ဘရာဇီးလက်ရွေးစင်အသင်းသည် ဇူလိုင် ၈ ရက်က ၂၀၁၉ ကိုပါအမေရိက ဗိုလ်လုပွဲ အဖြစ် ပြိုင်ဘက်ပီရူးနှင့်ကစားခဲ့ရာ ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ချန်ပီယံဆုပိုင်ဆိုင် ခဲ့သည်။
၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲကို ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဗိုလ်လုပွဲ၌ မျှော်မှန်းထားသည်အတိုင်း ချန်ပီယံဆု ပြန်လည်ရရှိခဲ့သည်။ ဘရာဇီးနည်း ပြ တီတီသည် တိုက်စစ်တွင် ဖာမီနိုကိုအတောင် ထားခဲ့ပြီး ကွင်းလယ်တွင် ကော်တင်ဟို၊ ဂျီး ဆက်၊ အဲဗာတန်၊ အာသာနှင့် ကက်စမီရိုတို့ ကို အသုံးပြုခဲ့သည်။ ပီရူးသည် တိုက်စစ်တွင် ဂူရီယိုကို အားပြုကစားခဲ့ပြီး အဓိကကစား သမားများဖြင့် လူစုံခဲ့သည်။
ဘရာဇီးအသင်းသည် ပွဲချိန် ၁၅ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့ပြီး ဂျီးဆက် ညာခြမ်းမှဖြတ် တင်ပေးသည်ကို အဲဗာတန်က အပိုင်ပိတ်သွင်း ခဲ့သည်။ ပီရူးသည် ပွဲချိန် ၄၄ မိနစ်တွင် ချေပ ဂိုးပြန်ရခဲ့ပြီး ဂူရီယိုက ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။
မန်စီးတီးတိုက်စစ်မှူး ဂျီးဆက် သည် ဗိုလ်လုပွဲတွင် အကောင်းဆုံးခြေစွမ်းပြခဲ့ ပြီး ပထမပိုင်းပြီးလုချိန်တွင် ဒုတိယဂိုးသွင်းယူ ပေးခဲ့သည်။ ဂျီးဆက်သည် ခြေစွမ်းပြကစား နိုင်ခဲ့သော်လည်း ပွဲချိန် မိနစ် ၇၀ တွင် ပီရူး နောက်ခံလူ ဇမ်ဘရာနိုနှင့် ခေါင်းခုန်တိုက်စဉ် ကစားပုံကြမ်းခဲ့၍ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံ ခဲ့ရသည်။ အကြိတ်အနယ်ယှဉ်ပြိုင်ကစားရင်း ဘရာဇီးသည် ပွဲပြီးလုချိန်တွင် ပင်နယ်တီရခဲ့ ရာ ရစ်ချာလီဆန်က အမှားအယွင်းမရှိသွင်း ယူခဲ့၍ ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဘရာဇီးလက်ရွေးစင်အသင်းသည် ၂၀ဝ၇ ခုနှစ်နောက်ပိုင်း ကိုပါအမေရိကချန်ပီယံဆု ပြန်လည်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အသင်းသမိုင်း တစ်လျှောက် ချန်ပီယံကိုးကြိမ် ပိုင်ဆိုင်လာခဲ့ သည်။ ၂၀၁၉ ကိုပါ အမေရိကပြိုင်ပွဲ၏ အကောင်းဆုံးဆုများကို ဘရာဇီးကစားသမား များသာ ရရှိခဲ့သည်။ အကောင်းဆုံးကစား သမားဆုကို အဲလ်ဗက်စ်ရရှိခဲ့ပြီး အကောင်း ဆုံး ဂိုးသမားဆုကို အဲလစ်ဆန်ရရှိခဲ့သည်။ ဘရာဇီးသည် ချန်ပီယံဆုအပြင် ပြိုင်ပွဲ၏ အသန့်ရှင်းဆုံးအသင်းဆုကိုလည်း ရရှိခဲ့ သည်















