တိုက်စစ်မှူးသန်းပိုင် ကြံ့ခိုင်မှုရာနှုန်းပြည့်မကောင်းသေးသော်လည်း ဂိုးလာဘ်ကောင်းသည့်အတွက် ပွဲထွက်စာရင်း၌ ဆက်လက်အသုံးပြုမည်

တိုက်စစ်မှူးသန်းပိုင် ကြံ့ခိုင်မှုရာနှုန်းပြည့်မကောင်းသေးသော်လည်း ဂိုးလာဘ်ကောင်းသည့်အတွက် ပွဲထွက်စာရင်း၌ ဆက်လက်အသုံးပြုမည်

ရတနာပုံအသင်းနှင့်ပွဲတွင် တစ်လုံးတည်း သောအနိုင်ဂိုးသွင်းယူခဲ့သည့် တိုက်စစ်မှူး သန်းပိုင်မှာ ကြံ့ခိုင်မှုရာနှုန်းပြည့်ကောင်း မွန်ခြင်းမရှိသေးသော်လည်း ဂိုးလာဘ်ကောင်း နေသည့်အတွက် အသင်းပွဲထွက်စာရင်း၌ ဆက်လက်အသုံးပြုနေဦးမည်ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်နည်းပြချုပ် ဦးတင်မောင် ထွန်းက ပွဲအပြီးသတင်းစာရှင်းလင်းပွဲ၌ ပြော ဆိုခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၆ ရက်က YUSC ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက် နှင့် ရတနာပုံအသင်းပွဲစဉ် ၆၅ မိနစ်တွင် နန်း ဝေမင်း၏ဖန်တီးပေးမှုကတစ်ဆင့် သန်းပိုင်က တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေး ခဲ့သည်။ သန်းပိုင်သည် ရန်ကုန်ယူနိုက်တက် ယာယီနည်းပြချုပ် ဦးတင်မောင်ထွန်းလက် ထက်တွင် ပုံမှန်ခြေစွမ်းပြလျက်ရှိပြီး ဒုတိယ အကျော့ ပွဲစဉ်သုံးပွဲယှဉ်ပြိင်ခဲ့ရာ သုံးဂိုးသွင်း ယူနိုင်ခဲ့သည်။ သန်းပိုင်သည် ရခိုင်ယူနိုက်တက် ကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရသောပွဲတွင် လေးဂိုးမြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဟံသာဝတီ ယူနိုက်တက်ကို အနိုင်ရသောပွဲစဉ်၌လည်း တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူခဲ့သည်။

ရာနှုန်းပြည့်မရ

"သန်းပိုင်က ရခိုင်အသင်းကို အနိုင်ရတဲ့ပွဲ မှာ နာသွားတယ်။ ခဏနားလိုက်ရတယ်။ ဒဏ်ရာက သက်သာခဲ့ပေမယ့် သူရဲ့ကြံ့ခိုင်မှုက ရာနှုန်းပြည့်မရသေးဘူး။ မိနစ် ၆၀ နောက် ပိုင်း ကစားအားကျလာတယ်။ ဒါကြောင့် ရတနာပုံနဲ့ပွဲမှာ လူစားလဲခဲ့တာပေါ့။ သန်းပိုင် က အဆုံးသတ်ပိုင်း အားနည်းသေးတော့ ဆက်ပြီးလေ့ကျင့်ပေးရဦးမှာပါ။ ကစားအား ကို ရာနှုန်းပြည့်မကြိုက်သေးပေမယ့် သုံးပွဲမှာ သုံးဂိုးသွင်းထားတဲ့အတွက် နောက်ပွဲတွေမှာသူ့ကိုဆက်သုံးမှာပါ"ဟု ဦးတင်မောင်ထွန်းက ပြောဆိုသည်။

ရှုံးပွဲမရှိ

ရန်ကုန်ယူနိုက်တက်သည် ဒုတိယအကျော့ ပွဲစဉ်လေးပွဲ ယှဉ်ပြိုင်ပြီးရာတွင် သုံးပွဲနိုင် တစ်ပွဲသရေဖြင့် ရှုံးပွဲမရှိသေးပေ။ အသင်းကို ရလဒ်ကောင်းများရအောင် စွမ်းဆောင်ထား နိုင်ခဲ့သည့် ဦးတင်မောင်ထွန်းကို နည်းပြချုပ် အဖြစ် တရားဝင်ခန့်အပ်ရန် အသင်းတာဝန် ရှိသူများက စီစဉ်နေကြောင်းလည်း သိရသည်။ ဦးတင်မောင်ထွန်းသည် နေရှင်နယ်လိဂ် ပြိုင်ပွဲမစမီ အပျော်တမ်းပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်(ယခင်အဲပုဂံ)မှာ ကတည်းက အသင်းနှင့်လက်တွဲလာခဲ့သူဖြစ် သည်။



ဖတ်ရှုမှုအများဆုံး