်းဆောင်အချို့အား ကားဝယ်ပေး၊တိုက် ဆောက်ပေးစသည့် လာဘ်များထိုးပြီး နှုတ်ပိတ် ထားခဲ့၍ ဖြစ်သည်ဟု ဖော်ပြပါဧည့်လမ်းညွှန် ကပင် ကျွန်တော့်ကို ပုဂံပွင့်မာလာ ထမင်းဆိုင်၌ လွန်ခဲ့သည့် နှစ်နှစ်ခန့်ကပြောပြဖူးပါသည်။

ယခု "အဇာဘိုင်ဂျန်}တွင် ကျင်းပသည့် ကမ္ဘာ့အမွေအနှစ်ရွေးချယ်အတည်ပြုအစည်း အဝေးတွင် အဖွဲ့ဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံပါဝင် သည်ဟု သိရပါသည်။ အဇာဘိုင်ဂျန်သို့ ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့မထွက်ခွာမီ ယူနက် စကိုဌာနချုပ်က သဘောတူပြီးဖြစ်သော်လည်း အဖွဲ့ဝင်နိုင်ငံ ၂၁ နိုင်ငံကိုယ်စားလှယ်များ သဘောတူညီမှုရအောင် သွားရောက်စည်းရုံး ရဦးမည်ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်က ကျွန်တော့်ကို ပြောသွား ပါသည်။ သည်တစ်ခါတော့ ရတော့မှာပါဗျာဟု ကိုသိန်းလွင်ကို ကျွန်တော်အားပေးစကားပါး လိုက်ပါသည်။ ဇွန် ၃၀ ရက်က (၄၃)ကြိမ်မြောက်ယူနက် စကို ကမ္ဘာ့အမွေအနှစ်ကော်မတီ (World Heritage Committee) အစည်းအဝေး ကျင်းပနေသော အဇာဘိုင်ဂျန်နိုင်ငံတွင် ဇူလိုင် ၆ ရက် ညနေက မင်္ဂလာသတင်းကောင်း ကြား ရသည်။ မြန်မာတိုင်းမ်အယ်ဒီတာချုပ် ဆရာ ရဲမြင့်ဖေက ပုဂံကိုယဉ်ကျေးမှုအမွေရပြီဖြစ်ကြောင်း ဖုန်းဆက်သတင်းပေးပါသည်။ ပုဂံကို ယူနက်စကိုစာရင်းမဝင်ရင် ပြန်မလာတော့ဘူး ဟု မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦး၏ ကြုံးဝါးသွားခဲ့သည်မှာ မှန်နေလေပြီ။ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး သူရဦး အောင်ကိုကလည်း သတင်းကောင်းကြားထား ရသည်ဟု ဆိုခဲ့တာသည်လည်း မှန်နေလေပြီ။ လွန်ခဲ့သည့်လဆန်းက ယူနက်စကိုဌာနချုပ်အစည်း အဝေးခန်းမထဲကထွက်ပြီး ပါရီကနေ ကျွန်တော့် ဆရာမ မင်္ဂလာသတင်းပေးခဲ့တာလည်း မှန်နေပြီ။

ပုဂံကိုချစ်သောမြန်မာနိုင်ငံသားအားလုံးနှင့်အင်န်အယ်လ်ဒီအစိုးရ၏အောင်ပွဲကြီးဖြစ်ပါ၏။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ခဲ့ ပြီဖြစ်သော မြန်မာ့အသည်းနှလုံး မဟာပုဂံကို ဝမ်း မြောက်ဂုဏ်ယူစွာဂုဏ်ပြုဆောင်းပါးရေး နေစဉ် ပြင်သစ်နိုင်ငံ ပါရီမြို့ ကျွန်တော့် ဆရာမ ဒေါက်တာခင်မြကြူက ဖုန်းဆက်ပါသည်။ ပါရီ စံတော်ချိန် နံနက် ၅ နာရီ (မြန်မာစံတော်ချိန် ၆-၇- ၂၀၁၉ နံနက် ၁၀ နာရီခန့်) ကတည်းက ဆက်နေတာမရလို့ အခုမှရတယ်။ အဇာဘိုင်ဂျန် အစည်းအဝေးက ဆုံးဖြတ်လိုက်ပြီ။ ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ပေးလိုက်ပြီ။ ပါရီမှာပူလွန်းလို့ နေမကောင်းဖြစ်ချင်နေတာ ပုဂံသတင်းကြားရတော့ လူတောင်နေကောင်း သွားတယ်တဲ့။ ဝမ်းပန်းတသာဖုန်းဆက်ပါသည်။ ကျွန်တော်တို့လည်း ယင်းမင်္ဂလာသတင်းကိုရလို့ ပျော်နေကြတယ်ဆရာမရေ။

မြန်မာ့အသည်းနှလုံးပုဂံကို ဂုဏ်ယူဝမ်း မြောက်စွာကြိုဆိုပါသည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021