ဘာကာနှင့်သတင်းထွက်နေချိန် နေမာနှင့်ဂရစ်ဇ်မန်းလေ့ကျင့်ခန်းပျက်ကွက်

ဘာကာနှင့်သတင်းထွက်နေချိန် နေမာနှင့်ဂရစ်ဇ်မန်းလေ့ကျင့်ခန်းပျက်ကွက်

လာလီဂါချန်ပီယံ ဘာစီလိုနာအသင်း သို့ ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်နေ ချိန် ဘရာဇီးတိုက်စစ်မှူးနေမာနှင့် ပြင်သစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့သည် သက်ဆိုင် ရာအသင်းကိုယ်စီ၏ ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်တွင် ပါဝင်ခဲ့ခြင်းမရှိဘဲ ပျက်ကွက် ခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ် အရွယ် ဘရာဇီးတိုက်စစ်မှူးနေမာသည် ဇူလိုင် ၈ ရက်ကပြုလုပ်ခဲ့သော ပီအက်စ်ဂျီအသင်း ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်၌ ပါဝင်ရ မည်ဖြစ်သော်လည်း သတင်းပို့ခဲ့ခြင်းမရှိပေ။ ပီအက်စ်ဂျီသည် ၂ဝ၁၇ ခုနှစ်က နေမာအား ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် ခေါ်ယူ ခဲ့သည်။ နေမာသည် လက်ရှိအချိန်၌ ပီအက်စ် ဂျီအသင်းကို စွန့်ခွာပြီး အသင်းဟောင်း ဘာစီ လိုနာသို့ ပြန်သွားလိုနေသည်။

နေမာ၏လုပ်ရပ်မှာ ပီအက်စ်ဂျီအသင်း တာဝန်ရှိသူများအတွက် ဒေါသထွက်စရာ ဖြစ်ခဲ့ရသည်။ ပီအက်စ်ဂျီအသင်းက နေမာ လေ့ကျင့်ခန်းအစီအစဉ်ပျက်ကွက်ခဲ့သည်ကို အသင်းဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အရေးယူရန် အခြေ အနေရှိကြောင်းလည်း ရေးသားခဲ့သည်။

တိုက်စစ်မှူးနေမာ၏ ဖခင်ဖြစ်သူက ၄င်း၏သား လေ့ကျင့်ခန်းအစီအစဉ် အဘယ်ကြောင့် နောက်ကျရသည့်အကြောင်းကို ပီအက်စ်ဂျီ အသင်း သိရှိပါကြောင်း၊ လာမည့် ဇူလိုင် ၁၅ ရက်တွင် ပီအက်စ်ဂျီနှင့် ပူးပေါင်းမည်ဖြစ် ကြောင်း အသိပေးခဲ့သည်။ ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒိုက နေမာ အနေဖြင့် အသင်းပြောင်းလိုက ပြောင်းနိုင် ကြောင်း၊ လက်ရှိအချိန်တွင်မူ ဘရာဇီးတိုက်စစ် မှူးကို ခေါ်ယူရန်ကမ်းလှမ်းမှုမရသေးဟုဖွင့်ဟခဲ့သည်။

အက်သလက်တီကိုမှ ထွက်ခွာတော့မည့် တိုက်စစ်မှူး ဂရစ်ဇ်မန်းသည် အသင်း၏ရာသီ ကြိုလေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်ခဲ့ခြင်း မရှိပေ။ အက်သလက်တီကိုအသင်းတာဝန် ရှိသူများသည် လေ့ကျင့်ခန်းအစီအစဉ်ပျက် ကွက်ခဲ့သော ဂရစ်ဇ်မန်းကို ဒဏ်ရိုက်မည် ဖြစ်ကြောင်း စပိန်သတင်းများက ဖော်ပြခဲ့ သည်။



ဖတ်ရှုမှုအများဆုံး